Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နောက်တစ်ကြိမ် ရွေးကောက်ပွဲ ဝင်မဝင် မဆုံးဖြတ်ရသေးဘူးလို့ ဘိုင်ဒန် ဝန်ခံ

ပြိုင်ဘက် ရီပတ်ဘလစ်ကန် ပါတီမှာတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဘိုင်ဒန်ကို အရေးနိမ့်ပြီး သမ္မတရာထူး စွန့်လွှတ်ခဲ့ရတဲ့ ဒေါ်နယ်လ်ထရမ့်က ၂၀၂၄ ရွေးကောက်ပွဲမှာ ရလဒ် ပြန်ကောင်းဖို့ ပီပီပြင်ပြင် အားထုတ် ကြိုးစားမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နောက်တစ်ကြိမ် ရွေးကောက်ပွဲ ဝင်မဝင် မဆုံးဖြတ်ရသေးဘူးလို့ ဘိုင်ဒန် ဝန်ခံ
နောက်တစ်ကြိမ် ရွေးကောက်ပွဲ ဝင်မဝင် မဆုံးဖြတ်ရသေးဘူးလို့ ဘိုင်ဒန် ဝန်ခံ

သမ္မတရာထူး ဒုတိယ ၄ နှစ် သက်တမ်းအတွက် ရွေးကောက်ပွဲ ဆက်ဝင်မဝင် သေချာ မဆုံးဖြတ်ရသေးဘူးလို့ ဂျိုးဘိုင်ဒန်က ပြောကြားသွားပါတယ်။

အမေရိကန် သမ္မတဟာ CBS သတင်းဌာနနဲ့ အင်တာဗျူး အစီအစဉ်မှာ သူ့အနေနဲ့ ၂၀၂၄ ရွေးကောက်ပွဲမှာ နောက်တစ်ကြိမ် ဝင်နွှဲချင်သေးတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ တိတိကျကျ မဆုံးဖြတ်ရသေးသလို သူ့ရဲ့ လက်ရှိ သမ္မတ သက်တမ်းအလွန် အနာဂတ်နဲ့ ပတ်သက်လို့ ဘာကိုမှ အပ်ကျမတ်ကျ မပြောနိုင်သေးကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

CBSရဲ့ စကော့ပယ်လီက ဘိုင်ဒန် အနေနဲ့ ရွေးကောက်ပွဲ ပြန်ဝင်ဖို့ ရှိမရှိ၊ ဒါမှမဟုတ် အဲဒီကိစ္စနဲ့ ပတ်သက်လို့ တွေးတော ပြင်ဆင်ထားတာတွေ ရှိမရှိ မေးမြန်းခဲ့ပါတယ်။ ဘိုင်ဒန်က ဒီကိစ္စမျိုးကို ဆုံးဖြတ်ဖို့ ဆိုတာဟာ လောလောဆယ်မှာတော့ စောလွန်းနေသေးကြောင်း၊ သူဟာ သမ္မတ တစ်ဦး အနေနဲ့ ကိုယ့်တာဝန်ကိုယ် အကောင်းဆုံး ကျေပြွန်အောင် ထမ်းဆောင်ဖို့ကိုပဲ လတ်တလော အာရုံစိုက်ထားကြောင်း ဖြေကြားခဲ့ပါတယ်။

နောက်နှစ်လောက် ဆိုရင်တော့ အနာဂတ် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တွေးသင့်တာတွေ၊ ပြင်ဆင်သင့်တာတွေ ရှိလာလောက်မယ်လို့ ဘိုင်ဒန်က ယူဆနေပါတယ်။ သူ့သဘောအရ ဆိုရင်တော့ နောက်တစ်ကြိမ် ရွေးကောက်ပွဲဝင်ဖို့ ဆန္ဒရှိကြောင်း၊ ဒါကလည်း တစ်ဦးတည်း သဘောဆန္ဒသာ ဖြစ်ပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက်လို့တော့ မယူဆစေချင်သေးကြောင်း ဘိုင်ဒန်က ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဘိုင်ဒန်ဟာ မကြာခင် အသက် ၈၀ ပြည့်တော့မှာဖြစ်ပြီး သူ့ရဲ့ အသက်အရွယ်အရ နောက်ထပ် ၄ နှစ် သက်တမ်းအတွက် သင့်တော်မတော် ဆိုတာကို ဒီမိုကရက်တစ် ပါတီဝင်တွေကြား ဆွေးနွေးမှုတွေ ရှိနေပါတယ်။ သူဟာ အမေရိကန် သမိုင်းတလျှောက် ကျမ်းသစ္စာ ကျိန်ဆိုချိန်မှာ အသက်အကြီးဆုံး သမ္မတ အဖြစ်လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။

ပြိုင်ဘက် ရီပတ်ဘလစ်ကန် ပါတီမှာတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဘိုင်ဒန်ကို အရေးနိမ့်ပြီး သမ္မတရာထူး စွန့်လွှတ်ခဲ့ရတဲ့ ဒေါ်နယ်လ်ထရမ့်က ၂၀၂၄ ရွေးကောက်ပွဲမှာ ရလဒ် ပြန်ကောင်းဖို့ ပီပီပြင်ပြင် အားထုတ် ကြိုးစားမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။