Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မူးယစ်ဆေးဝါး မှောင်ခိုသမား နှစ်ဦးကို စင်ကာပူ ကွပ်မျက်

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့နဲ့ တခြား သေဒဏ် ဆန့်ကျင်ရေး လှုပ်ရှားသူတွေက စင်ကာပူရဲ့ သေဒဏ် စီရင်ချက်ဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေကို ပြောင်ပြောင်တင်းတင်း မျက်ကွယ် ပြုလိုက်တာလို့ ဝေဖန်ပါတယ်။

မူးယစ်ဆေးဝါး မှောင်ခိုသမား နှစ်ဦးကို စင်ကာပူ ကွပ်မျက်
မူးယစ်ဆေးဝါး မှောင်ခိုသမား နှစ်ဦးကို စင်ကာပူ ကွပ်မျက်

ကန့်ကွက် ဝေဖန်မှုတွေ ရှိနေပေမယ့် စင်ကာပူ အစိုးရဟာ မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်သူ နှစ်ဦးကို ကြိုးပေး ကွပ်မျက်လိုက်ကြောင်း သိရပါတယ်။

ဇူလိုင် ၆ ရက် ကွပ်မျက်မှုကြောင့် အရှေ့တောင်အာရှ ဒေသက မြို့ပြ နိုင်ငံငယ်မှာ အခုနှစ်အတွင်း သေဒဏ်စီရင် ခံရသူ ၄ ဦးထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ စင်ကာပူ အစိုးရ အနေနဲ့ သေဒဏ် ချမှတ်မှုတွေကို စွန့်လွှတ်ဖို့ လူ့အခွင့်အရေး အဖွဲ့တွေက အရှိန်မြှင့် တောင်းဆိုနေချိန်မှာပဲ အခုလို နောက်ထပ် ၂ ယောက်ကို ကွပ်မျက်လိုက်တာပါ။

မလေးရှား နိုင်ငံသား ကယ်လ်ဝမ့်ဆင်းနဲ့ စင်ကာပူ နိုင်ငံသား နိုရာရှာရီဂူးစ်တို့ နှစ်ဦးရဲ့ နောက်ဆုံးလက်ကျန် ပိုင်ဆိုင်မှုတွေနဲ့ သေဆုံးကြောင်း အတည်ပြု လက်မှတ်တွေကို အကျဉ်း ဦးစီးဌာန အာဏာပိုင်တွေက မိသားစုဝင်တွေဆီ လက်လွှဲ ပေးအပ်ခဲ့ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့နဲ့ တခြား သေဒဏ် ဆန့်ကျင်ရေး လှုပ်ရှားသူတွေက စင်ကာပူရဲ့ သေဒဏ် စီရင်ချက်ဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေကို ပြောင်ပြောင်တင်းတင်း မျက်ကွယ် ပြုလိုက်တာလို့ ဝေဖန်ပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ရဲ့ စင်ကာပူ ဌာနခွဲက မကြာသေးခင် နှစ်ပိုင်းတွေအတွင်း မူးယစ်ဆေးဝါးမှုအတွက် သေဒဏ် စီရင်တဲ့ နိုင်ငံ ၄ ခုလောက်သာ ရှိခဲ့ပြီး စင်ကာပူလည်း ပါဝင်နေကြောင်း ပြောပါတယ်။ သေဒဏ် ဆိုတာက ပြဿနာတွေအတွက် မှန်ကန်တဲ့ ဖြေရှင်းမှု ဘယ်တုန်းကမှ မဟုတ်ခဲ့သလို အတိအလင်း ဆန့်ကျင် ကန့်ကွက်ရမှာ ဖြစ်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ရဲ့ ဒေသဆိုင်ရာ သုတေသနဌာန ဒုတိယ ဒါရိုက်တာ အမ်မာလင်ဂီလ်က ဆိုပါတယ်။

ဆင်းဟာ ၂၀၁၆ တုန်းက စင်ကာပူမှာ ဘိန်းဖြူ လက်ဝယ် တွေ့ရှိမှုနဲ့ အဖမ်းခံခဲ့ရတာဖြစ်ပြီး ၃ လအတွင်း ဒုတိယမြောက် ကွပ်မျက်ခံရတဲ့ မလေးရှား နိုင်ငံသား ဖြစ်လာပါတယ်။ စင်ကာပူမှာ မလေးရှား နိုင်ငံသား ၂ ဦး အပါအဝင် နောက်ထပ် ၄ ဦးကိုလည်း သေဒဏ် စီရင်ဖို့ အမိန့်ချထားပေမယ့် ဥပဒေကြောင်းအရ စိန်ခေါ်မှုတွေကြောင့် ပြစ်ဒဏ်ကို ဆိုင်းငံ့ထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် (PR) ရထားတဲ့ မြန်မာတစ်ဦးကို အကြမ်းဖက် အားပေးမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်မှာ ကျပ်သိန်း၄၀နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ရောင်းချနေကို ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မနဲ့ အမှုဖွင့်တရားစွဲ ဆိုထားတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ရဲတပ်ဖွဲ့(DLEPS)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်အနေနဲ့ မြန်မာ့အရေးမှာ ထင်သာမြင်သာရှိတဲ့တိုးတက်မှု ဖော်ဆောင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အလိုရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်က ပြောပါတယ်။