Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗြိတိန် ရွေးကောက်ပွဲမှာ လေဘာပါတီ အသာစီးရ၊ စတာမာ ဝန်ကြီးချုပ်သစ် ဖြစ်လာဖို့ရှိနေ

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အဆိုးဆုံး ရွေးကောက်ပွဲ ရလဒ်မျိုးနဲ့ ကြုံခဲ့ပြီး ဘောရစ်ဂျွန်ဆန် ဦးဆောင်တဲ့ ကွန်ဆာဗေးတစ်တွေကို အရှုံးပေးခဲ့ရတဲ့ ၂၀၁၉ ရွေးကောက်ပွဲကနေ လေဘာပါတီဟာ အံ့ဩစရာ နာလန်ပြန်ထူလာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန် ရွေးကောက်ပွဲမှာ လေဘာပါတီ အသာစီးရ၊ စတာမာ ဝန်ကြီးချုပ်သစ် ဖြစ်လာဖို့ရှိနေ
ဗြိတိန် ရွေးကောက်ပွဲမှာ လေဘာပါတီ အသာစီးရ၊ စတာမာ ဝန်ကြီးချုပ်သစ် ဖြစ်လာဖို့ရှိနေ

ဗြိတိန် ရွေးကောက်ပွဲအပြီး ကနဦး မဲရလဒ်တွေက လေဘာပါတီ ပြတ်ပြတ်သားသား အနိုင်ရပြီး ဆာကယ်ရီ စတာမာက ဝန်ကြီးချုပ်သစ် ဖြစ်လာမယ် ဆိုတာကို ညွှန်ပြနေပြီ ဖြစ်ပါတယ်။

စတာမာရဲ့ ဦးဆောင်မှုအောက်မှာ လေဘာပါတီဟာ လွှတ်တော်အမတ် နေရာ ၄၁၀ အတွက် အနိုင်ရဖို့ သေချာနေပြီး ဒါဟာ ၁၉၉၇ ခုနှစ်တုန်းက တိုနီဘလဲရ် အနိုင်ရခဲ့စဉ်တုန်းက ရလဒ်ထက် နည်းနည်းလေးသာ လျော့နည်းတာ ဖြစ်ပါတယ်။

လက်ရှိ ဝန်ကြီးချုပ် ရီရှီဆူနက်ခ် ဦးဆောင်နေတဲ့ ကွန်ဆာဗေးတစ် ပါတီကတော့ သမိုင်းတလျှောက် အခြေအနေ အဆိုးဆုံး ရွေးကောက်ပွဲ အနေနဲ့ အမတ် ၁၃၁ နေရာစာသာ အနိုင်ရဖို့ ရှိနေပါတယ်။ တိုရီစ်လို့ နာမည်ပြောင် ခေါ်ဝေါ်လေ့ရှိတဲ့ ကွန်ဆာဗေးတစ် ပါတီဟာ အခုရွေးကောက်ပွဲမှာ အဓိကပြိုင်ဘက် လေဘာပါတီကို မယှဉ်နိုင်လောက်ဘူးလို့ ကြိုတင် ခန့်မှန်း ခံထားရပေမယ့် ရလဒ်တွေက ထင်တာထက် ပြတ်သားဖို့ မြင်သာနေပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်မှာ ထူးခြားပြီး လူထုနဲ့ပိုမို နီးစပ်စေတဲ့ နည်းလမ်းတွေနဲ့ မဲဆွယ်ဖို့ ကြိုးစားခဲ့တဲ့ လစ်ဘရယ်လ် ဒီမိုကရက် ပါတီကတော့ အမတ် ၆၁ နေရာစာ သေချာနေပြီး တိုးတက်မှုတွေ ရှိလာတဲ့ အဓိပ္ပါယ်ပါ။ စကော့တစ်ရှ် အမျိုးသား ပါတီက လွှတ်တော်အမတ် ၁၀ နေရာစာသာ ရနိုင်ပြီး အနုတ်လက္ခဏာ ပြခဲ့တာ ဖြစ်သလို ဗြိတိန် ပြုပြင်ပြောင်းလဲရေး ပါတီကတော့ အမတ် ၁၃ နေရာစာကို ထိန်းချုပ်နိုင်မယ်လို့ ကနဦး ထွက်ပေါ်လာတဲ့ မဲရလဒ်တွေအရ သိရပါတယ်။

Public Service Announcement

Public Service Announcement

မဲရလဒ်တွေကို တရားဝင် မထုတ်ပြန်သေးပေမယ့် အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်စ် ဒေသတွေက မဲရုံပေါင်း ၁၃၀ ရဲ့ အနေအထားတွေကို စောင့်ကြည့်ပြီး အခုလို ကနဦး ခန့်မှန်းချက်တွေ ထွက်ပေါ်လာတာပါ။ ဒါပေမဲ့ အဲဒီ ခန့်မှန်းချက်တွေဟာ မြောက်ပိုင်း အိုင်ယာလန် ဒေသရဲ့ မဲရုံတွေ အခြေအနေကို ထည့်မတွက်ရသေးပါဘူး။

အရင် ရွေးကောက်ပွဲတွေကို ပြန်လေ့လာမယ်ဆိုရင် အခုလို ကနဦး ခန့်မှန်းရလဒ်တွေဟာ တကယ့် တရားဝင် ရလဒ်နဲ့ အမတ်နေရာ ကွာဟာချက်က ၁.၅ နဲ့ ၇.၅ နေရာကြားသာ ရှိခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ အခုရွေးကောက်ပွဲမှာ လေဘာပါတီ အောင်ပွဲခံဖို့ ကျိန်းသေနေပြီဆိုတဲ့ သဘောပါပဲ။

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အဆိုးဆုံး ရွေးကောက်ပွဲ ရလဒ်မျိုးနဲ့ ကြုံခဲ့ပြီး ဘောရစ်ဂျွန်ဆန် ဦးဆောင်တဲ့ ကွန်ဆာဗေးတစ်တွေကို အရှုံးပေးခဲ့ရတဲ့ ၂၀၁၉ ရွေးကောက်ပွဲကနေ လေဘာပါတီဟာ အံ့ဩစရာ နာလန်ပြန်ထူလာနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း လေဘာပါတီက တင်မြှောက်တဲ့ ဝန်ကြီးချုပ် တစ်ဦးဟာ ဒေါင်းနင်းလမ်းမှာရှိတဲ့ ဝန်ကြီးချုပ် အိမ်တော်ဆီ ပြန်လည် ရောက်ရှိလာတော့မယ့် သဘောပါ။ ဆူနက်ခ်ဟာ ရွေးကောက်ပွဲ မတိုင်ခင်တုန်းက သူ့ပါတီကို ထောက်ခံမှု လျော့ကျလာတဲ့တိုင် ဝန်ကြီးချုပ် ရာထူးအတွက် တစ်ကျော့ပြန် အနိုင်ရမယ်လို့ ယုံကြည်ချက် ရှိထားဆဲလို့ ပြောခဲ့ဖူးပေမယ့် ကနဦး မဲရလဒ်တွေကတော့ ဆန့်ကျင်ဖက် အနေအထားဆီ ညွှန်ပြနေတာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန်နိုင်ငံ၊ ဝေးလ်စ်ပြည်နယ်က ဆေးရုံတစ်ခု ခေါင်မိုးပေါ်မှာ သေမင်းပုံစံ ဝတ်ဆင်ပြီး လူတွေ အထိတ်တလန့်ဖြစ်အောင် လုပ်ခဲ့တဲ့ လူငယ်ဟာ ဒဏ်ငွေတပ်ရိုက်တာ ခံလိုက်ရပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။