Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်ခြားမှာ မြောက်ကိုရီးယားက စည်းရိုးတွေ စတင်တည်ဆောက်နေ

ကမ္ဘာပေါ်မှာ တပ်အင်အား အထူထပ်ဆုံး စောင့်ကြပ်နေတဲ့တိုင် DMZမှာ နယ်နိမိတ် ပိုင်းခြားထားတဲ့ စည်းရိုးနဲ့ တံတိုင်းတွေ မရှိဘဲ ကျယ်ပြောတဲ့ တောရိုင်းမြေနဲ့ သဘာဝ ပေါက်ပင်တွေသာ လွှမ်းခြုံထားပါတယ်။

ကိုရီးယား နှစ်နိုင်ငံ နယ်ခြားမှာ မြောက်ကိုရီးယားက စည်းရိုးတွေ စတင်တည်ဆောက်နေ
ကိုရီးယား နှစ်နိုင်ငံ နယ်ခြားမှာ မြောက်ကိုရီးယားက စည်းရိုးတွေ စတင်တည်ဆောက်နေ

ကိုရီးယား နှစ်နိုင်ငံ နယ်နိမိတ် ပိုင်းခြားထားရာ စစ်မဲ့ဇုန် (DMZ)မှာ မြောက်ကိုရီးယားက စည်းရိုးတွေ စတင် တည်ဆောက်နေတယ်လို့ ဆိုပါတယ်။

ဂြိုဟ်တုကနေ ရိုက်ယူထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ DMZမှာ မြောက်ကိုရီးယားက အသစ်စိုက်ထူထားတဲ့ စည်းရိုး ဖြတ်ပိုင်းတွေကို အထင်အရှား တွေ့မြင်နေရပါတယ်။ မြောက်ကိုရီးယားဟာ စုစုပေါင်း ၇ ကီလိုမီတာလောက် အရှည်ရှိမယ့် စည်းရိုးတွေကို အနည်းဆုံး နေရာ ၃ ခုခွဲပြီး တည်ဆောက်ထားပါတယ်။

DMZဟာ ၄ ကီလိုမီတာ ကျယ်ဝန်းပြီး ပြိုင်ဘက် နှစ်နိုင်ငံကြား နယ်နိမိတ်အဖြစ် ပိုင်းခြား သတ်မှတ်ပေးထားရာ သီးခြားဇုန်နယ်မြေ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ တပ်အင်အား အထူထပ်ဆုံး စောင့်ကြပ်နေတဲ့တိုင် DMZမှာ နယ်နိမိတ် ပိုင်းခြားထားတဲ့ စည်းရိုးနဲ့ တံတိုင်းတွေ မရှိဘဲ ကျယ်ပြောတဲ့ တောရိုင်းမြေနဲ့ သဘာဝ ပေါက်ပင်တွေသာ လွှမ်းခြုံထားပါတယ်။ DMZကို နှစ်ပိုင်း ထပ်ပိုင်းပြီး တောင်နဲ့မြောက် ကိုရီးယားတို့က တစ်ပိုင်းစီ ထိန်းချုပ်ထားပါတယ်။

တစ်ချိန်ချိန်မှာ ကိုရီးယား နှစ်နိုင်ငံ ပြန်လည် သင့်မြတ် ပေါင်းစည်းနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် နယ်နိမိတ် ပိုင်းခြားတဲ့ စည်းရိုးနဲ့ တံတိုင်းတွေ တိတိကျကျ တည်ဆောက်မထားပေမယ့် နှစ်ဖက် ဆက်ဆံရေး တင်းမာမှု မြင့်တက်နေတဲ့ လက်ရှိလို ကာလမျိုးတွေမှာတော့ မြောက်ကိုရီးယားက တင့်ကားဖျက် အတားအဆီးတွေ၊ ခံတပ်တွေ တည်ဆောက်တာမျိုး အရင်က လုပ်ခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

လေ့လာသူတွေကတော့ လက်ရှိ တံတိုင်းတည်ဆောက်မှုတွေဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်က တောင်ကိုရီးယားနဲ့ ပြန်လည် ပေါင်းစည်းရေး ဘယ်တော့မှ စဉ်းစားတော့မှာ မဟုတ်ဘူးလို့ တင်းတင်းမာမာ ကြွေးကြော်ထားတဲ့ သဘောထားနဲ့လည်း ကိုက်ညီနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် DMZမှာ မြောက်ကိုရီးယားရဲ့ စစ်အင်အားကို ပိုမိုချဲ့ထွင် ဖြန့်ကျက်လာနိုင်ခြေ ရှိတယ်လို့လည်း ယူဆရပါတယ်။

ဆိုးလ်မြို့ အခြေစိုက် စစ်ရေးနဲ့ ကာကွယ်ရေး သုတေသီ ဒေါက်တာ အူခ်ယန်းက သူနားလည်ထားသလောက် DMZမှာ အခုလိုမျိုး ရှည်ရှည်လျားလျား စည်းရိုးတွေ တည်ဆောက်တာမျိုး မြောက်ကိုရီးယား လုပ်ဆောင်တာ ပထမဆုံး အကြိမ်ပဲလို့ ပြောပါတယ်။ အဲဒီ စည်းရိုးတွေဟာ အမြင့် ၂ မီတာကနေ ၃ မီတာလောက်ထိ ရှိတာကြောင့် ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက တည်ဆောက်ဖူးတဲ့ တင့်ကား ဟန့်တားရေး တံတိုင်း အကာ၊ အတားအဆီးတွေနဲ့ မတူဘူးလို့လည်း သူက ဆိုပါတယ်။

မြောက်ကိုရီးယားကတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။ တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံဟာ ၁၉၅၃ ခုနှစ်မှာ သုံးနှစ်ကြာ စစ်ပွဲကို အပစ်အခတ် ရပ်စဲပြီး အဆုံးသတ်ခဲ့ပေမယ့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုမထားသေးတာကြောင့် လက်ရှိ ကာလထိ စစ်ဖြစ်နေဆဲလို့ သတ်မှတ်နိုင်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေးကို ထူးထူးကဲကဲ မြှင့်တင်နိုင်မယ့် ရေရှည် စီမံကိန်း တစ်ခုကို တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။