Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်တဲ့ ဟိုသီ ဒရုန်းတွေကို အမေရိကန်ရေတပ် ကြားဖြတ်ပစ်ချ

ဟိုသီတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ပင်လယ်နီ ရေပြင်မှာ အစ္စရေးနဲ့ ဆက်စပ်တယ်ဆိုတဲ့ ကုန်တင် သင်္ဘောတစ်စီးကို စီးနင်းခဲ့ပြီး လောလောဆယ်မှာ သင်္ဘောရော၊ အမှုထမ်း ၂၅ ဦးကိုပါ ထိန်းသိမ်းထားကြောင်း သိရပါတယ်။

အစ္စရေးကို တိုက်ခိုက်တဲ့ ဟိုသီ ဒရုန်းတွေကို အမေရိကန်ရေတပ် ကြားဖြတ်ပစ်ချ
အစ္စရေးကို တိုက်ခိုက်တဲ့ ဟိုသီ ဒရုန်းတွေကို အမေရိကန်ရေတပ် ကြားဖြတ်ပစ်ချ

အစ္စရေးဖက်ကို ချိန်ရွယ်ပြီး ယီမင်အခြေစိုက် ဟိုသီ သူပုန်တွေက ပစ်လွှတ်လိုက်တဲ့ ဖောက်ခွဲရေး ဒရုန်းတွေကို အမေရိကန် ရေတပ်က ကြားဖြတ် ပစ်ချခဲ့ရပါတယ်။

ပင်လယ်နီထဲမှာ ဖြန့်ကျက်ထားတဲ့ Arleigh Burkeအဆင့် ဖျက်သင်္ဘော တစ်စီးက နိုဝင်ဘာ ၂၃ ရက် မနက်အစောပိုင်းမှာ အစ္စရေးဆီ ဦးတည်နေတဲ့ ဒရုန်း အတော်များများကို ပစ်ချခဲ့တာလို့ အမေရိကန် ရေတပ်က ထုတ်ပြန်ပါတယ်။

USS Thomas Hudner ဖျက်သင်္ဘောဟာ ယီမင်နိုင်ငံထဲမှာ ဟိုသီတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကနေ ပျံတက်လာတဲ့ ဒရုန်းတွေကို ဟန့်တားခဲ့တာလို့ အမေရိကန်ရဲ့ ဗဟိုစစ်ရေး ကွပ်ကဲမှုဌာန (CENTCOM)ကလည်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသား ဖော်ပြထားခဲ့ပါတယ်။

လောလောဆယ် ဂါဇာကမ်းမြှောင် ဒေသမှာ အစ္စရေးနဲ့ စစ်ခင်းနေတဲ့ ဟားမားစ်တွေရော၊ ယီမင်မှာ မြို့တော် ဆာနားကိုပါ သိမ်းပိုက်ထားနိုင်တဲ့ ဟိုသီတွေပါ အီရန် အစိုးရရဲ့ ကျောထောက်နောက်ခံ ပြုမှုကို ရရှိထားတဲ့ လက်နက်ကိုင် အင်အားစုတွေ ဖြစ်ကြပါတယ်။

Public Service Announcement

Public Service Announcement

ဂါဇာမှာ စစ်ပွဲ စတင်ချိန် ကတည်းက ဟိုသီတွေဟာ အစ္စရေးဖက်ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အလျဉ်းသင့်သလို ပစ်ခတ်နေခဲ့ပြီး ပင်လယ်နီထဲမှာ ကင်းလှည့်နေတဲ့ အမေရိကန် စစ်ရေယာဉ်တွေကလည်း အကြိမ်တိုင်း ကြားဖြတ် ပစ်ချခဲ့ပါတယ်။

အမေရိကန်ဟာ ဂါဇာစစ်ပွဲကို အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံး အတိုင်းအတာထိ ကျယ်ပြန့်မလာအောင် ထိန်းညှိဖို့အတွက် စစ်ပွဲ စလာကတည်းက ဒေသတွင်းမှာ စစ်အင်အား အလုံးအရင်း ဖြန့်ကျက်ထားပါတယ်။ အမေရိကန် အစိုးရက အီရန် အပါအဝင် နိုင်ငံတချို့ကို ပဋိပက္ခတွေထဲ ထဲထဲဝင်ဝင် စွက်ဖက်မလာအောင် ကြိုတင် ဟန့်တားတဲ့ အနေနဲ့ အခုလိုမျိုး တပ်တွေ ဖြန့်ထားခဲ့တာလည်း ဖြစ်ပါတယ်။

ဟိုသီတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ပင်လယ်နီ ရေပြင်မှာ အစ္စရေးနဲ့ ဆက်စပ်တယ်ဆိုတဲ့ ကုန်တင် သင်္ဘောတစ်စီးကို စီးနင်းခဲ့ပြီး လောလောဆယ်မှာ သင်္ဘောရော၊ အမှုထမ်း ၂၅ ဦးကိုပါ ထိန်းသိမ်းထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။