Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူလက်နက် သုံးရင် ကိုယ့်သေကျင်း ကိုယ်တူးသလို ဖြစ်လိမ့်မယ်လို့ မြောက်ကိုရီးယားကို တောင်ကိုရီးယား သတိပေး

ဥပဒေသစ်ကို အတည်ပြု ကြေညာချိန်တုန်းက မူဝါဒရေးရာ မိန့်ခွန်းထဲမှာ ကင်မ်က မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်တွေကို ဘယ်တော့မှ မစွန့်လွှတ်ဘူးလို့ အခိုင်အမာ ကြွေးကြော်သွားခဲ့ပါတယ်။

နျူလက်နက် သုံးရင် ကိုယ့်သေကျင်း ကိုယ်တူးသလို ဖြစ်လိမ့်မယ်လို့ မြောက်ကိုရီးယားကို တောင်ကိုရီးယား သတိပေး
နျူလက်နက် သုံးရင် ကိုယ့်သေကျင်း ကိုယ်တူးသလို ဖြစ်လိမ့်မယ်လို့ မြောက်ကိုရီးယားကို တောင်ကိုရီးယား သတိပေး

မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်တွေကို ဆုပ်ကိုင်ရင်း ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနေတာသာ ဖြစ်တယ်လို့ တောင်ကိုရီးယားက စွပ်စွဲလိုက်ပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက တကယ်လို့သာ မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား လက်နက်တွေကို လက်တွေ့ အသုံးပြု တိုက်ခိုက်ခဲ့မယ်ဆိုရင် ကိုယ့်ဒုက္ခကိုယ်ရှာပြီး ကိုယ့်သေကျင်း ကိုယ်တူးတဲ့ လမ်းကြောင်းပေါ် ရောက်သွားလိမ့်မယ်လို့ ဝေဖန်သွားပါတယ်။

အဓိပတိကြီး ကင်မ်ဂျုံအန်းသာ ပြည်ပ ပယောဂ တစ်ခုခုကြောင့် လုပ်ကြံ ခံခဲ့ရမယ်ဆိုရင် မြောက်ကိုရီးယား စစ်တပ်က နျူကလီးယား လက်နက်တွေ အသုံးပြုပြီး ချက်ချင်း လက်တုံ့ပြန် တိုက်ခိုက်ခွင့်ရှိတယ်ဆိုတဲ့ ဥပဒေသစ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ မြောက်ကိုရီးယားက ပြဋ္ဌာန်းလိုက်ပါတယ်။ တစ်နည်းအားဖြင့် မြောက်ကိုရီးယားက သူတို့ဟာ နျူကလီးယား လက်နက်ပိုင်တဲ့ နိုင်ငံတစ်ခုအဖြစ်လည်း တရားဝင် ကြေညာလိုက်တဲ့ သဘောပါပဲ။

စက်တင်ဘာ ၁၃ ရက်မှာတော့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ မွန်းဟွန်ဆွတ်ခ်က မြောက်ကိုရီးယားရဲ့ ဥပဒေသစ်အပေါ် အတိအလင်း ရှုတ်ချ ပြစ်တင်သွားခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က တင်းမာလေလေ၊ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်လေလေ ဖြစ်မှာကို နားလည်သင့်ကြောင်း၊ အကျိုးဆက် အနေနဲ့ မြောက်ကိုရီးယားသာ နျူကလီးယား လက်နက်တွေကို ဖက်တွယ်ရင်း ကမ္ဘာ့အလယ်မှာ အထီးကျန်သထက် ကျန်လာမှာ သေချာကြောင်း မွန်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဥပဒေသစ်ကို အတည်ပြု ကြေညာချိန်တုန်းက မူဝါဒရေးရာ မိန့်ခွန်းထဲမှာ ကင်မ်က မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်တွေကို ဘယ်တော့မှ မစွန့်လွှတ်ဘူးလို့ အခိုင်အမာ ကြွေးကြော်သွားခဲ့ပါတယ်။

အစောပိုင်းမှာ တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ခ်ယိုလ်က မြောက်ကိုရီးယားသာ နျူကလီးယား လက်နက်တွေကို စွန့်လွှတ်မယ်ဆိုရင် စီးပွားရေး အထောက်အပံ့ အမြောက်အမြား ပေးပို့ ကူညီမယ်လို့ ကမ်းလှမ်းခဲ့ပြီး ဒီစကားကို ကင်မ်က ပယ်ချသွားတဲ့ သဘောပါပဲ။ ကင်မ်ရဲ့ ညီမဖြစ်ပြီး နိုင်ငံရေး ဩဇာ ကြီးမားတဲ့ ကင်မ်ယိုဂျောင်ကလည်း မွန်းရဲ့ ကမ်းလှမ်းမှုဟာ ကလေးကလား ဆန်လွန်းတယ်လို့ ပြက်ရယ် ပြုခဲ့ပါသေးတယ်။

မြောက်ကိုရီးယားဟာ အခုနှစ်ထဲမှာ ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုတွေကို သိသိသာသာ အရှိန်မြှင့် လုပ်ဆောင်လာသလို နှစ်မကုန်ခင်မှာ နျူကလီးယားဗုံးတစ်လုံး စမ်းသပ် ဖောက်ခွဲဖွယ် ရှိနေကြောင်း ကောလာဟလတွေလည်း ထွက်ပေါ်နေပါတယ်။ အမေရိကန် အစိုးရကတော့ မြောက်ကိုရီးယားဖက်ကသာ ခြိမ်းခြောက်လာရင် မဟာမိတ် တောင်ကိုရီးယားရဲ့ လုံခြုံရေးအတွက် အစွမ်းကုန် ကာကွယ်ပေးသွားမှာ ဖြစ်တယ်လို့ သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။