Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ငါးပူတင်းသား စားမိရာက အဆိပ်မိလို့ မလေးရှား သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ဦး သေဆုံး

ငါးပူတင်း အဆိပ်သင့်ရာက လူနာနှစ်ဦးစလုံးဟာ အသက်ရှူ လမ်းကြောင်းနဲ့ နှလုံး ထိခိုက် ပျက်စီးမှုတွေ သက်ရောက် ခံစားခဲ့ရကြောင်း ဆေးရုံရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ငါးပူတင်းသား စားမိရာက အဆိပ်မိလို့ မလေးရှား သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ဦး သေဆုံး
ငါးပူတင်းသား စားမိရာက အဆိပ်မိလို့ မလေးရှား သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ဦး သေဆုံး

မလေးရှား နိုင်ငံမှာ ငါးပူတင်း စားမိရာက သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ဦး ရက်ပိုင်းလောက်ခြားပြီး သေဆုံးကုန်ကြောင်း သိရပါတယ်။

ဂျိုဟော် ဒေသမှာ နေထိုင်တဲ့ အသက် ၈၄ နှစ်အရွယ် အဖိုးအို တစ်ဦးဟာ ဧပြီ ၈ ရက်က အစာအဆိပ်သင့်ပြီး ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြကြပါတယ်။ သူ့ရဲ့ အသက် ၈၃ နှစ်အရွယ် ဇနီးဟာလည်း သူနဲ့အတူ ငါးပူတင်း စားမိရာက မတ်လ ၂၅ ရက်မှာ အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။

ဂျိုဟော်မှာရှိတဲ့ ကလူအန် ဧရိယာမှာ နေထိုင်ကြတဲ့ ဇနီးမောင်နှံဟာ Facebookပေါ်က အွန်လိုင်း စျေးသည် တစ်ယောက်ဆီကနေ ငါးပူတင်းတွေကို မှာယူ စားသောက်ခဲ့ပြီး အစာအဆိပ် သင့်ခဲ့တာပါ။

အဲဒီနောက် အဖွားအိုက အရင်ဆုံး ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ဇနီးကွယ်လွန်ပြီး လဝက်လောက် အကြာမှာ အဖိုးအိုလည်း သေဆုံးသွားခဲ့ပါတယ်။ ဆေးရုံက ဆရာဝန်တွေကတော့ သေမှုသေခင်း အကြောင်းရင်းဟာ ငါးပူတင်းကြောင့် အစာအဆိပ်သင့်ခဲ့တာလို့ အတည်ပြုသွားပါတယ်။

Public Service Announcement

Public Service Announcement

ငါးပူတင်း အဆိပ်သင့်ရာက လူနာနှစ်ဦးစလုံးဟာ အသက်ရှူ လမ်းကြောင်းနဲ့ နှလုံး ထိခိုက် ပျက်စီးမှုတွေ သက်ရောက် ခံစားခဲ့ရကြောင်း ဆေးရုံရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီဖြစ်စဉ်ကို အကြောင်းပြုပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေက ငါးရောင်းချသူတွေ အနေနဲ့ ငါးပူတင်း အသားတွေ ထည့်သွင်း ရောင်းချမှုကို ရှောင်ရှားကြဖို့ နှိုးဆော် အသိပေးထားပါတယ်။ ပြီးတော့ ပြည်သူတွေကလည်း ငါးပူတင်းတွေကို အရဲစွန့်ပြီး စားသောက်တာမျိုး မလုပ်ကြဖို့ ဆော်ဩ တိုက်တွန်းထားပါတယ်။

ငါးပူတင်းမှာ လူကို သေစေလောက်တဲ့ထိ ပြင်းထန်တဲ့ အဆိပ်မျိုး ထုတ်လွှတ်နိုင်စွမ်း ရှိတာကြောင့် စနစ်တကျ သန့်စင်ဖယ်ရှားထားတာ မဟုတ်တဲ့ အသားမျိုးကို စားမိရင် ဥပါဒ် ဖြစ်စေနိုင်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ ငယ်စဥ်က ပညာသင်ခဲ့တဲ့မလေးရှားနိုင်ငံက ချင်းဒုက္ခသည်များဆိုင်ရာ လူထုအခြေပြုကျောင်း (Chin Community Schools) ကို ၁၃ နှစ်အကြာ သွားရောက်လည်ပတ်ခဲ့ပါတယ်။

သတင်း

Chin Refugee Committee ရဲ့ ၂၅ နှစ်ပြည့်ပွဲမှာ ဖျော်ဖြေတင်ဆက်ပေးမယ့် အဆိုတော် ဖြူဖြူကျော်သိန်းက မလေးရှားနိုင်ငံကို မေ ၂၄ ရက်မှာ ရောက်ရှိလာပါပြီ။

သတင်း

စစ်အာဏာသိမ်းမှုကြောင့် သံတမန်ဆက်ဆံရေး ဖယ်ကြဥ်ခံရအပြီး ငါးနှစ်အကြာမှာ မလေးရှားအစိုးရနဲ့ နေပြည်တော်တို့အကြား ဆက်ဆံရေးတွေ ပြန်လည်ကောင်းမွန်လာဖို့ လုပ်ဆောင်နေကြပြီလို့ မလေးရှားအစိုးရပိုင် Bernama က ဖော်ပြပါတယ်။