Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆေးရုံတက်နေရပြီး ICUထိ ရောက်သွားခဲ့တဲ့ မက်ဒေါနား

မက်ဒေါနားနဲ့ နီးစပ်သူ တချို့ကတော့ ကမ္ဘာကျော် အဆိုတော်ဟာ အခုအခါ ICUထဲက ထွက်ခွင့်ရပြီး တဖြည်းဖြည်း နာလန် ပြန်ထလာနေပြီလို့ CNN သတင်းဌာနဆီ အသိပေးခဲ့ပါတယ်။ မက်ဒေါနားဟာ နယူးယောက်မြို့က ဆေးရုံတစ်ခုမှာ တက်ရောက်ကုသမှု ခံယူနေရဆဲလို့ ယုံကြည်ရပါတယ်။

ဆေးရုံတက်နေရပြီး ICUထိ ရောက်သွားခဲ့တဲ့ မက်ဒေါနား
ဆေးရုံတက်နေရပြီး ICUထိ ရောက်သွားခဲ့တဲ့ မက်ဒေါနား

ကမ္ဘာကျော် Popဂီတ အဆိုတော် မက်ဒေါနားဟာ ကျန်းမာရေး ချွတ်ယွင်းမှုကြောင့် အရေးပေါ် ကြပ်မတ် ကုသဆောင် (ICU)အထိ ရောက်သွားခဲ့ပြီး ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ် တချို့ကိုပါ ရွှေ့ဆိုင်းလိုက်ရပါတယ်။

Popဂီတ ဘုရင်မကြီးအဖြစ် တင်စားခံရသူ မက်ဒေါနားဟာ ဘက်တီးရီးယား ပိုးမွှားဝင်ရောက်မှု ပြဿနာ တခုကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတာလို့ သူ့ရဲ့ Instagram စာမျက်နှာကနေတဆင့် မက်ဒေါနားရဲ့ ကာလရှည်ကြာ မန်နေဂျာ ဂိုင်အော့ဆာရီက ရေးသား အတည်ပြုခဲ့ပါတယ်။

မက်ဒေါနားရဲ့ ကျန်းမာရေးက အတော် စိုးရိမ်ရတဲ့ အဆင့်ထိ ရောက်ခဲ့ပြီး ICUထဲမှာ ရက်ပိုင်းလောက် နေခဲ့ရတယ်လို့ အော့ဆာရီက ဆိုပါတယ်။ မက်ဒေါနားရဲ့ ကျန်းမာရေး အခြေအနေက အခုအခါ တဖြည်းဖြည်း တိုးတက်လာနေကြောင်း၊ ဒါပေမဲ့ ဆေးဝါးကုသမှုတွေ ဆက်လက် ခံယူဖို့ လိုအပ်နေဆဲဖြစ်ပြီး အပြည့်အဝ ကျန်းမာလာမယ်လို့တော့ ယုံကြည်ကြောင်းလည်း အော့ဆာရီက ပရိသတ်တွေကို အသိပေးထားပါတယ်။

မက်ဒေါနားရဲ့ Celebration ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ်ကို ဇူလိုင်လ ၁၅ ရက်မှာ အစပြုဖို့ လျာထားပေမယ့် လက်ရှိ အခြေအနေအရတို့ ဒီကိစ္စကို ဆိုင်းငံ့ပြီး တချို့ ဖျော်ဖြေပွဲတွေကို မဖြစ်မနေ ရွှေ့ဆိုင်းရလိမ့်မယ်လို့လည်း သူ့ရဲ့ မန်နေဂျာက မှတ်ချက် ပေးသွားပါတယ်။ Celebrationရဲ့ ဖျော်ဖြေပွဲတွေကို ကနေဒါမှာ ပွဲဦးထွက် အစပြုပြီး အဲဒီကနေတဆင့် အမေရိကန်က မြို့ကြီးတချို့ဆီ ကူးသွားပြီး ဥရောပထိ ခြေဆန့်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မက်ဒေါနားနဲ့ နီးစပ်သူ တချို့ကတော့ ကမ္ဘာကျော် အဆိုတော်ဟာ အခုအခါ ICUထဲက ထွက်ခွင့်ရပြီး တဖြည်းဖြည်း နာလန် ပြန်ထလာနေပြီလို့ CNN သတင်းဌာနဆီ အသိပေးခဲ့ပါတယ်။ မက်ဒေါနားဟာ နယူးယောက်မြို့က ဆေးရုံတစ်ခုမှာ တက်ရောက်ကုသမှု ခံယူနေရဆဲလို့ ယုံကြည်ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ စစ်ဆင်ရေးနယ်မြေ ၂ မှာ အရေးပေါ်လိုအပ်နေတဲ့ ဆေးရုံ ဆောက်လုပ်ဖို့ သူပုန်မိန်းမ ကမ်ပိန်းပြုလုပ်သွားမယ်လို့ ဒီနေ့ (မတ်၂၀) အသိပေးထားပါတယ်။

နိုင်ငံတကာ

ဆေးရုံတစ်ခုကို ပါကစ္စတန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ကြောင်း အာဖဂန် နစ္စတန်က စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဆေးရုံတစ်ခုရဲ့ အထူးကြပ်မတ် ကုသဆောင်မှာ မီးလောင်မှု ဖြစ်ပွားပြီး လူနာ ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းက O-1 ဆေးရုံမှာ လူနာတွေကို အောက်ဆီဂျင်ပေးဖို့ မီးစက်အတွက် ဒီဇယ်အရေးပေါ်လိုအပ်နေကြောင်း O-1 ဆေးရုံ တာဝန်ခံ Dr. Tracyက အသိပေးပါတယ်။