Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်က စွန့်ပစ် လော်ရီကားကြီး တစ်စီးထဲမှာ ရွှေ့ပြောင်း အခြေချသူ အလောင်း ၅၀ နီးပါး ရှာတွေ့

ရီပတ်ဘလစ်ကန် ပါတီဝင် တစ်ဦးဖြစ်တဲ့ တက္ကဆက်စ် ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက် အက်ဘော့တ်က ဒီသေဆုံးမှုတွေဟာ ဒီမိုကရက် ပါတီဝင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ စနက် မကင်းဘူးလို့ စွပ်စွဲခဲ့ပါတယ်။ ဘိုင်ဒန်ရဲ့ မူဝါဒတွေကြောင့် နယ်ခြား စစ်ဆေးရေး အစီအမံတွေ လျော့ရဲသွားပြီး အခုလိုမျိုး သေဆုံးမှုတွေ ဖြစ်လာတာလို့ သူက ပြောပါတယ်။

အမေရိကန်က စွန့်ပစ် လော်ရီကားကြီး တစ်စီးထဲမှာ ရွှေ့ပြောင်း အခြေချသူ အလောင်း ၅၀ နီးပါး ရှာတွေ့
အမေရိကန်က စွန့်ပစ် လော်ရီကားကြီး တစ်စီးထဲမှာ ရွှေ့ပြောင်း အခြေချသူ အလောင်း ၅၀ နီးပါး ရှာတွေ့

စွန့်ပစ်ထားတဲ့ လော်ရီ ထရပ်ကားကြီး တစ်စီးထဲမှာ ရွှေ့ပြောင်း အခြေချသူ ၅၀ နီးပါး သေဆုံးနေတာ တွေ့ရှိခဲ့တဲ့နောက် အမေရိကန်နိုင်ငံ၊ တက္ကဆက်စ် ပြည်နယ် ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

တက္ကဆက်စ်က ဆန်အန်တိုနီယိုမြို့ ဆင်ခြေဖုံးမှာ စွန့်ပစ်ထားတဲ့ လော်ရီကားကြီး နောက်ခန်းထဲမှာ ရုပ်အလောင်း ၄၆ ခုထက်မနည်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး ကားထဲမှာ ပိတ်မိနေတဲ့ ကလေး ၄ ဦး အပါအဝင် လူ ၁၆ ယောက်ကိုလည်း ဆေးရုံ ပို့ပေးခဲ့ရကြောင်း မီးသတ်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

အသက်ရှင် ကျန်ရစ်သူတွေကလည်း အပူရှပ်ထားတဲ့ ဝေဒနာကို အတော်ကြီး ပြင်းပြင်းထန်ထန် ခံစားနေရတယ်လို့ ရဲတွေက ဆိုပါတယ်။ ဆန်အန်တိုနီယိုဟာ အမေရိကန်-မက္ကဆီကို နယ်စပ်နဲ့ မိုင် ၁၅၀ လောက်သာ ကွာဝေးပြီး လူမှောင်ခိုဂိုဏ်းတွေ အဓိက လှုပ်ရှားနေတဲ့ လမ်းကြောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။

လူမှောင်ခိုသမားတွေဟာ တရားမဝင် ရွှေ့ပြောင်း ခိုလှုံသူတွေကို လူသူ အရောက်အပေါက်နည်းတဲ့ နေရာတွေမှာ ချိန်းဆိုထားပြီးရင် အခုလိုမျိုး လော်ရီကားကြီးတွေပေါ် တင်ပြီး အမေရိကန်ဖက် ခိုးသွင်းလေ့ ရှိပါတယ်။ ဒါပေမဲ့ ချွတ်ချော်မှု တစ်ခုခုကြောင့်ဖြစ်ဖြစ်၊ အဖမ်းအဆီး ကြမ်းနေရင်ဖြစ်ဖြစ် ကားကြီးတွေကို တာဝန်မဲ့ စွန့်ပစ်သွားရာက အခုလိုမျိုး ကြေကွဲစရာ ဖြစ်ရပ်တွေလည်း ကြုံလာနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

သေသွားတဲ့ သူတွေမှာလည်း မိသားစုတွေ ရှိကြမှာဖြစ်ကြောင်း၊ ပိုပြီး ကောင်းမွန်တဲ့ ဘဝမျိုးကို မျှော်လင့်လို့ စွန့်စားကြရင်း ဒါမျိုး ကြုံခဲ့ရတာဟာ ချောက်ချားစရာ၊ ကြေကွဲစရာ ကောင်းလွန်းကြောင်း ဆန်အန်တိုနီယို မြို့တော်ဝန် ရွန်နီရန်းဘက်က ပြောပါတယ်။

