Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆယ်စုနှစ် တစ်ခုအတွင်း စည်းကမ်းချိုးဖောက်လို့ အလုပ်ထုတ်ခံရတဲ့ မလေးရှား ရဲတပ်ဖွဲ့ဝင် ၁၆၀၀ ကျော်ရှိ

ကျင့်ဝတ်စံနှုန်းများ ကွပ်ကဲရေးဌာန အကြီးအကဲ အက်ဇရီ အာမက်က ၁၀ နှစ်တာ ကာလအတွင်း ရဲအရာရှိတွေနဲ့ ရဲတပ်သားတွေ စုစုပေါင်း ၁၆၇၁ ဦးဟာ စည်းကမ်းချိုးဖောက်မှုတွေအတွက် အလုပ်ထုတ်ခံခဲ့ရတယ်လို့ ပြောကြားသွားပါတယ်။

ဆယ်စုနှစ် တစ်ခုစာ ကာလအတွင်းမှာ အရာရှိတွေ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၆၀၀ ကျော်ဟာ စည်းကမ်းပိုင်း အရေးယူမှုတွေအရ အလုပ်ထုတ် ခံခဲ့ရတယ်လို့ မလေးရှားက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ကျင့်ဝတ်စံနှုန်းများ ကွပ်ကဲရေးဌာန အကြီးအကဲ အက်ဇရီ အာမက်က ၁၀ နှစ်တာ ကာလအတွင်း ရဲအရာရှိတွေနဲ့ ရဲတပ်သားတွေ စုစုပေါင်း ၁၆၇၁ ဦးဟာ စည်းကမ်းချိုးဖောက်မှုတွေအတွက် အလုပ်ထုတ်ခံခဲ့ရတယ်လို့ ပြောကြားသွားပါတယ်။

၂၀၀၄ ခုနှစ် ဇွန်လကနေ အခုနှစ် ဇွန်လထိ ကြာမြင့်တဲ့ ကာလအတွင်း နောက်ထပ် ရဲအရာရှိနဲ့ ရဲဝန်ထမ်း ၁၅၅၄၆ ဦးကတော့ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှု အမျိုးမျိုးကို ကြုံတွေ့ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဌာနဟာ ရဲတွေရဲ့ စည်းကမ်းနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ချိုးဖောက်မှု ဖြစ်နိုင်ခြေ ၄၀၄၃၆ ခုကို စုံစမ်း စစ်ဆေးခဲ့တယ်လို့လည်း အာမက်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ရဲဝန်ထမ်း ၁၀၀၀၀ နဲ့ ၂၀၀၀၀ ကြားလောက်ဟာ အပြုအမူပိုင်းနဲ့ ပတ်သက်လို့ စောင့်ကြည့်ခံရတာ၊ တိုက်ရိုက်ခေါ်ယူ မေးခွန်းထုတ်ခံရတာတွေ ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

သူ့ဌာနရဲ့ အဓိက တာဝန်ဟာ ပြည်သူ့ လုံခြုံရေးအတွက် ရှေ့ဆုံးတန်းက တာဝန်ယူနေရတဲ့ ဝန်ထမ်းတွေက သူတို့ရဲ့ ကျင့်ဝတ် တာဝန်တွေကို စည်းကမ်း၊ စံနှုန်း၊ ညွှန်ကြားချက်၊ စံသတ်မှတ်ချက်တွေနဲ့အညီ ထမ်းဆောင်ရဲ့လား ဆိုတာကို စောင့်ကြည့်ဖို့ ဖြစ်တယ်လို့ အာမက်က ဆက်ပြောသွားပါတယ်။

ဒါ့အပြင် စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်မှုတွေ ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိတဲ့ ရဲဝန်ထမ်းတွေ၊ အရာရှိတွေဟာ သတ်မှတ် ဥပဒေတွေနဲ့အညီ အရေးယူခံရမှာ ဖြစ်တယ်လို့လည်း အာမက်က သတိပေးသွားပါတယ်။

သူက ပြီးခဲ့တဲ့ တစ်နှစ်တာ အတောအတွင်းမှာတင် မလေးရှားမှာ ရဲစုစုပေါင်း ၁၉၃၅၂ ဦးဟာ စုံစမ်းစစ်ဆေးမှုတွေ ခံခဲ့ရပြီး ၁၃၉၆ ဦးက အတိုင်းအတာ မတူညီတဲ့ စည်းမျဉ်းချိုးဖောက်မှု အမျိုးမျိုး ရှိခဲ့တာကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း ပြောပါတယ်။

မေလဆန်းတုန်းက မလေးရှား ရဲအရာရှိကြီး နှစ်ဦးဟာ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက စစ်လက်နက်တွေ ဝယ်ယူမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတာကို အမှုပိတ်ပေးဖို့ ရင်းဂစ်ငွေ ၁ သန်း (ဒေါ်လာ ၂၁၅၀၀၀) လာဘ်ယူပြီး လက်ခံခဲ့တဲ့ကိစ္စ ပေါ်ပေါက်လာတာကြောင့် တရားစွဲဆို ခံခဲ့ရပါတယ်။

သီးခြားဖြစ်စဉ် တစ်ခုအနေနဲ့ အရာရှိကြီးတွေ အပါအဝင် အနည်းဆုံး ရဲ ၆ ဦးဟာ ရင်းဂစ်ငွေ ၁.၂၅ သန်း ငွေညှစ်တဲ့ ကိစ္စတစ်ခုမှာ အလိုတူ အလိုပါ ပူးပေါင်းကြံစည်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိလို့ အဖမ်းခံခဲ့ရပါတယ်။

ကိုးကား: CNA⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

နိုင်ငံတကာ

မလေးရှား နိုင်ငံမှာ လူနာတင် ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ မလေးရှား အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ဆက်စပ်မှု လုံးဝမရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အခုတလော မလေးရှားအစိုးရကထိန်းသိမ်းရေးစခန်းတွေမှာဖမ်းဆီးထားတဲ့ စာရွက်စာတမ်းမဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်အနက်၅,၀၀၀ ခန့်ကိုမြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းကြောင့်ဖမ်းဆီးခံထားရသူတွေနဲ့ အပြင်မှာ ကျန်ရှိနေတဲ့မိသားစုဝင်တွေရဲ့ရင်ကို ပူလောင်စေပြီး၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာ နေပါတယ်။

Facebook