Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆေးရုံတက်နေရပြီး ICUထိ ရောက်သွားခဲ့တဲ့ မက်ဒေါနား

မက်ဒေါနားနဲ့ နီးစပ်သူ တချို့ကတော့ ကမ္ဘာကျော် အဆိုတော်ဟာ အခုအခါ ICUထဲက ထွက်ခွင့်ရပြီး တဖြည်းဖြည်း နာလန် ပြန်ထလာနေပြီလို့ CNN သတင်းဌာနဆီ အသိပေးခဲ့ပါတယ်။ မက်ဒေါနားဟာ နယူးယောက်မြို့က ဆေးရုံတစ်ခုမှာ တက်ရောက်ကုသမှု ခံယူနေရဆဲလို့ ယုံကြည်ရပါတယ်။

ဆေးရုံတက်နေရပြီး ICUထိ ရောက်သွားခဲ့တဲ့ မက်ဒေါနား
ဆေးရုံတက်နေရပြီး ICUထိ ရောက်သွားခဲ့တဲ့ မက်ဒေါနား

ကမ္ဘာကျော် Popဂီတ အဆိုတော် မက်ဒေါနားဟာ ကျန်းမာရေး ချွတ်ယွင်းမှုကြောင့် အရေးပေါ် ကြပ်မတ် ကုသဆောင် (ICU)အထိ ရောက်သွားခဲ့ပြီး ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ် တချို့ကိုပါ ရွှေ့ဆိုင်းလိုက်ရပါတယ်။

Popဂီတ ဘုရင်မကြီးအဖြစ် တင်စားခံရသူ မက်ဒေါနားဟာ ဘက်တီးရီးယား ပိုးမွှားဝင်ရောက်မှု ပြဿနာ တခုကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတာလို့ သူ့ရဲ့ Instagram စာမျက်နှာကနေတဆင့် မက်ဒေါနားရဲ့ ကာလရှည်ကြာ မန်နေဂျာ ဂိုင်အော့ဆာရီက ရေးသား အတည်ပြုခဲ့ပါတယ်။

မက်ဒေါနားရဲ့ ကျန်းမာရေးက အတော် စိုးရိမ်ရတဲ့ အဆင့်ထိ ရောက်ခဲ့ပြီး ICUထဲမှာ ရက်ပိုင်းလောက် နေခဲ့ရတယ်လို့ အော့ဆာရီက ဆိုပါတယ်။ မက်ဒေါနားရဲ့ ကျန်းမာရေး အခြေအနေက အခုအခါ တဖြည်းဖြည်း တိုးတက်လာနေကြောင်း၊ ဒါပေမဲ့ ဆေးဝါးကုသမှုတွေ ဆက်လက် ခံယူဖို့ လိုအပ်နေဆဲဖြစ်ပြီး အပြည့်အဝ ကျန်းမာလာမယ်လို့တော့ ယုံကြည်ကြောင်းလည်း အော့ဆာရီက ပရိသတ်တွေကို အသိပေးထားပါတယ်။

မက်ဒေါနားရဲ့ Celebration ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ်ကို ဇူလိုင်လ ၁၅ ရက်မှာ အစပြုဖို့ လျာထားပေမယ့် လက်ရှိ အခြေအနေအရတို့ ဒီကိစ္စကို ဆိုင်းငံ့ပြီး တချို့ ဖျော်ဖြေပွဲတွေကို မဖြစ်မနေ ရွှေ့ဆိုင်းရလိမ့်မယ်လို့လည်း သူ့ရဲ့ မန်နေဂျာက မှတ်ချက် ပေးသွားပါတယ်။ Celebrationရဲ့ ဖျော်ဖြေပွဲတွေကို ကနေဒါမှာ ပွဲဦးထွက် အစပြုပြီး အဲဒီကနေတဆင့် အမေရိကန်က မြို့ကြီးတချို့ဆီ ကူးသွားပြီး ဥရောပထိ ခြေဆန့်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မက်ဒေါနားနဲ့ နီးစပ်သူ တချို့ကတော့ ကမ္ဘာကျော် အဆိုတော်ဟာ အခုအခါ ICUထဲက ထွက်ခွင့်ရပြီး တဖြည်းဖြည်း နာလန် ပြန်ထလာနေပြီလို့ CNN သတင်းဌာနဆီ အသိပေးခဲ့ပါတယ်။ မက်ဒေါနားဟာ နယူးယောက်မြို့က ဆေးရုံတစ်ခုမှာ တက်ရောက်ကုသမှု ခံယူနေရဆဲလို့ ယုံကြည်ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးပြည်သူ့ဆေးရုံရှိ အထက်မြန်မာပြည် နှလုံးအထူးကုစင်တာ၌ မီးလောင်မှုဖြစ်ခဲ့ရာ မိနစ် ၂၀ကျော်မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ကအသိပေးထားသည်။

သတင်း

ဝဲကြီးထောင့်ဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဆေးရုံတစ်ခုလုံးနီးပါးပျက်စီးဆုံးရှုံးခဲ့ရပြီး ဆေးဝန်ထမ်း၊ လူနာ နှင့် လူနာစောင့် အရပ်သားပြည်သူ စုစုပေါင်း ၂၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူအချို့ရှိခဲ့သည်ဟု အသိပေးသည်။

နိုင်ငံတကာ

နိုင်ငံရေး နယ်ပယ်မှာ လှုပ်ရှားနေသူ တစ်ဦးဖြစ်တဲ့ ဘူဒါနိုဗာဟာ ရုရှားရဲ့ ကျူးကျော်စစ် စတင်ချိန် ကတည်းက လုံခြုံရေး အခြေအနေကြောင့် ခင်ပွန်းဖြစ်သူရဲ့ ရုံးမှာပဲ ပြောင်းရွှေ့ နေထိုင်နေခဲ့ကြောင်းလည်း သိရပါတယ်။

နိုင်ငံတကာ

လတ်တလောမှာတော့ အစ္စရေး စစ်တပ်ဟာ ဟားမားစ်တွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စီးနင်းခဲ့တဲ့ အယ်လ်ရှီဖာ ဆေးရုံထဲမှာ တကယ်ပဲ ပါလက်စတိုင်း ပြောက်ကျားတွေ အခြေချခဲ့တယ်ဆိုတဲ့ ခိုင်ခိုင်မာမာ အထောက်အထားတွေ တင်ပြဖို့ ပြင်းထန်တဲ့ ဖိအားတွေနဲ့ ကြုံတွေ့နေရပါတယ်။