Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း နောက်တစ်လအကြာမှာ အနားယူတော့မယ်လို့ အတည်ပြု ကြေညာ

လောလောဆယ် စင်ကာပူ အစိုးရ အဖွဲ့ထဲမှာ ဘဏ္ဍာရေး ဝန်ကြီးအဖြစ်လည်း တာဝန်ယူထားတဲ့ ဝေါင်ဟာ နိုင်ငံသမိုင်းမှာ စတုတ္ထမြောက် ဝန်ကြီးချုပ် ဖြစ်လာမှာပါ။

စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း နောက်တစ်လအကြာမှာ အနားယူတော့မယ်လို့ အတည်ပြု ကြေညာ
စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း နောက်တစ်လအကြာမှာ အနားယူတော့မယ်လို့ အတည်ပြု ကြေညာ

စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းဟာ နောက်တစ်လ အကြာမှာ ရာထူးတာဝန်ကနေ အနားယူတော့မယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။

မေလ ၁၅ ရက်နေ့မှာ ဝန်ကြီးချုပ် ရာထူး အလွှဲအပြောင်းကို တရားဝင် လုပ်ဆောင်မှာဖြစ်ပြီး လီရဲ့ အရိုက်အရာကို လက်ရှိ ဒုတိယ ဝန်ကြီးချုပ် လောရင့်စ်ဝေါင်က ဆက်ခံသွားမယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်ရုံးက မေလ ၁၅ ရက်နေ့ ညပိုင်းမှာ ဝေါင်ဟာ အရှေ့တောင်အာရှ ဒေသတွင်းက စီးပွားရေး အင်အားကြီး နိုင်ငံရဲ့ ခေါင်းဆောင်သစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမှာကို အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

လောလောဆယ် စင်ကာပူ အစိုးရ အဖွဲ့ထဲမှာ ဘဏ္ဍာရေး ဝန်ကြီးအဖြစ်လည်း တာဝန်ယူထားတဲ့ ဝေါင်ဟာ နိုင်ငံသမိုင်းမှာ စတုတ္ထမြောက် ဝန်ကြီးချုပ် ဖြစ်လာမှာပါ။

Public Service Announcement

Public Service Announcement

လီက ဝေါင်ဟာ ပြည်သူလူထုရဲ့ ယုံကြည် ကိုးစားမှုကို ရရှိအောင်၊ အထူးသဖြင့် ကပ်ရောဂါကာလမှာ လက်တွေ့ စွမ်းဆောင်ပြခဲ့ပြီး ဖြစ်ကြောင်းနဲ့ ခေါင်းဆောင်နေရာ အပြောင်းအလဲဟာ ဘယ်နိုင်ငံအတွက်မဆို အရေးပါတဲ့ အချိုးအကွေ့ တစ်ခုလို့ သတ်မှတ်သင့်ကြောင်း Facebookက ပို့စ်တစ်ခုမှာ ရေးသားထားခဲ့ပါတယ်။

အသက် ၇၂ နှစ် ရှိပြီဖြစ်တဲ့ လီက စင်ကာပူပြည်သူတွေ အနေနဲ့ ဝေါင်နဲ့ သူ့ရဲ့ အစိုးရသစ်ကို အပြည့်အဝ ထောက်ခံအားပေး ကူညီကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အသက် ၅၁ နှစ်အရွယ် ဝေါင်ဟာ အာဏာရ ပြည်သူ့စွမ်းဆောင်မှုပါတီထဲမှာ 4Gလို့ အတိုကောက် ခေါ်ဝေါ်တဲ့ စတုတ္ထ မျိုးဆက် နိုင်ငံရေး အင်အားစုတွေရဲ့ ခေါင်းဆောင်အဖြစ် လွန်ခဲ့တဲ့ ၂ နှစ်က တင်မြှောက် ခံခဲ့ရပါတယ်။ အဲဒီကတည်းက သူဟာ စင်ကာပူမှာ လီရဲ့ နေရာကို ဆက်ခံမယ့်သူအဖြစ် အလိုအလျောက် လျာထားခံရပြီးတဲ့ အဓိပ္ပါယ် ပေါ်လွင်ခဲ့ပါတယ်။

လီဟာ အသက် ၇၀ မပြည့်ခင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလလောက်မှာ အနားယူလိုကြောင်း မှတ်ချက်ပေးခဲ့ဖူးပေမယ့် ကိုဗစ် ဂယက်ကြောင့် အစိုးရခေါင်းဆောင် အပြောင်းအလဲ လုပ်မယ့်ကိစ္စကို ရွှေ့ဆိုင်းထားခဲ့တာပါ။ သူဟာ ၂၀၀၄ ခုနှစ်၊ အသက် ၅၂ နှစ် အရွယ်မှာ စင်ကာပူ ဝန်ကြီးချုပ် ရာထူးကို ဂိုချောက်တောင်ဆီက ဆက်ခံရယူခဲ့တာဖြစ်ပြီး နိုင်ငံကို နှစ်ပေါင်း ၂၀ ဦးဆောင်မှု ပေးခဲ့တာလည်း ဖြစ်ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

သတင်း

စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် (PR) ရထားတဲ့ မြန်မာတစ်ဦးကို အကြမ်းဖက် အားပေးမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲ တစ်ခုမှာ ပါဝင်ခဲ့တဲ့နောက် အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် ရာဟူလ်ဂန္ဒီကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်သူအားလုံးအတွက် ရပ်တည်ပေးတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဗြိတိန် ဝန်ကြီးချုပ် အလောင်းအလျာ အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။