Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိမ်ဖြူတော်နား မိုးကြိုးပစ်၊ ၄ ဦး အပြင်းအထန် ဒဏ်ရာရ

ပန်းခြံက အိမ်ဖြူတော်နဲ့ အရမ်း နီးနီးကပ်ကပ် တည်ရှိနေတာကြောင့် မိုးကြိုးပစ်ချမှု ပြီးပြီးချင်း အရင်ဆုံး အပြေးအလွှား သွားရောက် ကူညီခဲ့သူတွေထဲမှာ သမ္မတရဲ့ လုံခြုံရေး အထူးအေးဂျင့်တွေလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။

အိမ်ဖြူတော်နား မိုးကြိုးပစ်၊ ၄ ဦး အပြင်းအထန် ဒဏ်ရာရ
အိမ်ဖြူတော်နား မိုးကြိုးပစ်၊ ၄ ဦး အပြင်းအထန် ဒဏ်ရာရ

အမေရိကန် သမ္မတ နေထိုင်ရာ အိမ်ဖြူတော်နားမှာ မိုးကြိုးပစ်ချလို့ လူ ၄ ဦး အပြင်းအထန် ဒဏ်ရာရသွားခဲ့ကြောင်း သိရပါတယ်။

ဩဂုတ် ၄ ရက်က ဝါရှင်တန်ဒီစီ မြို့တော်မှာရှိတဲ့ လာဖယက်တ် ပန်းခြံထဲကို မိုးကြိုးပစ်ချခဲ့တာ ဖြစ်ပါတယ်။ မိုးကြိုး ထိမှန် ခံရတဲ့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကို ဆေးရုံ တင်ပို့ထားပြီး အခြေအနေ စိုးရိမ်ရတယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက အတည်ပြုခဲ့ပါတယ်။

ပန်းခြံက အိမ်ဖြူတော်နဲ့ အရမ်း နီးနီးကပ်ကပ် တည်ရှိနေတာကြောင့် မိုးကြိုးပစ်ချမှု ပြီးပြီးချင်း အရင်ဆုံး အပြေးအလွှား သွားရောက် ကူညီခဲ့သူတွေထဲမှာ သမ္မတရဲ့ လုံခြုံရေး အထူးအေးဂျင့်တွေလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။

အိမ်ဖြူတော်ကို ပတ်ပတ်လည် ကာကွယ်ထားတဲ့ သံစည်းရိုး တစ်ခုနဲ့ သစ်ပင်တစ်ပင်ကို မိုးကြိုး ထိမှန်ခဲ့ပြီး အနီးကပ် ရှိနေသူ ၄ ဦးပါ ဒဏ်ရာ ရသွားခဲ့တာလို့ ဝါရှင်တန်ဒီစီ မီးသတ် တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒဏ်ရာရသူ အားလုံး အခြေအနေ ပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ မီးသတ်ဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မိုးကြိုး ထိမှန်ခံရသူတွေကို အခင်းဖြစ်ရာ နေရာမှာ အရေးပေါ် ကုသပေးပြီးတဲ့နောက် ဆေးရုံကို အလျင်အမြန် တင်ပို့ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒဏ်ရာရသူ ၄ ဦးဟာ အသိမိတ်ဆွေတွေလား၊ ပန်းခြံကို သီးခြားစီလာရင်း အဲဒီနေရာမှာ စုဆုံခဲ့တာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အမေရိကန် မိုးလေဝသ ဌာနက ဩဂုတ် ၄ ရက် ညနေပိုင်းလောက်မှာ ဝါရှင်တန်ဒီစီတဝိုက် မိုးကြိုးမုန်တိုင်းတွေ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။ လာဖယက်တ် ပန်းခြံဟာ ၇ ဧကလောက် ကျယ်ဝန်းပြီး အိမ်ဖြူတော် မြောက်ဖက်မှာ ကပ်လျက် တည်ရှိနေပါတယ်။ အများပြည်သူ အပန်းဖြေဖို့ ဖွင့်လှစ်ထားတဲ့ ပန်းခြံဟာ အထူးသဖြင့် နွေရာသီ ကာလတွေမှာ ပိုပြီး လူစည်ကားတတ်ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗင်နီဇွဲလား စက်လှေတစ်စီးကို တိုက်ခိုက်ပြီး အသက်ရှင်နေသူတွေကို အမေရိကန် ကာကွယ်ရေး ဝန်ကြီးက အပြတ်ရှင်းခိုင်းခဲ့ကြောင်း သတင်းတွေကို အိမ်ဖြူတော်က ငြင်းဆန်ခဲ့ပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ပစ်ခတ်ခံခဲ့ရတဲ့ အမေရိကန် စစ်မှုထမ်း နှစ်ဦးထဲက အသက် ၂၀ အရွယ် အမျိုးသမီးငယ် တစ်ဦးဟာ ဒဏ်ရာတွေကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအပြီး အမေရိကန် အစိုးရဟာ အာဖဂန် နစ္စတန် နိုင်ငံသားတွေရဲ့ ပြည်ဝင်ခွင့် လျှောက်ထားမှု မှန်သမျှကို ဆိုင်းငံ့ထားစေလိုက်ပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ပစ်ခတ်မှုတစ်ခု ဖြစ်ပွားပြီး အမေရိကန် လုံခြုံရေး တပ်ဖွဲ့ဝင်နှစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။