Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မြို့တော်မှာ ဖြစ်ပွားတဲ့ လက်နက်ကိုင် တိုက်ခိုက်မှုအပြီး အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ပြီလို့ ဆီယာလီယွန် သမ္မတကြေညာ

ဆီရာလီယွန်မှာ ဇွန်လတုန်းက ဘီယွန်က နောက်တကြိမ် ရွေးကောက် တင်မြှောက်ခံရချိန် ကတည်းက တင်းမာမှုတွေ ရှိနေပြီး ရွေးကောက်ပွဲ ရလဒ်ရဲ့ ရိုးသား ဖြောင့်မတ်မှုအပေါ် အဓိက အတိုက်အခံ အင်အားစုတွေနဲ့ အမေရိကန်၊ ဥရောပ သမဂ္ဂတို့က မေးခွန်းထုတ်ထားကြပါတယ်။

မြို့တော်မှာ ဖြစ်ပွားတဲ့ လက်နက်ကိုင် တိုက်ခိုက်မှုအပြီး အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ပြီလို့ ဆီယာလီယွန် သမ္မတကြေညာ
မြို့တော်မှာ ဖြစ်ပွားတဲ့ လက်နက်ကိုင် တိုက်ခိုက်မှုအပြီး အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ပြီလို့ ဆီယာလီယွန် သမ္မတကြေညာ

မြို့တော်ရဲ့ အဓိက စစ်စခန်း တိုက်ခိုက်ခံရခြင်းနဲ့အတူ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တဲ့ အခြေအနေကို ကိုင်တွယ် ထိန်းသိမ်းနိုင်ခဲ့ပြီလို့ ဆီယာလီယွန် အစိုးရက ကြေညာပါတယ်။

သမ္မတ ဂျူလီယက်စ် မာဒါး ဘီယိုက တိုက်ခိုက်မှုကို ဦးဆောင်တဲ့ ခေါင်းဆောင် အများစုကို ဖမ်းဆီး ထိန်းသိမ်းထားနိုင်ခဲ့ပြီလို့ ပြောပါတယ်။ အရေအတွက် အတိအကျ မသိရတဲ့ လက်နက်ကိုင်တွေဟာ နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်းက မြို့တော် ဖရီးတောင်းမှာရှိတဲ့ စစ်တန်းလျား တစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ကျူးလွန်သူတိုင်းကို ထိရောက်မှန်ကန်တဲ့ အရေးယူ ကိုင်တွယ်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဘီယိုက ရုပ်မြင်သံကြားကနေတဆင့် တစ်နိုင်ငံလုံးကို မိန့်ခွန်း ပြောခဲ့ပါတယ်။

နိုင်ငံရဲ့ ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ ပြည်သူ အားလုံးကို အာမခံနိုင်တာက ဆီရာလီယွန်ဟာ ကြုံတွေ့ခဲ့တဲ့ စိန်ခေါ်မှုကို ကျော်လွှား လွန်မြောက်နိုင်ခဲ့ပြီ ဆိုတာပဲ ဖြစ်တယ်လို့လည်း သမ္မတက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဖရီးတောင်းမှာတော့ ပစ်ခတ်သံတွေ ပြန်လည် တိတ်ဆိတ်သွားပေမယ့် အာဏာပိုင်တွေက ညမထွက်ရ အမိန့်ထုတ်ပြီး လုံခြုံရေး တင်းကျပ်ထားဆဲ ဖြစ်ပါတယ်။ ပုန်ကန်တဲ့ စစ်သားတွေဟာ ဖရီးတောင်းမှာရှိတဲ့ အဓိက စစ်အခြေစိုက်စခန်းအပြင် ရဲစခန်းတစ်ခုနဲ့ အကျဉ်းထောင် တစ်ခုကိုပါ စီးနင်းခဲ့ကြောင်း သိရပါတယ်။

ဖရီးတောင်းမှာ တစ်ရက်တာလောက် မြို့တွင်း စစ်ပွဲအသွင် ဖြစ်သွားခဲ့ချိန် အတောအတွင်း လေကြောင်းပို့ဆောင်ရေး အာဏာပိုင်တွေက ဖရီးတောင်းကို ဦးတည်လာတဲ့ လေယာဉ်တွေကို တခြားမြို့တွေဆီ လမ်းကြောင်းပြောင်း ဆင်းသက်ကြစေဖို့ ကတိုက်ကရိုက် ညွှန်ကြားခဲ့ရပါတယ်။

တိုက်ခိုက်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ နောက်ကွယ်က အခြေအနေတွေကတော့ ရှုပ်ထွေးနေဆဲပါ။ အစောပိုင်းမှာ အစိုးရ အရာရှိ တချို့က စစ်တပ်ထဲက သဘောထား ကွဲလွဲသူ တပ်ဖွဲ့ဝင် တချို့က ပုန်ကန်တာလို့ ပြောပေမယ့် အတိအကျ အတည်မပြုနိုင်ပါဘူး။

ဆီရာလီယွန်မှာ ဇွန်လတုန်းက ဘီယွန်က နောက်တကြိမ် ရွေးကောက် တင်မြှောက်ခံရချိန် ကတည်းက တင်းမာမှုတွေ ရှိနေပြီး ရွေးကောက်ပွဲ ရလဒ်ရဲ့ ရိုးသား ဖြောင့်မတ်မှုအပေါ် အဓိက အတိုက်အခံ အင်အားစုတွေနဲ့ အမေရိကန်၊ ဥရောပ သမဂ္ဂတို့က မေးခွန်းထုတ်ထားကြပါတယ်။

ဆီယာလီယွန်ဟာ ၁၉၉၁ ကနေ ၂၀၀၂ ထိ ဖြစ်ပွားခဲ့ပြီး လူ ၅၀၀၀၀ လောက် သေဆုံးခဲ့တဲ့ ပြည်တွင်းစစ်ကနေ နာလန်ထဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ မနှစ်က ဩဂုတ်လမှာလည်း ဆီယာလီယွန်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အကြမ်းပတမ်း နှိမ်နင်းရာက ပဋိပက္ခတွေ ဖြစ်ပွားပြီး ပြည်သူ ၂၁ ဦးနဲ့ ရဲ ၆ ဦး သေဆုံးခဲ့ပါတယ်။ ဘီယိုကတော့ ဆန္ဒပြသူတွေဟာ အာဏာသိမ်းဖို့ အားထုတ်ခဲ့တယ်လို့ စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။