Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မွန်တီနီဂရိုးမှာ မိသားစု ရန်ပွဲက အစပြုတဲ့ ပစ်ခတ်မှုကြောင့် လူ ၁၁ ဦးထက်မနည်းသေ

ဆီတင်ဂျီဟာ မွန်တီနီဂရိုးရဲ့ အရင် ဘုရင်အုပ်စိုးစဉ် ခေတ်တုန်းက တော်ဝင်မြို့တော် ဖြစ်ခဲ့ဖူးပြီး လက်ရှိ မြို့တော်သစ် ပေါ့ဒ်ဂိုရီကာနဲ့ ၂၂ မိုင်လောက်အကွာ တောင်ကြားဧရိယာ တစ်ခုမှာ တည်ရှိနေပါတယ်။

မွန်တီနီဂရိုးမှာ မိသားစု ရန်ပွဲက အစပြုတဲ့ ပစ်ခတ်မှုကြောင့် လူ ၁၁ ဦးထက်မနည်းသေ
မွန်တီနီဂရိုးမှာ မိသားစု ရန်ပွဲက အစပြုတဲ့ ပစ်ခတ်မှုကြောင့် လူ ၁၁ ဦးထက်မနည်းသေ

မွန်တီနီဂရိုး နိုင်ငံမှာ မိသားစုဝင် အချင်းချင်း စကားများရာက ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဩဂုတ် ၁၂ ရက်က ဆီတင်ဂျီမြို့မှာ ဆိုးရွားတဲ့ ရမ်းကား ပစ်ခတ်မှုတစ်ခု ပေါ်ပေါက်ခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြုပါတယ်။ ဖြစ်စဉ်ဟာ မိသားစုချင်း စကားများရာက အစပြုခဲ့ပြီး သေနတ်သမားက သူ့မိသားစုဝင် ၃ ဦးကို ပစ်သတ်ခဲ့ပါတယ်။ အဲဒီနောက် အိမ်နားတဝိုက်က လမ်းသွားလမ်းလာတွေကိုပါ ရမ်းပစ်ပါတော့တယ်။

အသက် ၃၄ နှစ်အရွယ် သေနတ်သမားကို တခြား လက်နက်ကိုင် ပြည်သူတစ်ယောက်က ပစ်သတ်လိုက်မှပဲ ဒီအခြေအနေဆိုးကြီး အဆုံးသတ်သွားခဲ့ပါတယ်။ ရဲတွေက အခင်းဖြစ်တဲ့ အိမ်ထဲကို ဝင်ရောက် ရှာဖွေတဲ့အခါ သေနတ်သမားရဲ့ ဇနီးနဲ့ ကလေး ၂ ဦးကို သေဆုံးလျက်သား တွေ့ခဲ့ရပါတယ်။

မိသားစုဝင်တွေကို ပစ်သတ်ပြီးချိန်မှာ အဲဒီ အမျိုးသားဟာ အိမ်အပြင် ထွက်သွားပြီး နောက်ထပ် လမ်းသွားလမ်းလာ ၇ ဦးထက် မနည်းကိုပါ သတ်ဖြတ်ခဲ့ပြန်ပါတယ်။ နောက်ထပ် လူ ၆ ယောက်လောက်လည်း ဆေးရုံမှာ ကုသမှုတွေ ခံယူနေရပါတယ်။

Public Service Announcement

Public Service Announcement

ဝန်ကြီးချုပ် ဒရစ်တန် အက်ဘာဇိုဗစ်က ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝမ်းနည်းကြေကွဲမှု ကာလ ၃ ရက် သတ်မှတ်ကြောင်း ကြေညာပါတယ်။ သူက မဖြစ်သင့်ဘဲ သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူ အားလုံးရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကို ဖိတ်ခေါ်ပြီး တွေ့ဆုံ နှိမ်သိမ့်လိုတယ်လို့လည်း ဝန်ကြီးချုပ်က ဆိုပါတယ်။

ဆီတင်ဂျီဟာ မွန်တီနီဂရိုးရဲ့ အရင် ဘုရင်အုပ်စိုးစဉ် ခေတ်တုန်းက တော်ဝင်မြို့တော် ဖြစ်ခဲ့ဖူးပြီး လက်ရှိ မြို့တော်သစ် ပေါ့ဒ်ဂိုရီကာနဲ့ ၂၂ မိုင်လောက်အကွာ တောင်ကြားဧရိယာ တစ်ခုမှာ တည်ရှိနေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းက မူကြိုကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။