Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဥပဒေဘက်တော်သားနဲ့ ရာဇဝတ်မှုတွေအတွက် အပြစ်ရှိသူကြား အမေရိကန်ပြည်သူတွေ ရွေးချယ်ရတော့မယ်လို့ ဟားရစ်ပြော

ထရမ့်ဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တရားရေး အမှုကိစ္စတွေနဲ့ ရှုပ်ထွေးနေခဲ့ပြီး ရွေးကောက်ပွဲကာလ သူ့ရဲ့ လူမှုရေး အရှုပ်အထွေးဟောင်းတွေ ပေါ်မလာအောင် ရွေးကောက်ပွဲ ရန်ပုံငွေတွေ အသုံးပြုပြီး နှုတ်ပိတ် ဖုံးဖိခဲ့တယ်ဆိုတဲ့ ကိစ္စမျိုးတွေမှာ ပြစ်မှုထင်ရှားကြောင်း တရားရုံး ဆုံးဖြတ်ချက်တွေ ကြုံတွေ့ထားပါတယ်။

သမ္မတလောင်း နေရာအတွက် ပီပီပြင်ပြင် ရည်မှန်းချက် ထားခွင့်ရပြီးနောက်ပိုင်း ပထမဆုံး မဲဆွယ် စည်းရုံးမှုမှာ ကာမာလာ ဟားရစ်က ပြိုင်ဘက် ဒေါ်နယ်လ်ထရမ့်ရဲ့ တရားရေး အရှုပ်အထွေးတွေကို ထိုးနှက်သွားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဆက်လက် ယှဉ်ပြိုင်တော့မှာ မဟုတ်ကြောင်း အတည်ပြု ကြေညာခဲ့တဲ့နောက် လက်ရှိ ဒုတိယ သမ္မတ ဟားရစ်ဟာ ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု သမ္မတလောင်း အနေနဲ့ ရွေးကောက်ပွဲမှာ ထရမ့်ကို စိန်ခေါ်ဖို့ အနီးစပ်ဆုံး ဖြစ်လာပါတယ်။ လုပ်ထုံးလုပ်နည်းတွေအရ ဟားရစ်ဟာ သမ္မတလောင်း နေရာအတွက် ရွေးချယ် မခံရသေးပေမယ့်လည်း ပါတီရဲ့ ထိပ်သီး ခေါင်းဆောင်ပိုင်း အများစုဆီက ထောက်ခံမှုကို စုစည်း ရရှိထားပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ဘိုင်ဒန်က ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်ကြောင်း ကြေညာပြီး ၃၆ နာရီအတွင်း ဟားရစ်ရဲ့ ရွေးကောက်ပွဲ ရန်ပုံငွေအတွက် ထောက်ပံ့လှူဒါန်းမှုတွေဟာ ဒေါ်လာ သန်း ၁၀၀ ထိ ရရှိလာတာကို ကြည့်ရင် အာရှတောင်ပိုင်းနွယ်ဖွား အမျိုးသမီးဟာ ထရမ့်အတွက် လျှော့တွက်လို့ မရဘူးဆိုတာ မြင်သာလာစေပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အသစ်ထွက်ပေါ်လာတဲ့ လူထုအမြင် စစ်တမ်းတစ်ရပ်မှာ သူဟာ ထောက်ခံမှု ၄၄ ရာခိုင်နှုူန်း၊ ထရမ့်က ၄၂ ရာခိုင်နှုန်းနဲ့ ထရမ့်အပေါ် ကျဉ်းမြောင်းတဲ့ အသာစီး အခြေအနေ ရရှိနေပါတယ်။

