Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လရဲ့ အမှောင်ခြမ်းက မြေသားနမူနာတွေ သယ်လာတဲ့ တရုတ်အာကာသယာဉ် ချောချောမောမော ပြန်ရောက်လာ

Chang’e-6 အာကာသယာဉ်ဟာ မြေသားနမူနာတွေနဲ့အတူ ဇွန်လ ၂၅ ရက်နေ့တုန်းက အတွင်းမွန်ဂိုလီးယား သဲကန္တာရထဲကို လေထီးနဲ့ ဆင်းသက်လာနိုင်ခဲ့ပါတယ်။

လရဲ့ အမှောင်ခြမ်းက မြေသားနမူနာတွေ သယ်လာတဲ့ တရုတ်အာကာသယာဉ် ချောချောမောမော ပြန်ရောက်လာ
လရဲ့ အမှောင်ခြမ်းက မြေသားနမူနာတွေ သယ်လာတဲ့ တရုတ်အာကာသယာဉ် ချောချောမောမော ပြန်ရောက်လာ

ကမ္ဘာနဲ့ ပိုဝေးရာ လရဲ့ အမှောင်ခြမ်းဖက်က မြေသားနဲ့ ကျောက်သား နမူနာတွေကို သယ်ဆောင်လာတဲ့ တရုတ် လူမဲ့ အာကာသယာဉ်ဟာ ကမ္ဘာမြေပေါ်ကို ချောချောမောမော ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

ဒါဟာ လူ့သမိုင်း တလျှောက်မှာ ပထမဆုံး အကြိမ်အဖြစ် လူသားတွေ ခြေမချဖူးသေးတဲ့ လရဲ့ မျက်နှာပြင် တခြားတစ်ဖက်ခြမ်းက မြေသား နမူနာတွေကို ကမ္ဘာမြေ အရောက်သယ်ဆောင်လာနိုင်တဲ့ မစ်ရှင်အဖြစ် မှတ်တမ်း ဝင်သွားခဲ့ပါတယ်။

Chang’e-6 အာကာသယာဉ်ဟာ မြေသားနမူနာတွေနဲ့အတူ ဇွန်လ ၂၅ ရက်နေ့တုန်းက အတွင်းမွန်ဂိုလီးယား သဲကန္တာရထဲကို လေထီးနဲ့ ဆင်းသက်လာနိုင်ခဲ့ပါတယ်။

ကမ္ဘာနဲ့ ပိုဝေးတဲ့ လမျက်နှာပြင် တခြားဖက်ခြမ်းရဲ့ ပထဝီဝင် အနေအထားတွေကို သိပ္ပံပညာရှင်တွေ မရင်းနှီးသေးသလို အာကာသယာဉ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားနိုင်တဲ့ အလားအလာကလည်း မြင့်မြင့်မားမား ရှိနေခဲ့တာကြောင့် Chang’e-6ရဲ့ မစ်ရှင်ဟာ ရင်တထိတ်ထိတ်နဲ့ ရှေ့ဆက်ခဲ့ရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

၂ လကျော် အကြာမှာတော့ အာကာသယာဉ်ဟာ ကမ္ဘာမြေကို ချောချောမောမောနဲ့ ပြန်လည် ရောက်ရှိလာပြီး တပါတည်း သယ်ဆောင်လာတဲ့ မြေသား နမူနာတွေကလည်း လရဲ့ ဖွဲ့စည်းဖြစ်ပေါ်မှုမှာ သက်တမ်းအရင့်ဆုံး အပိုင်းကနေ တူးယူလာတာ ဖြစ်ပါတယ်။

တရုတ်ဟာ ကမ္ဘာပေါ်မှာ လရဲ့ တခြားတစ်ဖက်ခြမ်းစီ အာကာသယာဉ် ဆင်းသက်စေခဲ့ဖူးတဲ့ တစ်ခုတည်းသော နိုင်ငံလည်း ဖြစ်ပါတယ်။ ၂၀၁၉ တုန်းက အဲဒီရည်မှန်းချက် စတင်အောင်မြင်ခဲ့ပေမယ့် မြေသား နမူနာတွေကိုတော့ ကမ္ဘာဆီ ပြန်မသယ်နိုင်ခဲ့ပါဘူး။

ကမ္ဘာဖက်ကို မျက်နှာမူထားတာ မဟုတ်တဲ့ လရဲ့ တခြားတစ်ဖက်ခြမ်းဟာ အကွာအဝေး၊ မြေသားအခြေအနေ မရင်းနှီးမှု၊ ဧရာမ ပြတ်ရွေ့ကြောင်းကြီးတွေ တည်ရှိမှုနဲ့ မြေပြန့် နည်းပါးမှုတွေကြောင့် အာကာသယာဉ် ဆင်းသက်ရေးမှာ နည်းပညာပိုင်း စိန်ခေါ်မှုတွေ အများကြီး ရှိနေပါတယ်။

သိပ္ပံပညာရှင်တွေက လူသားတွေ စူးစမ်းနိုင်စွမ်း မရှိသေးတဲ့ အဲဒီ နယ်မြေမှာ ရေခဲတွေ ရှိနိုင်မလား ဆိုတာကို အထူးစိတ်ဝင်စားနေပြီး အဲဒီကနေတဆင့် ရေ၊ အောက်စီဂျင်နဲ့ ဟိုက်ဒရိုဂျင် ဖွဲ့စည်းနိုင်ခြေတွေကို မျှော်လင့်နေပါတယ်။

အာကာသယာဉ် ပြန်လည် ရောက်ရှိလာတဲ့နောက် တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ Chang’e-6 မစ်ရှင်ရဲ့ မြေပြင် အဖွဲ့သားတွေဆီ ကိုယ်တိုင် ဖုန်းခေါ်ပြီး ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။ သူက တရုတ်ရဲ့ အာကာသ စူးစမ်းလေ့လာရေး နည်းပညာဟာ အရှိန်အဟုန်နဲ့ ဆက်လက် တိုးတက်ပြီး နိုင်ငံနဲ့ လူသားမျိုးနွယ်အတွက် အကျိုးကျေးဇူးတွေ ဖော်ထုတ်နိုင်မယ့် ရလဒ်ကောင်းတွေ ယူဆောင်လာနိုင်စေဖို့လည်း ဆန္ဒပြုခဲ့ကြောင်း သိရပါတယ်။

ကိုးကား: CGTN⁩

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook