Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် အချိန်မရွေး စတင်လာနိုင်ဖွယ် ရှိလာနိုင်တယ်လို့ဆို

စစ်ဆင်ရေး အကောင်အထည် ဖော်မှုတွေက တရိပ်ရိပ် အရှိန်တက်လာနေကြောင်း၊ ဒါပေမဲ့လည်း အချိန်တော့ အကြာကြီး ယူရမှာဖြစ်ကြောင်းလည်း ပိုဒိုလ်ယက်ခ်က မှတ်ချက် ပေးသွားပါတယ်။

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် အချိန်မရွေး စတင်လာနိုင်ဖွယ် ရှိလာနိုင်တယ်လို့ဆို
ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် အချိန်မရွေး စတင်လာနိုင်ဖွယ် ရှိလာနိုင်တယ်လို့ဆို

ကျူးကျော်သူ ရုရှားတပ်တွေကို တွန်းလှန်တိုက်ခိုက်မယ့် တန်ပြန်ထိုးစစ် အစီအမံဟာ အချိန်မရွေး အကောင်အထည် ပေါ်လာနိုင်တယ်လို့ ယူကရိန်း သမ္မတရဲ့ အနီးကပ် အကြံပေး တစ်ဦးက ပြောကြားခဲ့ပါတယ်။

ယူကရိန်းဟာ ရုရှား ထိန်းချုပ်ထားရာ နိုင်ငံပိုင်နက် နယ်မြေတွေကို ပြန်လည် သိမ်းယူနိုင်ဖို့အတွက် အရေးပါတဲ့ မဟာဗျူဟာ တန်ပြန် ထိုးစစ်ကြီး တစ်ခုကို စီမံကိန်း ရေးဆွဲ ပြင်ဆင်နေကြောင်း လအတော်ကြာ ကတည်းက သတင်းထွက်ပေါ်နေခဲ့ပါတယ်။

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် စတင်ဖို့ နီးကပ်လာကြောင်း သတင်းတွေ ပိုမို ကျယ်လောင်လာတာနဲ့အမျှ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရုရှားက ယူကရိန်းကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေကိုပါ အရှိန်မြှင့်တင်လာခဲ့ပါတယ်။

တန်ပြန်ထိုးစစ် ဆင်နွှဲဖို့ ဆိုတာက ရှုပ်ထွေးပြီး အတိုင်းအတာ ပမာဏ ကျယ်ပြန့်လှတဲ့ လုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း၊ တစ်ရက်နှစ်ရက်နဲ့ ပြီးပြတ်မှာ မဟုတ်သလို ဘယ်နေ့၊ ဘယ်အချိန်မှာ ဖြစ်မလဲ ဆိုတာကိုလည်း ကြိုမပြောနိုင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ အနီးကပ် အကြံပေး တစ်ဦးဖြစ်တဲ့ မစ်ခေလို ပိုဒိုလ်ယက်ခ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ တန်ပြန်ထိုးစစ် မတိုင်ခင် အရေးကြီး အစီအမံတွေဖြစ်တဲ့ ရန်သူ့ ရှေ့တန်း နောက်ကွယ်က ထောက်ပံ့ရေး လမ်းကြောင်းတွေနဲ့ လက်နက်တိုက်တွေကို ပစ်မှတ်ထား ဖျက်ဆီးတာမျိုးတွေ စတင် လုပ်ဆောင်နေပြီလို့ သူက ဆိုတယ်။

စစ်ဆင်ရေး အကောင်အထည် ဖော်မှုတွေက တရိပ်ရိပ် အရှိန်တက်လာနေကြောင်း၊ ဒါပေမဲ့လည်း အချိန်တော့ အကြာကြီး ယူရမှာဖြစ်ကြောင်းလည်း ပိုဒိုလ်ယက်ခ်က မှတ်ချက် ပေးသွားပါတယ်။

မေလ ၂၇ ရက်မှာ ယူကရိန်း စစ်ဦးစီး အရာရှိ ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဇာလုဇ်နီကလည်း အရေးပါတဲ့ စစ်ဆင်ရေးတွေ သိပ်မကြာခင် ပြန်စလာနိုင်တယ်ဆိုတဲ့ သဘောမျိုး လူမှုကွန်ရက် မီဒီယာမှာ အရိပ်အမြွက် ရေးသားထားခဲ့ပါတယ်။ ကိုယ်ပိုင်တဲ့မြေကို ကိုယ်ပြန်ယူရမယ့် အချိန်တွေ ရောက်လာပြီလို့ သူက Telegramကနေတဆင့် မှတ်ချက် ပေးထားခဲ့တာပါ။

ရုရှားဟာ ပြီးခဲ့တဲ့နှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့ပြီး သီတင်းပတ် အနည်းငယ် အကြာမှာပဲ ယူကရိန်း တစ်နိုင်ငံလုံးကို သိမ်းယူမယ့် ရည်မှန်းချက်ကို လက်လျှော့ခဲ့ရပါတယ်။ ဒါပေမဲ့ ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ ရုရှားတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ အများအပြား ရှိနေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

Facebook