လူ့အလောင်းတစ်ခု တွေ့ထားတယ်ဆိုတဲ့ သတင်းပေးပို့မှုကြောင့် တာဝန်ရှိသူတွေက လော်ရီကားကြီးကို လာစစ်ရင်း အလောင်းတွေ ပုံနေတာ တွေ့မှ အံ့ဩ တုန်လှုပ်ကုန်ကြတာပါ။ ယာဉ်မောင်း စွန့်ခွာသွားတဲ့အချိန် ကားကြီးက မောင်းလို့မရတဲ့ အခြေအနေမျိုး ချွတ်ယွင်းနေပြီး ကားထဲမှာ သောက်ရေလည်း လုံးဝ မရှိဘူးလို့ ဆိုပါတယ်။ ကားထဲက အခြေအနေကို သိသွားတော့မှ ရဲတွေ၊ မီးသတ်တွေ၊ လူနာတင်ယာဉ်တွေ တပြုံတမကြီး ထပ်ရောက်လာသလို ပတ်ဝန်းကျင် ဧရိယာကိုလည်း ပိတ်ဆို့ထားလိုက်ပါတယ်။

ရဲတွေက ဒီအမှုကို FBI အထူးထောက်လှမ်းရေး ဌာနဆီ လွှဲပြောင်းပေးထားကြောင်း ပြောကြားခဲ့ပြီး လူ ၃ ဦးကို ခေါ်ယူ စစ်ဆေးနေကြောင်း ပြောပါတယ်။ မက္ကဆီကို နိုင်ငံခြားရေး ဝန်ကြီး မာဆယ်လို အက်ဘရက်က ဆေးရုံ ရောက်နေသူတွေထဲမှာ ဂွာတီမာလာ နိုင်ငံသား ၂ ဦး ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။ တခြား ဆေးရုံ ရောက်နေသူတွေနဲ့ သေဆုံးသွားသူတွေက ဘယ်နိုင်ငံသားတွေလဲ ဆိုတာကို ဆက်လက် စိစစ်နေဆဲပါ။

ရီပတ်ဘလစ်ကန် ပါတီဝင် တစ်ဦးဖြစ်တဲ့ တက္ကဆက်စ် ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက် အက်ဘော့တ်က ဒီသေဆုံးမှုတွေဟာ ဒီမိုကရက် ပါတီဝင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ စနက် မကင်းဘူးလို့ စွပ်စွဲခဲ့ပါတယ်။ ဘိုင်ဒန်ရဲ့ မူဝါဒတွေကြောင့် နယ်ခြား စစ်ဆေးရေး အစီအမံတွေ လျော့ရဲသွားပြီး အခုလိုမျိုး သေဆုံးမှုတွေ ဖြစ်လာတာလို့ သူက ပြောပါတယ်။

ဆန်အန်တိုနီယိုရဲ့ ရာသီဥတုဟာ နွေရာသီမှာ အလွန်အကျွံ ပူပြင်းလေ့ ရှိပြီး အလောင်းတွေ ရှာတွေ့တဲ့ ဇွန်လ ၂၇ ရက်မှာ နေ့အပူချိန် ၃၉.၄ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ရဲ့ နည်းပညာမြင့် စစ်သုံးဒရုန်း တစ်စီးကို အောင်အောင်မြင်မြင် ပစ်ချနိုင်ခဲ့တယ်လို့ ယီမင်နိုင်ငံ အခြေစိုက် ဟိုသီ သူပုန်တပ်တွေက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာ ပြည်နယ်ထဲက စာသင်ကျောင်း တစ်ခုမှာ လူ ၄ ဦးကို ပစ်သတ်ခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ယောက်ကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို ရန်လို တိုက်ခိုက်ခဲ့မှုအတွက် ဟားမားစ် ပြောက်ကျားအဖွဲ့ ခေါင်းဆောင်သစ် ဖြစ်လာသူ ယာဟ်ယာ ဆင်ဝါကို အမေရိကန်က စွဲချက်တင်လိုက်ပါတယ်။

နိုင်ငံတကာ

တရားမဝင် နည်းလမ်းတွေနဲ့ ဝယ်ယူခဲ့တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုရဲ့ လေယာဉ်တစ်စီးကို အမေရိကန်က ကြားဖြတ် သိမ်းယူလိုက်ပါတယ်။

Trending

Facebook