Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပုဂ္ဂလိက အာကာသယာဉ်တစ်စီး လမျက်နှာပြင်ပေါ် ပထမဆုံးအကြိမ် ဆင်းသက်

Odysseusဟာ လရဲ့ တောင်ဝင်ရိုးစွန်းလို့ သတ်မှတ်ရာ ၅ ကီလိုမီတာမြင့်တဲ့ မာလာပတ် ကျောက်တောင် အစုအဖွဲ့နားမှာ ဆင်းသက်ခဲ့တာလို့လည်း သိရှိရပါတယ်။

ပုဂ္ဂလိက အာကာသယာဉ်တစ်စီး လမျက်နှာပြင်ပေါ် ပထမဆုံးအကြိမ် ဆင်းသက်
ပုဂ္ဂလိက အာကာသယာဉ်တစ်စီး လမျက်နှာပြင်ပေါ် ပထမဆုံးအကြိမ် ဆင်းသက်

အမေရိကန် အာကာသ သိပ္ပံ နည်းပညာ ကုမ္ပဏီ တစ်ခုဟာ လမျက်နှာပြင်ပေါ် ပထမဆုံးအကြိမ် လက်တွေ့ ဆင်းသက်မှုနဲ့အတူ သမိုင်းမှတ်တိုင်သစ် ရေးထိုးနိုင်ခဲ့ပါတယ်။

ဟူစတန်မှာ အခြေစိုက်တဲ့ Intuitive Machinesဟာ Odysseus လူမဲ့ ဂြိုဟ်ဆင်းယာဉ်ကို လရဲ့ တောင်ဝင်ရိုးစွန်းနားမှာ ဆင်းသက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်ကနေ့က လပေါ်ကို Odysseus ဆင်းသက်ပြီးတာကို အတည်ပြုဖို့အတွက် ကမ္ဘာပေါ်က အခြေစိုက် စခန်းဟာ မိနစ်နည်းနည်းလောက် စိတ်လှုပ်ရှားမှုတွေနဲ့ စောင့်ဆိုင်းနေခဲ့ရပါသေးတယ်။ နောက်တော့မှ Oydssuesဆီက အောင်မြင်စွာ ဆင်းသက်ပြီးစီးကြောင်း အချက်ပေး သတင်းပို့မှုကို ရရှိပြီး အားလုံး အောင်ပွဲခံခဲ့ကြပါတယ်။

အစိုးရတွေ မဟုတ်ဘဲ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုအနေနဲ့ လပေါ်ကို အာကာသယာဉ်တွေ လက်တွေ့ ဆင်းသက်စေနိုင်ခဲ့တာဟာ Intuitive Machinesက ပထမဆုံးအဖြစ် သမိုင်းမှတ်တမ်း ရေးထိုးခဲ့ပါတယ်။ ကုမ္ပဏီက စေလွှတ်လိုက်တဲ့ ယာဉ်ငယ်ဟာ လရဲ့ မျက်နှာပြင်ကို အောင်အောင်မြင်မြင် ထိတွေ့ ဆင်းသက်နိုင်ခဲ့ပြီဆိုတာ သံသယမရှိ အတည်ပြုကြောင်း ကုမ္ပဏီရဲ့ ပျံသန်းမှု ကြီးကြပ်ရေး ဒါရိုက်တာ တင်မ်ကရိန်းက ကြေညာခဲ့ပါတယ်။

