Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပျံတက်ပြီး မကြာခင် အင်ဂျင်မီးလောင်မှု ကြုံခဲ့ပေမယ့် ခရီးရှည် ဆက်လက် ပျံသန်းခဲ့တဲ့ Flydubai လေယာဉ်

ဧပြီ ၂၄ ရက်က လူပေါင်း ၁၆၀ ကျော် လိုက်ပါသွားတဲ့ Flydubai ခရီးသည်တင် လေယာဉ်ဟာ နီပေါနိုင်ငံ၊ ခတ္တမန္ဒူ မြို့တော်ကနေ ယူအေအီးနိုင်ငံရဲ့ ဒူဘိုင်းမြို့ဆီ ဦးတည် ပျံသန်းခဲ့ပါတယ်။ လေယာဉ်ဟာ ပျံတက်ပြီး မကြာခင်မှာပဲ ငှက်တစ်ကောင်က အင်ဂျင်ထဲ ဝင်သွားရာက မီးလောင်မှု ဖြစ်ခဲ့ပါတယ်။

ပျံတက်ပြီး မကြာခင် အင်ဂျင်မီးလောင်မှု ကြုံခဲ့ပေမယ့် ခရီးရှည် ဆက်လက် ပျံသန်းခဲ့တဲ့ Flydubai လေယာဉ်
ပျံတက်ပြီး မကြာခင် အင်ဂျင်မီးလောင်မှု ကြုံခဲ့ပေမယ့် ခရီးရှည် ဆက်လက် ပျံသန်းခဲ့တဲ့ Flydubai လေယာဉ်

စပြီး ပျံတက်တဲ့အချိန် အင်ဂျင်မှာ အနည်းအကျဉ်း မီးလောင်မှု ဖြစ်ခဲ့ပေမယ့် Flydubaiရဲ့ ခရီးသည်တင် လေယာဉ်တစ်စီးဟာ နောက်ကြောင်း ပြန်မလှည့်ဘဲ ခရီးရှည် ဆက်လက် ပျံသန်းခဲ့ကြောင်း သိရပါတယ်။

ဧပြီ ၂၄ ရက်က လူပေါင်း ၁၆၀ ကျော် လိုက်ပါသွားတဲ့ Flydubai ခရီးသည်တင် လေယာဉ်ဟာ နီပေါနိုင်ငံ၊ ခတ္တမန္ဒူ မြို့တော်ကနေ ယူအေအီးနိုင်ငံရဲ့ ဒူဘိုင်းမြို့ဆီ ဦးတည် ပျံသန်းခဲ့ပါတယ်။ လေယာဉ်ဟာ ပျံတက်ပြီး မကြာခင်မှာပဲ ငှက်တစ်ကောင်က အင်ဂျင်ထဲ ဝင်သွားရာက မီးလောင်မှု ဖြစ်ခဲ့ပါတယ်။

မြေပြင်ကနေ လှမ်းကြည့်နေသူတွေ ကိုယ်တိုင်ကလည်း လေယာဉ်မှာ မီးလောင်မှု ဖြစ်နေခဲ့တာကို လှမ်းမြင်ခဲ့ရပါတယ်။ ဒါပေမဲ့ လေယာဉ်မှူးတွေက မီးလောင်မှုဟာ ခဏပဲ ကြာခဲ့သလို အင်ဂျင်ကလည်း ပုံမှန်အတိုင်း အလုပ်လုပ်နေတယ်လို့ ဆုံးဖြတ်ခဲ့တဲ့နောက် နောက်ကြောင်း ပြန်မလှည့်တော့ဘဲ ဒူဘိုင်းထိ ဆက်လက် ပျံသန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လေယာဉ်ဟာ ဒူဘိုင်းကို ပုံမှန်အတိုင်း ဆင်းသက်နိုင်ခဲ့ပြီး နောက်ဆက်တွဲ စစ်ဆေးမှုတွေ စတင် လုပ်ဆောင်နေပြီလို့ Flydubaiက ဆိုပါတယ်။ ကုမ္ပဏီက လေယာဉ်မှူးတွေရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ သတ်မှတ် စံနှုန်းတွေနဲ့ ကိုက်ညီပြီး လေယာဉ် အင်ဂျင်က ပုံမှန် အခြေအနေအတိုင်း ရှိနေတဲ့အတွက် ခရီးရှည် ဆက်လက် ပျံသန်းခဲ့တာလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

Boeing 737-800 အမျိုးအစား လေယာဉ်မှာ စီးနင်းလိုက်ပါသွားသူ ၁၆၇ ဦး ရှိခဲ့တယ်လို့ နီပေါ လေကြောင်း ထိန်းသိမ်းရေး ဌာနက ပြောပါတယ်။ လေယာဉ်အင်ဂျင် မီးလောင်တာကို လေယာဉ်မှူးက လှမ်းဆက်သွယ် အတည်ပြုခဲ့တဲ့နောက် အရေးပေါ် ဆင်းသက်ဖို့အတွက် ခတ္တမန္ဒူ လေဆိပ်ကို ယာယီ ပိတ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ လေယာဉ်မှူးက ဒူဘိုင်းထိ ဆက်ပျံသန်းဖို့ ဆုံးဖြတ်လိုက်ကြောင်း မြေပြင်က လေကြောင်းထိန်းသိမ်းရေး မျှော်စင်ဆီ အသိပေးခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ လေတပ်ရဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီး ပြေးလမ်းချော်ရာက မီးလောင်မှုကြောင့် လေတပ်သား ၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိုမီနီကန် နိုင်ငံမှာ လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ရင်း မီးလောင်ပေါက်ကွဲရာက လေယာဉ်မှူးနှစ်ဦး သေဆုံးသွားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေတပ်ရဲ့ ဝေဟင်မှာ ဆီဖြည့်တဲ့ လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ အပူတပြင်း စတင်နေကြောင်း အမေရိကန် စစ်ရေးဗဟို ကွပ်ကဲမှုဌာန (CENTCOM)က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ၏လေယာဥ်အသုံးပြုမှုများကို သတင်းပေးပို့ကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုစစ်ဦးစီးချုပ်မာဝီက တိုက် တွန်းသည်။