Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အာဏာရှင်ခေတ် သမိုင်းအကြောင်း စာအုပ်တွေ ဝယ်စုနေကြတဲ့ ဖိလစ်ပိုင် ပြည်သူတွေ

ဘွန်ဘွန်ဟာ သူ့ဖခင်ရဲ့ ဆိုးယုတ်မှုတွေကို မျက်ဝါးထင်ထင် မကြုံဖူးတဲ့ ခေတ်သစ် ဖိလစ်ပိုင် လူ့အဖွဲ့အစည်းကို ပစ်မှတ်ထား မဲဆွယ်ခဲ့ပြီး ရွေးကောက်ပွဲမှာ အောင်ပွဲ ခံနိုင်ခဲ့ပါတယ်။ လူလတ်ပိုင်းနဲ့ သက်ကြီးပိုင်းအရွယ် ဖိလစ်ပိုင်တွေကတော့ မားကို့စ် မျိုးဆက်တစ်ယောက် သမ္မတ ဖြစ်လာတာကို အကြီးအကျယ် စိတ်ပျက်နေကြပါတယ်။

အာဏာရှင်ခေတ် သမိုင်းအကြောင်း စာအုပ်တွေ ဝယ်စုနေကြတဲ့ ဖိလစ်ပိုင် ပြည်သူတွေ
အာဏာရှင်ခေတ် သမိုင်းအကြောင်း စာအုပ်တွေ ဝယ်စုနေကြတဲ့ ဖိလစ်ပိုင် ပြည်သူတွေ

ဖိလစ်ပိုင် နိုင်ငံသား တော်တော်များများဟာ ဖြစ်ရပ်မှန် သမိုင်းကြောင်းကို ထိန်းသိမ်းဖို့အတွက် အာဏာရှင် ဖာဒီနန် မားကို့စ်အကြောင်း စာအုပ်တွေကို လိုက်လံဝယ်ယူ သိမ်းဆည်းနေကြောင်း သိရပါတယ်။

ဖိလစ်ပိုင်ဟာ မားကို့စ် ကြီးစိုးခဲ့တဲ့ ၂၁ နှစ်တာ ကာလအတွင်း အကြီးအကျယ် ပျက်စီးနစ်နာမှုတွေ ကြုံခဲ့ရပါတယ်။ လူထု အုံကြွမှုကြီး ပေါ်ပေါက်လာပြီး ပြည်ပကို ထွက်မပြေးရခင် အတောအတွင်း မားကို့စ်ရဲ့ အစိုးရဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အဂတိ လိုက်စားမှုတွေနဲ့ အလွဲသုံးစားမှုတွေကို မြိန်ရည်ယှက်ရည် ကျူးလွန်ခဲ့ပါတယ်။

အခုတော့ မားကို့စ်ရဲ့ သားဖြစ်သူ ဖာဒီနန် မားကို့စ် ဂျူနီယာ (ဘွန်ဘွန်)က ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို ရလဒ်နဲ့ အနိုင်ရပြီး ဖိလစ်ပိုင် သမ္မတသစ် ဖြစ်လာခဲ့ပါပြီ။ သူဟာ မိဘတွေ ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ ပွင့်ပွင့်လင်းလင်း ဝန်ခံတာမျိုး၊ တောင်းပန်တာမျိုး မရှိခဲ့တဲ့အပြင် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတဲ့ နေ့မှာတောင် ဖခင်ဖြစ်သူကို ချီးကျူး အမွှန်းတင်သွားခဲ့ပါသေးတယ်။

ဘွန်ဘွန်ဟာ သူ့ဖခင်ရဲ့ ဆိုးယုတ်မှုတွေကို မျက်ဝါးထင်ထင် မကြုံဖူးတဲ့ ခေတ်သစ် ဖိလစ်ပိုင် လူ့အဖွဲ့အစည်းကို ပစ်မှတ်ထား မဲဆွယ်ခဲ့ပြီး ရွေးကောက်ပွဲမှာ အောင်ပွဲ ခံနိုင်ခဲ့ပါတယ်။ လူလတ်ပိုင်းနဲ့ သက်ကြီးပိုင်းအရွယ် ဖိလစ်ပိုင်တွေကတော့ မားကို့စ် မျိုးဆက်တစ်ယောက် သမ္မတ ဖြစ်လာတာကို အကြီးအကျယ် စိတ်ပျက်နေကြပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဘွန်ဘွန်က ရွေးကောက်ပွဲကြို မဲဆွယ်နေတဲ့ ကာလတွေမှာ ကတည်းက ဖိလစ်ပိုင်ရဲ့ ကျောင်းသုံး ပြဋ္ဌာန်း စာအုပ်တွေကို ပြင်ဆင် ပြောင်းလဲဖို့ ဆန္ဒရှိကြောင်း ထုတ်ပြောထားပါတယ်။ ဒါဟာ သူ့ဖခင်ရဲ့ အဂတိမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း သမိုင်းအမှန်တွေကို ဖုံးကွယ်ပစ်မယ့် ခြေလှမ်းမျိုးလို့ အတိုက်အခံတွေက စွပ်စွဲကြပါတယ်။

