Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဘန်ကောက် စျေးဝယ်စင်တာ ပစ်ခတ်မှု ကျူးလွန်သူ လူငယ်ကို လူသတ်မှု အပါအဝင် စွဲချက် ၅ ခုတင်

လူငယ်ဟာ လူသတ်မှု၊ တရားမဝင် လက်နက် ကိုင်ဆောင်မှု၊ တရားမဝင် လက်နက်ကို လူအများကြား ယူဆောင်သွားမှုတွေ အပါအဝင် စွဲချက် ၅ ခုနဲ့ ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ ဘန်ကောက် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဘန်ကောက် စျေးဝယ်စင်တာ ပစ်ခတ်မှု ကျူးလွန်သူ လူငယ်ကို လူသတ်မှု အပါအဝင် စွဲချက် ၅ ခုတင်
ဘန်ကောက် စျေးဝယ်စင်တာ ပစ်ခတ်မှု ကျူးလွန်သူ လူငယ်ကို လူသတ်မှု အပါအဝင် စွဲချက် ၅ ခုတင်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က စျေးဝယ်စင်တာမှာ လူနှစ်ဦး သေဆုံးတဲ့ ပစ်ခတ်မှု ကျူးလွန်ခဲ့သူ ဆယ်ကျော်သက် လူငယ်ကို ရာဇဝတ်ကြောင်းအရ စွဲချက် တင်လိုက်ကြောင်း သိရပါတယ်။

အသက်မပြည့်သေးတဲ့အတွက် စွဲချက်တင် ခံရသူကို ရဲတပ်ဖွဲ့က နာမည် မထုတ်ပြန်သေးဘဲ သူ့လက်ချက်ကြောင့် ရွှေ့ပြောင်းလုပ်သား မြန်မာအမျိုးသမီး တစ်ဦး၊ တရုတ်နိုင်ငံသူ အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့ပြီး နောက်ထပ် ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဘန်ကောက်ရဲ့ အထင်ကရ စျေးဝယ်စင်တာကြီး တစ်ခုဖြစ်တဲ့ ဆိုင်ယမ် ပါရာဂွန်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဟာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း သေနတ်ကိုင် အကြမ်းဖက်မှုတွေ တိုးပွားလာလို့ ထိုင်းပြည်သူတွေကြား ထိတ်လန့်နေမှုကို နောက်ထပ် ဒီဂရီတစ်ဆင့် တိုးသွားစေခဲ့ပါတယ်။

လူငယ်ဟာ လူသတ်မှု၊ တရားမဝင် လက်နက် ကိုင်ဆောင်မှု၊ တရားမဝင် လက်နက်ကို လူအများကြား ယူဆောင်သွားမှုတွေ အပါအဝင် စွဲချက် ၅ ခုနဲ့ ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ ဘန်ကောက် ရဲတပ်ဖွဲ့က ပြောပါတယ်။

ကနဦး စစ်ဆေးချက်တွေအရ လူငယ်ရဲ့ စိတ်အခြေအနေဟာ မူမှန်မဟုတ်တဲ့ ဆိုးဆိုးရွားရွား ဖိစီးမှုတွေ ရှိနေတယ်လို့ ယုံကြည်ရကြောင်း သတင်းတွေက ဖော်ပြပါတယ်။ သူဟာ ဗလာကျည် သေနတ် တစ်လက်ကို ကျည်အစစ် ထည့်ပစ်လို့ရအောင် ပြန်လည် ပြုပြင်ပြီး အခု တိုက်ခိုက်မှုကို ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စျေးဝယ်စင်တာထဲမှာ ကြုံရာလူကို လိုက်လံ ပစ်ခတ်ခဲ့တဲ့နောက် သူဟာ ရဲတွေဆီမှာ အေးအေးဆေးဆေး လက်နက်ချ အဖမ်းခံခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က အခုပစ်ခတ်မှုအပြီး ထိုင်းနိုင်ငံမှာ လက်နက်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး မူဝါဒတွေနဲ့ ပတ်သက်လို့ တကျော့ပြန် မေးခွန်းထုတ်မှုတွေ မြင့်တက်လာတာကို အသိအမှတ် ပြုခဲ့ပြီး အစိုးရ အနေနဲ့ ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အစီအမံတွေကို အကောင်အထည် ဖော်သွားဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

