Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် လွတ်လပ်ရေးနေ့ ချီတက်ပွဲမှာ ပစ်ခတ်မှု ကျူးလွန်ခဲ့သူကို ဖမ်းမိ

အီလီနွိုက်စ်မှာ ခရီမိုရဲ့ လက်ချက်ကြောင့် လူ ၆ ဦးသေပြီး နာရီပိုင်း အကြာမှာပဲ ဖီလာဒဲလ်ဖီးယားက လွတ်လပ်ရေးနေ့ မီးပန်းအလှ ပစ်ဖောက်တဲ့ အခမ်းအနား တစ်ခုမှာလည်း ပစ်ခတ်မှု ဖြစ်ခဲ့ပြန်တာကြောင့် လူ ၂ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။

အမေရိကန်က လွတ်လပ်ရေးနေ့ ချီတက်ပွဲ တစ်ခုမှာ ပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့ သံသယ တရားခံကို ရှာဖွေ ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

အမေရိကန် လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇူလိုင် ၄ ရက်မှာ အီလီနွိုက်စ် ပြည်နယ်က ဟိုက်လန်းပက်ခ် ချီတက်ပွဲကို သေနတ်သမား တစ်ဦးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပစ်ခတ်မှုကြောင့် လူ ၆ ဦး သေဆုံးခဲ့ပါတယ်။

နာရီပိုင်းလောက် ခြေရာခံ စုံစမ်းပြီးတဲ့နောက် အသက် ၂၂ နှစ်အရွယ် ရောဘတ် ခရီမိုကို ဖမ်းဆီးနိုင်ခဲ့ကြောင်း အီလီနွိုက်စ် ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ သူဟာ ချီတက်ပွဲ ကျင်းပရာ နေရာနားက အဆောက်အအုံ တစ်ခုရဲ့ အမိုးပေါ် တက်သွားပြီး အားပေး ကြည့်ရှုနေသူတွေကို ရမ်းသန်း ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ခရီမိုက အားပြင်းတဲ့ ရိုင်ဖယ် တစ်လက်ကို အသုံးပြုပြီး ရာဇဝတ်မှု ကျူးလွန်ခဲ့တာလို့ ရဲတွေက ပြောပါတယ်။

အခုဆိုရင် အမေရိကန်ဟာ ၂၀၂၂ ခုနှစ် တစ်နှစ်လုံးမှာ အစုလိုက် အပြုံလိုက် ပစ်ခတ်မှုတွေ မဖြစ်တဲ့ သီတင်းပတ်ဆိုတာ မရှိတော့လောက်တဲ့ အခြေအနေကို ရင်ဆိုင် ဖြတ်သန်းနေရပါတယ်။ အမေရိကန်မှာ လက်နက် ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး ဥပဒေတွေ ပိုမို တင်းကျပ်ပေးဖို့ တောင်းဆိုမှုတွေ ရှိနေပေမယ့်လည်း သိသာထင်ရှားတဲ့ တိုးတက်မှုတွေတော့ မတွေ့ရသေးပါဘူး။

Public Service Announcement

Public Service Announcement

အီလီနွိုက်စ်မှာ ခရီမိုရဲ့ လက်ချက်ကြောင့် လူ ၆ ဦးသေပြီး နာရီပိုင်း အကြာမှာပဲ ဖီလာဒဲလ်ဖီးယားက လွတ်လပ်ရေးနေ့ မီးပန်းအလှ ပစ်ဖောက်တဲ့ အခမ်းအနား တစ်ခုမှာလည်း ပစ်ခတ်မှု ဖြစ်ခဲ့ပြန်တာကြောင့် လူ ၂ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။

ခရီမို အနေနဲ့ ချီတက်ပွဲကို အားပေး ကြည့်ရှုနေတဲ့ လူစုလူဝေးကို ဘာကြောင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အမေရိကန်မှာ နှစ်စဉ် အစည်ကားဆုံး ပျော်ပွဲရွှင်ပွဲ နေ့တစ်နေ့ဟာ ခရီမိုကြောင့် အထိတ်တလန့်နဲ့ သွေးစွန်းတဲ့ အခြေအနေမျိုး ပြောင်းသွားခဲ့ကြောင်း ရဲစုံထောက်တွေက ပြောပါတယ်။

ရဲတွေက ပစ်ခတ်မှု ဖြစ်ပွားတဲ့ နေရာနားက ဆိုင်ခန်းတစ်ခု အပေါ်ထပ်မှာ ပြစ်မှုကျူးလွန်တဲ့ လက်နက်ကို သိမ်းဆည်း ရမိခဲ့ပါတယ်။ ခရီမို စတင် ပစ်ခတ်ချိန်မှာ တချို့က သေနတ်သံကို မီးရှူးမီးပန်း ဖောက်နေတယ်ထင်ပြီး ခပ်ပေါ့ပေါ့ ရှိနေခဲ့သေးတယ်လို့ မျက်မြင်တွေက ဆိုပါတယ်။ သေနတ်ထိမှန်လို့ ပွဲချင်းပြီး သေဆုံးသူ ၅ ဦးရှိခဲ့ပြီး နောက်တစ်ယောက်ကတော့ ဆေးရုံရောက်မှ ကွယ်လွန်သွားတာပါ။ အနည်းဆုံး လူ ၂ ဒါဇင်လောက်လည်း ဒဏ်ရာတွေ ရခဲ့ကြပါသေးတယ်။

အီလီနွိုက်စ် ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျေး ရောဘတ် ပရစ်ဇ်ကာက နောက်ဆိုရင် လူစုလူဝေးကို ပစ်ခတ်တဲ့ မှုခင်းတွေဟာ အမေရိကန်မှာ အစဉ်အလာလိုတောင် ဖြစ်သွားမှာ စိုးရိမ်ရတယ်လို့ သတိပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ နှစ်ပေါင်း ၃၀ လောက် ကာလအတွင်း အသိသာဆုံး လက်နက် ထိန်းချုပ်ရေးဆိုင်ရာ ဥပဒေ အပြောင်းအလဲတွေကို လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့ပါတယ်။

အဲဒီ ဥပဒေသစ်အရ ငယ်ရွယ်တဲ့ လက်နက် ဝယ်ယူသူတွေကို နောက်ကြောင်းရာဇဝင် စစ်ဆေးမှုတွေ ပိုမို တင်းကျပ်မှာဖြစ်ပြီး ပြည်နယ်အလိုက် အစိုးရ အဖွဲ့တွေ အနေနဲ့လည်း အန္တရာယ် ရှိတယ်လို့ ယူဆရသူတွေဆီက လက်နက်တွေ သိမ်းယူဖို့ တိုက်တွန်းသွားမှာပါ။ ဒါပေမဲ့ လက်နက် ထိန်းချုပ်ရေး တက်ကြွ တောင်းဆိုသူတွေကတော့ ဒီအပြောင်းအလဲလောက်နဲ့ မလုံလောက်နိုင်ဘူးလို့ ဝေဖန်ထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။