ထရမ့်ဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တရားရေး အမှုကိစ္စတွေနဲ့ ရှုပ်ထွေးနေခဲ့ပြီး ရွေးကောက်ပွဲကာလ သူ့ရဲ့ လူမှုရေး အရှုပ်အထွေးဟောင်းတွေ ပေါ်မလာအောင် ရွေးကောက်ပွဲ ရန်ပုံငွေတွေ အသုံးပြုပြီး နှုတ်ပိတ် ဖုံးဖိခဲ့တယ်ဆိုတဲ့ ကိစ္စမျိုးတွေမှာ ပြစ်မှုထင်ရှားကြောင်း တရားရုံး ဆုံးဖြတ်ချက်တွေ ကြုံတွေ့ထားပါတယ်။ ပြီးတော့ အရင် သမ္မတ သက်တမ်းတုန်းက အရေးကြီး စာရွက်စာတမ်းတွေကို စနစ်တကျ မထိန်းသိမ်းတာမျိုး၊ အခွန်ကိစ္စ မရိုးသားမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲခံရတာမျိုးတွေနဲ့လည်း အမှုဖြစ်နေပြန်ပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ အမှုစစ်ချုပ် တာဝန်ကို ထမ်းဆောင်ဖူးခဲ့တဲ့ ဟားရစ်ကတော့ အမေရိကန် ပြည်သူတွေဟာ သူ့လိုမျိုး ဥပဒေ ဘက်တော်သားဟောင်း တစ်ယောက်နဲ့ ဥပဒေ ချိုးဖောက်သူ ရာဇဝတ်သား တစ်ယောက်ကြားမှာ ရွေးချယ်ဖို့ အချိန် ရောက်လာပြီလို့ မီလ်ဝေါ်ကီမြို့မှာ ပြုလုပ်တဲ့ မဲဆွယ် ဟောပြောမှုမှာ ထရမ့်ကို ရည်ရွယ် ထိုးနှက်သွားပါတယ်။

သူ့ရဲ့ အမှုစစ်ချုပ် ဘဝမှာ ရာဇဝတ်သား ပေါင်းစုံကို ကိုင်တွယ် ချိုးနှိမ်ခဲ့ဖူးကြောင်း၊ အမျိုးသမီးတွေကို အနိုင်ကျင့်တဲ့ မသမာသူတွေ၊ လူလိမ်တွေ၊ ကိုယ်ကျိုးစီးပွားအတွက် ဥပဒေကို လက်တစ်လုံးခြား လုပ်သူတွေ အားလုံးကို ဖော်ထုတ် အရေးယူခဲ့ဖူးကြောင်း၊ ဒီအတွေ့အကြုံတွေကြောင့် ထရမ့်ဟာ ဘယ်လိုလူစားလဲဆိုတာ သူကောင်းကောင်း သိနေကြောင်း၊ ပြီးတော့ ဘဝတလျှောက် ဖြတ်သန်းနေထိုင်ခဲ့မှုတွေမှာ သူဟာ ထရမ့်ကို အချိန်မရွေး ဂုဏ်ယူစွာ ယှဉ်ပြိုင်ရဲကြောင်း ဟားရစ်က ကြွေးကြော်သွားခဲ့ပါတယ်။

ထရမ့်ကတော့ ဟားရစ်ဟာ လက်ဝဲစွန်း နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး အမေရိကန်လို နိုင်ငံမျိုးမှာ အဲဒီ နိုင်ငံရေး အမြင်ဟာ အရာရာကို ဖျက်ဆီးပစ်မယ့် ရွေးချယ်မှုလို့ စွပ်စွဲထားပါတယ်။ သူ့အတွက်တော့ ဘိုင်ဒန်နဲ့ ယှဉ်ရင် ဟားရစ်ကို အနိုင်ယူဖို့ ပိုလွယ်ကူတယ်လို့ ယုံကြည်ကြောင်း၊ ဘိုင်ဒန်က နည်းနည်းပိုပြီး လှေကြီးထိုး ရိုးရိုးဆန်ပေမယ့် ဟားရစ်နဲ့ အရမ်းကွဲပြားတာမျိုးတော့ မဟုတ်ကြောင်းလည်း ထရမ့်က သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒေါ်နယ်လ်ထရမ့်နဲ့ လူချင်းတွေ့ဆုံခဲ့တာဟာ သမိုင်းဝင် ဆွေးနွေးမှု တစ်ခုလို့ ဗင်နီဇွဲလား ယာယီ သမ္မတက ပြောကြားခဲ့ပါတယ်။

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ဟာ ဆိုးယုတ်တဲ့ အဖွဲ့အစည်း တစ်ခုလို့ သူ့ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထည့်သွင်း စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

Facebook