Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်တဲ့ ဟိုသီ ဒရုန်းတွေကို အမေရိကန်ရေတပ် ကြားဖြတ်ပစ်ချ

ဟိုသီတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ပင်လယ်နီ ရေပြင်မှာ အစ္စရေးနဲ့ ဆက်စပ်တယ်ဆိုတဲ့ ကုန်တင် သင်္ဘောတစ်စီးကို စီးနင်းခဲ့ပြီး လောလောဆယ်မှာ သင်္ဘောရော၊ အမှုထမ်း ၂၅ ဦးကိုပါ ထိန်းသိမ်းထားကြောင်း သိရပါတယ်။

အစ္စရေးကို တိုက်ခိုက်တဲ့ ဟိုသီ ဒရုန်းတွေကို အမေရိကန်ရေတပ် ကြားဖြတ်ပစ်ချ
အစ္စရေးကို တိုက်ခိုက်တဲ့ ဟိုသီ ဒရုန်းတွေကို အမေရိကန်ရေတပ် ကြားဖြတ်ပစ်ချ

အစ္စရေးဖက်ကို ချိန်ရွယ်ပြီး ယီမင်အခြေစိုက် ဟိုသီ သူပုန်တွေက ပစ်လွှတ်လိုက်တဲ့ ဖောက်ခွဲရေး ဒရုန်းတွေကို အမေရိကန် ရေတပ်က ကြားဖြတ် ပစ်ချခဲ့ရပါတယ်။

ပင်လယ်နီထဲမှာ ဖြန့်ကျက်ထားတဲ့ Arleigh Burkeအဆင့် ဖျက်သင်္ဘော တစ်စီးက နိုဝင်ဘာ ၂၃ ရက် မနက်အစောပိုင်းမှာ အစ္စရေးဆီ ဦးတည်နေတဲ့ ဒရုန်း အတော်များများကို ပစ်ချခဲ့တာလို့ အမေရိကန် ရေတပ်က ထုတ်ပြန်ပါတယ်။

USS Thomas Hudner ဖျက်သင်္ဘောဟာ ယီမင်နိုင်ငံထဲမှာ ဟိုသီတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကနေ ပျံတက်လာတဲ့ ဒရုန်းတွေကို ဟန့်တားခဲ့တာလို့ အမေရိကန်ရဲ့ ဗဟိုစစ်ရေး ကွပ်ကဲမှုဌာန (CENTCOM)ကလည်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသား ဖော်ပြထားခဲ့ပါတယ်။

လောလောဆယ် ဂါဇာကမ်းမြှောင် ဒေသမှာ အစ္စရေးနဲ့ စစ်ခင်းနေတဲ့ ဟားမားစ်တွေရော၊ ယီမင်မှာ မြို့တော် ဆာနားကိုပါ သိမ်းပိုက်ထားနိုင်တဲ့ ဟိုသီတွေပါ အီရန် အစိုးရရဲ့ ကျောထောက်နောက်ခံ ပြုမှုကို ရရှိထားတဲ့ လက်နက်ကိုင် အင်အားစုတွေ ဖြစ်ကြပါတယ်။

Public Service Announcement

Public Service Announcement

ဂါဇာမှာ စစ်ပွဲ စတင်ချိန် ကတည်းက ဟိုသီတွေဟာ အစ္စရေးဖက်ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အလျဉ်းသင့်သလို ပစ်ခတ်နေခဲ့ပြီး ပင်လယ်နီထဲမှာ ကင်းလှည့်နေတဲ့ အမေရိကန် စစ်ရေယာဉ်တွေကလည်း အကြိမ်တိုင်း ကြားဖြတ် ပစ်ချခဲ့ပါတယ်။

အမေရိကန်ဟာ ဂါဇာစစ်ပွဲကို အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံး အတိုင်းအတာထိ ကျယ်ပြန့်မလာအောင် ထိန်းညှိဖို့အတွက် စစ်ပွဲ စလာကတည်းက ဒေသတွင်းမှာ စစ်အင်အား အလုံးအရင်း ဖြန့်ကျက်ထားပါတယ်။ အမေရိကန် အစိုးရက အီရန် အပါအဝင် နိုင်ငံတချို့ကို ပဋိပက္ခတွေထဲ ထဲထဲဝင်ဝင် စွက်ဖက်မလာအောင် ကြိုတင် ဟန့်တားတဲ့ အနေနဲ့ အခုလိုမျိုး တပ်တွေ ဖြန့်ထားခဲ့တာလည်း ဖြစ်ပါတယ်။

ဟိုသီတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ပင်လယ်နီ ရေပြင်မှာ အစ္စရေးနဲ့ ဆက်စပ်တယ်ဆိုတဲ့ ကုန်တင် သင်္ဘောတစ်စီးကို စီးနင်းခဲ့ပြီး လောလောဆယ်မှာ သင်္ဘောရော၊ အမှုထမ်း ၂၅ ဦးကိုပါ ထိန်းသိမ်းထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။