Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အဆိပ်ဓာတ်ငွေ့ ယိုစိမ့်လို့ တောင်အာဖရိကမှာ လူ ၁၆ ဦးသေ

အာဏာပိုင်တွေက ဇူလိုင် ၅ ရက် ဓာတ်ငွေ့ ယိုစိမ့်မှုဟာ အနားမှာရှိတဲ့ တရားမဝင် ရွှေသတ္တုမိုင်းတွင်း တစ်ခုနဲ့ ဆက်စပ်လိမ့်မယ်လို့ ပြောပါတယ်။ နောက်ဆက်တွဲ စုံစမ်းမှုတွေကိုတော့ ဆက်လက် လုပ်ဆောင်နေဆဲပါ။

အဆိပ်ဓာတ်ငွေ့ ယိုစိမ့်လို့ တောင်အာဖရိကမှာ လူ ၁၆ ဦးသေ
အဆိပ်ဓာတ်ငွေ့ ယိုစိမ့်လို့ တောင်အာဖရိကမှာ လူ ၁၆ ဦးသေ

တောင်အာဖရိက နိုင်ငံမှာ အဆိပ်အတောက် ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် လူ ၁၆ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ အရှေ့ပိုင်းမှာရှိတဲ့ ဘော့ခ်စ်ဘက်ဂ် မြို့လေးမှာ နိုက်ထရိတ် အောက်ဆိုက်လို့ ယူဆရတဲ့ အဆိပ်အတောက် ဓာတ်ငွေ့တွေ ရှူရှိုက်မိလို့ သေဆုံးသူတွေထဲမှာ ကလေးတွေ၊ အမျိုးသမီးတွေလည်း ပါဝင်ခဲ့ပါတယ်။

အာဏာပိုင်တွေက ဇူလိုင် ၅ ရက် ဓာတ်ငွေ့ ယိုစိမ့်မှုဟာ အနားမှာရှိတဲ့ တရားမဝင် ရွှေသတ္တုမိုင်းတွင်း တစ်ခုနဲ့ ဆက်စပ်လိမ့်မယ်လို့ ပြောပါတယ်။ နောက်ဆက်တွဲ စုံစမ်းမှုတွေကိုတော့ ဆက်လက် လုပ်ဆောင်နေဆဲပါ။

ဇာမာဇာမာတွေလို့ ခေါ်ဝေါ်တဲ့ တရားမဝင် ရွှေတူးဖော်သူတွေဟာ မိုင်းတွင်းဟောင်းတွေထဲကနေ သယ်ယူလာတဲ့ မြေစိုင်ခဲတွေထဲက ရွှေသတ္တုရိုင်းတွေကို စစ်ထုတ်ယူရာမှာ နိုက်ထရိတ် အောက်ဆိုက် ဓာတ်ငွေ့ကို သုံးလေ့ ရှိပါတယ်။ လူတွေ သေဆုံးတဲ့ ဧရိယာနားမှာ ယိုစိမ့်နေတဲ့ ဓာတ်ငွေ့ဘူးတောင့် တစ်ခုကို ရဲတွေက ရှာတွေ့ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူတွေကို အဲဒီ ဓာတ်ငွေ့ဘူးတောင့်နဲ့ မီတာ ၁၀၀ ပတ်လည်အတွင်းမှာ တွေ့ရှိခဲ့တာလို့လည်း သိရပါတယ်။ သေဆုံးသူ ၁၆ ဦးအပြင် နောက်ထပ် ဆေးရုံပို့ရတဲ့ လူနာမျိုး မရှိဘူးလို့လည်း အာဏာပိုင်တွေက အတည်ပြုပါတယ်။ ဒါပေမဲ့ ရှာမတွေ့သေးတဲ့ နောက်ထပ် ရုပ်အလောင်းတွေ ရှိနေမှာကို စိုးရိမ်လို့ လိုက်လံ ရှာဖွေမှုတွေတော့ လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့နှစ် ခရစ္စမတ် အကြိုနေ့ကလည်း ဘော့ခ်စ်ဘက်ဂ် မြို့မှာပဲ ဓာတ်ငွေ့တင် ထရပ်ကားတစ်စီး ပေါက်ကွဲမှုကြောင့် လူ ၄၁ ဦး အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုက်ဂျီးရီးယား နိုင်ငံမှာ လောင်စာပိုက်လိုင်း တစ်ခုကနေ ဆီခိုးဖို့ ကြိုးစားရာက အဆိပ်အတောက် ဓာတ်ငွေ့တွေ ရှူမိပြီး လူ ၄၀ နီးပါး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