Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် မိုးပျံပူဖောင်း ကိစ္စကြောင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ တရုတ် ခရီးစဉ်ကို ဆိုင်းငံ့

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က လက်တင် အမေရိက ဒေသမှာ ပျံဝဲနေတဲ့ နောက်ထပ် တရုတ် မိုးပျံပူဖောင်း တစ်လုံးရဲ့ လားရာကိုလည်း စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ၊ ဘယ်နိုင်ငံမှာ ရှိနေတာလဲ ဆိုတာကိုတော့ တိတိကျကျ မထုတ်ပြန်ပါဘူး။

တရုတ် မိုးပျံပူဖောင်း ကိစ္စကြောင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ တရုတ် ခရီးစဉ်ကို ဆိုင်းငံ့
တရုတ် မိုးပျံပူဖောင်း ကိစ္စကြောင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ တရုတ် ခရီးစဉ်ကို ဆိုင်းငံ့

အမေရိကန် လေပိုင်နက်ထဲမှာ တရုတ်ရဲ့ အငြင်းပွားစရာ မိုးပျံပူဖောင်းတစ်ခု ရောက်ရှိနေခဲ့တဲ့ ဖြစ်စဉ်ကို အကြောင်းပြုပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ တရုတ် ခရီးစဉ်ကို ဆိုင်းငံ့ထားလိုက်ပါတယ်။

အန်တိုနီ ဘလင်ကန်က ဖေဖော်ဝါရီ ၃ ရက်မှာ တရုတ်ကို သွားရောက်ဖို့ ရည်ရွယ်ထားတဲ့ ခရီးစဉ်ကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်လိုက်ကြောင်း အတည်ပြု ကြေညာခဲ့ပြီး တရုတ် မိုးပျံပူဖောင်းဟာ အမေရိကန် လေပိုင်နက်ကို ကျူးကျော် ဝင်ရောက်ခဲ့တဲ့ ကိစ္စက ဘယ်လိုမှ လက်ခံနိုင်စရာ မရှိကြောင်း ပြောကြားခဲ့ပါတယ်။

လေထဲထုမှာ အမြင့်ကြီးတက်ပြီး ပျံသန်းနေခဲ့တဲ့ အဖြူရောင် မိုးပျံပူဖောင်းမှာ အာရုံခံ စနစ်တွေ၊ ကင်မရာတွေနဲ့ ရေဒါတွေ တပ်ဆင်ထားပြီး လက်နက် တပ်ဆင်ထားတာမျိုးတော့ မရှိဘူးလို့ အမေရိကန်က အတည်ပြုပါတယ်။ အဲဒီ မိုးပျံပူဖောင်းကို အမေရိကန် အနောက်ပိုင်းက နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ထားရာ မွန်တာနာ ပြည်နယ်မှာ တွေ့ရှိခဲ့တဲ့နောက် အမေရိကန်က မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့ပါတယ်။

အဲဒီ မိုးပျံပူဖောင်းကို ပစ်ချခဲ့မယ်ဆိုရင် မြေပြင်ပေါ်မှာ ထိခိုက်မှုတွေ ရှိနိုင်တာကြောင့် အမေရိကန် စစ်တပ်က စောင့်ကြည့်နေဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။ လေနှင်ရာအတိုင်း ရွေ့လျားသွားတဲ့ မိုးပျံပူဖောင်းဟာ ပစ်ချဖို့ ခက်ခဲလောက်တဲ့ အမြင့်မှာ ရှိနေတဲ့အပြင် လမ်းကြောင်းပြောင်း ရှောင်တိမ်းနိုင်တဲ့ အစွမ်းမျိုးလည်း ရှိနေမယ်လို့ ယုံကြည်ရကြောင်း၊ ပြီးတော့ အမေရိကန် လေပိုင်နက်ထဲမှာ ရက်ပိုင်းလောက် ရှိနေဦးမယ်လို့ ယုံကြည်ရကြောင်း အမေရိကန် စစ်ဘက်က မှတ်ချက် ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်က အဲဒီအရာကို တရုတ်ရဲ့ သူလျှို မိုးပျံပူဖောင်းလို့ စွပ်စွဲပြီး တရုတ်ကတော့ မိုးလေဝသဆိုင်ရာ သုတေသန ရည်ရွယ်ချက်နဲ့ လွှတ်တင်ထားတဲ့ ဟီလီယမ် ဓာတ်ငွေ့သုံး မိုးပျံပူဖောင်းသာ ဖြစ်တယ်လို့ ပြောပါတယ်။ နောက်ပြီး မိုးပျံပူဖောင်း ကိစ္စကို အကြောင်းပြပြီး ခရီးစဉ် ဖျက်သိမ်းတဲ့ ဘလင်ကန်ရဲ့ ဆုံးဖြတ်ချက်ဟာ ပုံကြီးချဲ့မှု တစ်ခုလို့လည်း တရုတ်က ဝေဖန်ပါတယ်။

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က လက်တင် အမေရိက ဒေသမှာ ပျံဝဲနေတဲ့ နောက်ထပ် တရုတ် မိုးပျံပူဖောင်း တစ်လုံးရဲ့ လားရာကိုလည်း စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ၊ ဘယ်နိုင်ငံမှာ ရှိနေတာလဲ ဆိုတာကိုတော့ တိတိကျကျ မထုတ်ပြန်ပါဘူး။

တရုတ် အစိုးရကတော့ အရပ်ဖက် မိုးလေဝသ လေ့လာရေးနဲ့ သိပ္ပံဆိုင်ရာ ရည်ရွယ်ချက်တွေအတွက် လွှတ်တင်ထားတဲ့ မိုးပျံပူဖောင်းတစ်လုံး အမေရိကန် လေပိုင်နက်ထဲ မရည်ရွယ်ဘဲ လမ်းကြောင်းမှား ဝင်ရောက်သွားတဲ့ ဖြစ်စဉ်အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ပြောပါတယ်။

လောလောဆယ်မှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကန်က သူ့ရဲ့ ခရီးစဉ် ဆိုင်းငံ့မယ့် ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိဆီ အသိပေးထားခဲ့ကြောင်း ကြေညာပါတယ်။ သူက တရုတ်ကို ဘယ်အချိန် သွားရောက်မလဲ ဆိုတာကို အတိအကျ မဆုံးဖြတ်ရသေးဘူးလို့လည်း ဆိုတယ်။ ဒါပေမဲ့ အမေရိကန်ဟာ တရုတ်နဲ့ စေ့စပ် ညှိနှိုင်းရေးအတွက် ရည်မှန်းချက်ထား ပြင်ဆင်ထားဆဲ ဖြစ်သလို အခြေအနေတွေ သင့်တော်လာတဲ့ အချိန်မှာ တရုတ်ကို သွားရောက်မယ်လို့လည်း ဘလင်ကန်က မှတ်ချက် ပေးသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။