Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကလေးတွေမှာ မျောက်ကျောက် ကူးစက်မှုတွေ စတင်တွေ့ရှိကြောင်း အမေရိကန်ထုတ်ပြန်

WHOရဲ့ အရာရှိတွေဟာ မျောက်ကျောက် ရောဂါကို နိုင်ငံတကာ ကျန်းမာရေး ပြဿနာကြီး အဆင့်ထိ သတ်မှတ် ကြေညာဖို့ သင့်မသင့် ဆိုတာကို အကျေအလည် ဆွေးနွေးနေကြကြောင်းလည်း သိရပါတယ်။

ကလေးတွေမှာ မျောက်ကျောက် ကူးစက်မှုတွေ စတင်တွေ့ရှိကြောင်း အမေရိကန်ထုတ်ပြန်
ကလေးတွေမှာ မျောက်ကျောက် ကူးစက်မှုတွေ စတင်တွေ့ရှိကြောင်း အမေရိကန်ထုတ်ပြန်

ငယ်ရွယ်လွန်းတဲ့ ကလေးတွေမှာ မျောက်ကျောက်ရောဂါ ကူးစက်မှုတွေ ပထမဆုံးအကြိမ် အတည်ပြု တွေ့ရှိခဲ့ကြောင်း အမေရိကန် ကျန်းမာရေး အရာရှိတွေက ပြောကြားခဲ့ပါတယ်။

အမေရိကန် ရောဂါ တားဆီး ထိန်းချုပ်ရေးဌာန (CDC)က ဆက်နွှယ်မှု မရှိတဲ့ ကလေးငယ် ၂ ဦးမှာ မျောက်ကျောက် ရောဂါ ကူးစက်ထားကြောင်း ဆေးစစ် တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ပထမ ကလေးငယ်ဟာ ကယ်လီဖိုးနီးယားက လမ်းလျှောက်တတ်စ အရွယ်ဖြစ်ပြီး နောက်ထပ် တစ်ယောက်ကတော့ ဝါရှင်တန် ဒီစီကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံသား မဟုတ်တဲ့ မွေးကင်းစ ကလေးငယ်လို့ CDCက ပြောပါတယ်။

ပြီးတော့ ကလေးနှစ်ယောက်စလုံး ကျန်းမာရေး အခြေအနေ စိုးရိမ်စရာတော့ မရှိဘူးလို့ CDCရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အသက် ၈ နှစ်အောက် ကလေးတွေမှာ မျောက်ကျောက် ကူးစက်ရင် ရောဂါလက္ခဏာတွေ ပြင်းထန်မှာ စိုးရိမ်ရကြောင်း ပညာရှင်တွေက သတိပေးထားပါတယ်။

မျောက်ကျောက်ဟာ ကိုဗစ်လိုမျိုး ကပ်ရောဂါ အဆင့်ထိ မဟုတ်ပေမယ့် ကမ္ဘာ့နိုင်ငံ တော်တော်များများကို စတင် ပျံ့နှံ့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အမေရိကန်မှာတင် မျောက်ကျောက် လူနာပေါင်း ၂၅၀၀ ကျော်လောက် တွေ့ရှိထားပြီးပါပြီ။

Public Service Announcement

Public Service Announcement

ကျောက်ရောဂါ အနွယ်ဝင် ရောဂါတစ်ခုဖြစ်တဲ့ မျောက်ကျောက်ဟာ လူ့ခန္ဓာကိုယ်က ထွက်ရှိတဲ့ အရည်တွေကနေတဆင့် လူအချင်းချင်း အဓိက ကူးစက်ပါတယ်။ ဥရောပမှာ မျောက်ကျောက် ရောဂါ ကူးစက်မှု အစောပိုင်း ကာလတွေမှာ လူနာတွေဟာ အမျိုးသားချင်း လိင်ဆက်ဆံသူ အများစု ဖြစ်နေတာ တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ မျောက်ကျောက်ဟာ လိင်ကနေပဲ သီးသန့် ကူးစက်နိုင်တဲ့ ရောဂါမျိုးတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

ရောဂါ ဖြစ်တဲ့အခါ ခန္ဓာကိုယ်အနှံ့ အဖုအကျိတ်တွေ ထွက်ပေါ်လာပြီး အလွန်အမင်း ယားယံတာ၊ နာကျင်တာတွေ ခံစားရနိုင်ပါတယ်။ မျောက်ကျောက်ဟာ အရွယ်ရောက်ပြီးသူ အများစုမှာ အထူးတလည် ကုသဖို့၊ ဆေးရုံတင်ဖို့ မလိုဘဲ အချိန်တန်ရင် ပျောက်သွားနိုင်ပေမယ့် ကလေးတွေမှာ ဆိုရင်တော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ထိ ခြိမ်းခြောက်မှုမျိုး ရှိလာနိုင်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတိပေးထားပါတယ်။

WHOရဲ့ အရာရှိတွေဟာ မျောက်ကျောက် ရောဂါကို နိုင်ငံတကာ ကျန်းမာရေး ပြဿနာကြီး အဆင့်ထိ သတ်မှတ် ကြေညာဖို့ သင့်မသင့် ဆိုတာကို အကျေအလည် ဆွေးနွေးနေကြကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။