ဒီအခြေအနေတွေကြောင့် မားကို့စ် လက်ထက် ဖြတ်သန်းမှု သမိုင်းအမှန်တွေကို ကာကွယ်ဖို့အတွက် ပြည်သူတွေက အဲဒီခေတ်အကြောင်း မှတ်တမ်းတင် ရေးသားထားတဲ့ စာအုပ်တွေကို ဝယ်ယူ သိမ်းဆည်းနေကြတာ ဖြစ်ပါတယ်။ ဘွန်ဘွန်လက်ထက်မှာ ဒီလို စာအုပ်တွေ ထပ်ပြီး ထွက်လာဖို့တောင် မလွယ်လောက်ဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။

Marcos Martial Law: Never Again စာအုပ်ကို ရေးသားခဲ့သူ ဂျာနယ်လစ် ရိုင်ဆာ ရိုဘဲလ်စ်က အခုဆိုရင် သူ့စာအုပ်ကို ထပ်မံပုံနှိပ် ဖြန့်ဝေပြီး ရောင်းချပေးဖို့ ကမ္ဘာအနှံ့က တိုက်တွန်းမှုတွေနဲ့ အမှာစာတွေ အမြောက်အမြား ရရှိလာတယ်လို့ ဆိုပါတယ်။ မားကို့စ်က စစ်အုပ်ချုပ်ရေး စနစ်ကို အသက်သွင်းခဲ့တဲ့ ကာလအတွင်း ထိခိုက်ခဲ့ရသူတွေ အကြောင်းကို အဲဒီစာအုပ်မှာ အသေးစိတ် ဖော်ပြထားပါတယ်။

လူ့အခွင့်အရေး အဖွဲ့တွေက ၁၉၆၅ ခုနှစ်ကနေ ၁၉၈၆ ခုနှစ်အတွင်း မားကို့စ် ကြီးစိုးခဲ့ချိန်တွေမှာ ထောင်သောင်းချီ များပြားတဲ့ ပြည်သူတွေဟာ မတရား ဖမ်းဆီး ခံရတာ၊ နှိပ်စက်ခံရတာ၊ သတ်ဖြတ်ခံရတာတွေ ရှိခဲ့ကြောင်း ပြောပါတယ်။ မားကို့စ်ရဲ့ အစိုးရဟာ အတိုက်အခံ ဝေဖန်သူတွေကို ရက်ရက်စက်စက် ဖြိုခွင်းခဲ့တဲ့ အထောက်အထားတွေလည်း တပုံတပင် ရှိပါတယ်။ ပြည်ပကို တိမ်းရှောင်နေရင်း မားကို့စ် သေဆုံးသွားပြီး နောက်မှာလည်း သူနဲ့ ဇနီးဖြစ်သူ အင်မယ်လ်ဒါတို့ဟာ ပြည်သူပိုင် ငွေကြေး ဒေါ်လာ ၁၀ ဘီလီယံလောက်ကို အလွဲသုံးစား လုပ်ခဲ့ကြောင်း တရားရုံးက စစ်ဆေး အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့ မားကို့စ် မိသားစုကတော့ ဒီစွပ်စွဲချက်တွေကို ပြောင်ပြောင်တင်းတင်း ငြင်းဆိုခဲ့ပါတယ်။ ဘွန်ဘွန်ကတော့ ကမ္ဘာကြီး အနေနဲ့ သူ့မိသားစု နောက်ခံကို မကြည့်ဘဲ သူ့ရဲ့ လုပ်ရည်ကိုင်ရည်ကို ကြည့်ပြီးတော့သာ ဖိလစ်ပိုင် သမ္မတ နေရာနဲ့ ထိုက်တန် မတန် ဆုံးဖြတ်ကြဖို့ တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။

သတင်း

တိုက်ပွဲဖြစ်ပွားစဉ် တာမခန်ကို စစ်ကူလာသည့် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အဆိုပါ စစ်ကောင်စီတပ် ကိုလည်း KIAက ချေမှုန်းတိုက်ခိုက်ခဲ့သည်။