အခု အောင်မြင်မှုဟာ ပုဂ္ဂလိက စီးပွားဖြစ် အာကာသ စူးစမ်းလေ့လာရေး ကဏ္ဍကိုသာ မကဘဲ အမေရိကန်ရဲ့ အာကာသ စီမံကိန်းတွေမှာပါ အရေးကြီးတဲ့ ခြေလှမ်းတခု ဖြစ်လာပါတယ်။ အထူးသဖြင့် Intuitive Machinesဟာ အမေရိကန်က လမျက်နှာပြင် စူးစမ်းရေး မစ်ရှင်တွေကို ရာစုနှစ် တစ်ဝက်ကျော်ကြာ ရပ်ဆိုင်းထားမှုကို အဆုံးသတ်လိုက်နိုင်ခဲ့ပါတယ်။ အမေရိကန်က နောက်ဆုံးစေလွှတ်တဲ့ အာကာသယာဉ် တစ်စီးဟာ Apollo မစ်ရှင်အဖြစ် ၁၉၇၂ ခုနှစ်မှာ လပေါ်ကို နောက်ဆုံးအကြိမ် ဆင်းသက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုအခါ အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)ဟာ ကိုယ်တိုင် အာကာသယာဉ်တွေ စေလွှတ်တာမျိုးထက် ပုဂ္ဂလိက အာကာသသိပ္ပံ နည်းပညာ လုပ်ငန်းတွေကို ကန်ထရိုက် စာချုပ်နဲ့ ငှားရမ်းမှု မူဝါဒမျိုးကို ပြောင်းလဲ ကျင့်သုံးနေပြီး တရုတ်၊ ရုရှားတို့နဲ့ အာကာသ နည်းပညာ အားပြိုင်မှု တကျော့ပြန် မြင့်တက်လာချိန်မှာ အဲဒီ ကုမ္ပဏီတွေရဲ့ အခန်းကဏ္ဍက အမေရိကန်အတွက် အရေးကြီးလာပါတယ်။

နာဆာဟာ Odysseusပေါ်မှာ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ တိုင်းတာရေး ပစ္စည်းကိရိယာ ၆ ခုကို တင်ပေးလိုက်တယ်လို့ နာဆာရဲ့ ဦးစီး အရာရှိ တစ်ဦးဖြစ်တဲ့ ဘီလ်နယ်လ်ဆန်က ပြောပါတယ်။ Odysseusဟာ လရဲ့ တောင်ဝင်ရိုးစွန်းလို့ သတ်မှတ်ရာ ၅ ကီလိုမီတာမြင့်တဲ့ မာလာပတ် ကျောက်တောင် အစုအဖွဲ့နားမှာ ဆင်းသက်ခဲ့တာလို့လည်း သိရှိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာကာသထဲကနေ ပြန်လာဖို့ ၉ လလောက် ကြန့်ကြာနေခဲ့တဲ့ အာကာသ ယာဉ်မှူးနှစ်ဦးကို တင်ဆောင်လာတဲ့ အာကာသယာဉ်ဟာ ပင်လယ်ပြင်ကို ကျဆင်းလာခဲ့တဲ့နောက် လင်းပိုင်လေးတွေက အနားမှာလာပြီး စူးစမ်း စပ်စုခဲ့ကြပါတယ်။

နိုင်ငံတကာ

SpaceXကုမ္ပဏီရဲ့ Starship အာကာသယာဉ် စမ်းသပ် လွှတ်တင်မှုမှာ ပေါက်ကွဲမှုဖြစ်ပြီး အပျက်အစီးတွေ ကျရောက်လာနိုင်တဲ့ အခြေအနေကြောင့် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်ထဲက လေဆိပ်တချို့မှာ ခရီးစဉ်တွေကို ယာယီ ဆိုင်းငံ့ထားစေခဲ့ရပါတယ်။

သတင်း

မန္တလေးတိုင်းထဲက တံတားဦးနဲ့ညောင်ဦးမြို့နယ်တို့မှာလည်း ဆက်တိုက်​ပေါ်တာဆွဲတာတွေပြုလုပ်နေတယ်လို့​ဒေသခံ​တွေက ​ပြောပါတယ်။

နိုင်ငံတကာ

Chang’e-6 အာကာသယာဉ်ဟာ မြေသားနမူနာတွေနဲ့အတူ ဇွန်လ ၂၅ ရက်နေ့တုန်းက အတွင်းမွန်ဂိုလီးယား သဲကန္တာရထဲကို လေထီးနဲ့ ဆင်းသက်လာနိုင်ခဲ့ပါတယ်။