အခုအခါ စျေးဝယ်စင်တာကို ပုံမှန် ပြန်လည် ဖွင့်လှစ်ထားပြီဖြစ်ပြီး အခင်းဖြစ်ရာ နေရာတဝိုက်မှာ အမှတ်တရ ပန်းစည်းတွေ လာချထားတာကို တွေ့ရပါတယ်။ LV စတိုးဆိုင်မှာ သေနတ်သမား လူငယ်ကို ဖမ်းဆီးဖို့အတွက် ရဲတွေက ခွဲဖျက်ပြီး ဝင်ရောက်ခဲ့ရာ မှန်ချပ်ကြီးကိုလည်း အလုပ်သမားတွေက ပြန်လည် လဲလှယ် တပ်ဆင်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာ လူစုလူဝေးကို ပစ်မှတ်ထားတဲ့ ပစ်ခတ်မှုတွေက ယေဘုယျအားဖြင့် ရှားပါးတယ်လို့ ဆိုနိုင်ပေမယ့် သေနတ်ကြောင့် ပေါ်ပေါက်တဲ့ မှုခင်းတွေကတော့ အတော်လေး ထူပြောပါတယ်။ အစိုးရက လက်နက် ကိုင်ဆောင်ခွင့် စည်းမျဉ်းတွေကို တင်းကျပ်ထားပေမယ့် သေနတ်တွေကို ပြည်ပကနေ အလွယ်တကူ မှောင်ခိုတင်သွင်း ဝယ်ယူနေနိုင်ဆဲ ဖြစ်ပါတယ်။

အခုမှုခင်းမှာလည်း လူငယ်ဟာ ဗလာကျည် ထည့်ပစ်ရတဲ့ သေနတ်ကို ဝယ်ယူပြီး ကိုယ်တိုင် ပြန်လည် မွမ်းမံ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ တော်ဆက် ဆွတ်ခ်ဗီမောလ်က အဲဒီလူငယ်ဟာ အရင်ကရော အကြမ်းပတမ်း ကိစ္စတွေ ကျူးလွန်ဖူးတဲ့ အထောက်အထားမျိုး ရှိသလား ဆိုတာကို စုံစမ်းနေဆဲလို့ ပြောပါတယ်။

လူငယ်ဟာ သူ့နားထဲမှာ တစ်ယောက်ယောက်က လူတွေကို သေနတ်နဲ့ လိုက်ပစ်သတ်ဖို့ ညွှန်ကြားသံတွေ ကြားနေခဲ့ရကြောင်း ရဲတွေဆီမှာ ထွက်ဆိုခဲ့ပါတယ်။ အမှုနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ စစ်ဆေးမှုတွေကို ထိုင်းရဲတပ်ဖွဲ့က အပူတပြင်း ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သေဆုံးသူရဲ့ လုပ်ငန်း အခြေအနေနဲ့ တခြား အသေးစိတ် အချက်အလက်တွေကို သိရှိဖို့ ဘန်ကောက် ရဲတပ်ဖွဲ့ဟာ မြန်မာသံရုံးနဲ့ ချိတ်ဆက် စုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနဲ့ စစ်ပွဲကာလ အစောပိုင်းတွေတုန်းကလည်း ယူကရိန်း စနိုက်ပါ တစ်ယောက်ဟာ ၁.၇ မိုင် အကွာက ပစ်မှတ်ကို ချေမှုန်းနိုင်ခဲ့ဖူးကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စျေးဝယ်စင်တာ ပစ်ခတ်မှုနဲ့ ဆက်စပ်ပြီး နောက်ထပ် လူ ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ အဖမ်းခံရသူတွေဟာ ပစ်ခတ်မှု ကျူးလွန်ခဲ့သူ ၁၄ နှစ်သား လူငယ်ကို သေနတ်နဲ့ ကျည်ဆန်တွေ ရောင်းချခဲ့ကြောင်း စွပ်စွဲ ခံထားရသူတွေ ဖြစ်ပါတယ်။...

နိုင်ငံတကာ

လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ သေနတ်သမားဟာ အိတ်တစ်လုံးကို ကိုင်ပြီး စျေးဝယ်စင်တာထဲ ဝင်ရောက်သွားရာကနေ နောက်ဆုံး ရဲတွေဆီ လက်နက်ချတဲ့ အချိန်ထိ ဖြစ်စဉ်တွေက မိနစ် ၉၀ လောက်အတွင်း ဖြစ်ပွားသွားခဲ့ကြောင်း တွေ့ရပါတယ်။