Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် လေယာဉ်တင်သင်္ဘောရဲ့ ခရီးစဉ် မတိုင်ခင် မြောက်ကိုရီးယားက ဒုံးကျည်တွေ ပစ်ခတ်ပြီး အင်အားပြ

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း တောင်ကိုရီးယားနဲ့ အမေရိကန် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ အမျိုးအစားစုံ ဒုံးကျည်တွေ ပစ်လွှတ်ပြခဲ့ပါသေးတယ်။

အမေရိကန် လေယာဉ်တင်သင်္ဘောရဲ့ ခရီးစဉ် မတိုင်ခင် မြောက်ကိုရီးယားက ဒုံးကျည်တွေ ပစ်ခတ်ပြီး အင်အားပြ
အမေရိကန် လေယာဉ်တင်သင်္ဘောရဲ့ ခရီးစဉ် မတိုင်ခင် မြောက်ကိုရီးယားက ဒုံးကျည်တွေ ပစ်ခတ်ပြီး အင်အားပြ

ကိုရီးယား ကျွန်းဆွယ်ကို အမေရိကန် လေယာဉ်တင်သင်္ဘော ရောက်ရှိလာမယ့် အချိန်မှာ မြောက်ကိုရီးယားက တာတိုပစ် ပဲ့ထိန်း ဒုံးကျည်နှစ်စင်း ပစ်ခတ်ပြခဲ့ပါတယ်။

မတ် ၂၇ ရက် မနက်ပိုင်းက မြောက်ကိုရီးယားရဲ့ ဟွမ်ဟေး ဒေသကနေ ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တာဖြစ်ပြီး ကီလိုမီတာ ၃၇၀ လောက် အကွာက ဂျပန် ပင်လယ်ပြင်ထဲ ကျရောက်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဘက်က ပြောပါတယ်။ ဂျပန်ကလည်း ဒုံးကျည် နှစ်စင်းလုံးဟာ နိုင်ငံရဲ့ ရေပိုင်နက် ပြင်ပက အထူးစီးပွားရေးဇုန် သတ်မှတ်ထားတဲ့ ရေပြင်မှာ ကျရောက်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုကို တောင်ကိုရီးယားရော၊ ဂျပန်ကပါ အသီးသီး ကန့်ကွက်ကြောင်း ကြေညာခဲ့ကြပါတယ်။

အမေရိကန် ရေတပ်ရဲ့ USS Nimitz လေယာဉ်တင် သင်္ဘောကြီး ဦးဆောင်တဲ့ မဟာဗျူဟာ တိုက်ရေယာဉ် အုပ်စုက မတ် ၂၈ ရက်မှာ တောင်ကိုရီးယားရဲ့ ဘူဆန်မြို့ ဆိပ်ကမ်းကို ဆိုက်ကပ်မှာဖြစ်ပြီး အဲဒီ မတိုင်ခင် မြောက်ကိုရီးယားက ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း တောင်ကိုရီးယားနဲ့ အမေရိကန် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ အမျိုးအစားစုံ ဒုံးကျည်တွေ ပစ်လွှတ်ပြခဲ့ပါသေးတယ်။

အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ် စစ်ရေး ဦးစီးဌာနကတော့ မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုတွေဟာ ဒေသတွင်းက အမေရိကန် စစ်သည်တွေနဲ့ မဟာမိတ်တွေကို တိုက်ရိုက် ခြိမ်းခြောက်တဲ့ အခြေအနေ မရှိသေးပေမယ့် ဒေသ တည်ငြိမ်ရေးကို ထိခိုက်စေကြောင်း ဝေဖန် မှတ်ချက် ပေးခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကလည်း နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တယ်ဆိုတဲ့ ရေအောက် ဒရုန်းလက်နက် တစ်မျိုးကို စမ်းသပ်ခဲ့ပါတယ်။ အဲဒီ လက်နက် ဖောက်ခွဲလိုက်ရင် ရန်သူနိုင်ငံတွေရဲ့ ကမ်းရိုးတန်းတွေကို ရေဒီယို သတ္တိကြွ ဒီရေလှိုင်းတွေ ဖုံးလွှမ်းသွားအောင် တိုက်ခိုက်နိုင်တယ်လို့ မြောက်ကိုရီးယားက ကြွေးကြော်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။