Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆယ်စုနှစ် တစ်ခုအတွင်း စည်းကမ်းချိုးဖောက်လို့ အလုပ်ထုတ်ခံရတဲ့ မလေးရှား ရဲတပ်ဖွဲ့ဝင် ၁၆၀၀ ကျော်ရှိ

ကျင့်ဝတ်စံနှုန်းများ ကွပ်ကဲရေးဌာန အကြီးအကဲ အက်ဇရီ အာမက်က ၁၀ နှစ်တာ ကာလအတွင်း ရဲအရာရှိတွေနဲ့ ရဲတပ်သားတွေ စုစုပေါင်း ၁၆၇၁ ဦးဟာ စည်းကမ်းချိုးဖောက်မှုတွေအတွက် အလုပ်ထုတ်ခံခဲ့ရတယ်လို့ ပြောကြားသွားပါတယ်။

ဆယ်စုနှစ် တစ်ခုစာ ကာလအတွင်းမှာ အရာရှိတွေ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၆၀၀ ကျော်ဟာ စည်းကမ်းပိုင်း အရေးယူမှုတွေအရ အလုပ်ထုတ် ခံခဲ့ရတယ်လို့ မလေးရှားက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ကျင့်ဝတ်စံနှုန်းများ ကွပ်ကဲရေးဌာန အကြီးအကဲ အက်ဇရီ အာမက်က ၁၀ နှစ်တာ ကာလအတွင်း ရဲအရာရှိတွေနဲ့ ရဲတပ်သားတွေ စုစုပေါင်း ၁၆၇၁ ဦးဟာ စည်းကမ်းချိုးဖောက်မှုတွေအတွက် အလုပ်ထုတ်ခံခဲ့ရတယ်လို့ ပြောကြားသွားပါတယ်။

၂၀၀၄ ခုနှစ် ဇွန်လကနေ အခုနှစ် ဇွန်လထိ ကြာမြင့်တဲ့ ကာလအတွင်း နောက်ထပ် ရဲအရာရှိနဲ့ ရဲဝန်ထမ်း ၁၅၅၄၆ ဦးကတော့ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှု အမျိုးမျိုးကို ကြုံတွေ့ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဌာနဟာ ရဲတွေရဲ့ စည်းကမ်းနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ချိုးဖောက်မှု ဖြစ်နိုင်ခြေ ၄၀၄၃၆ ခုကို စုံစမ်း စစ်ဆေးခဲ့တယ်လို့လည်း အာမက်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ရဲဝန်ထမ်း ၁၀၀၀၀ နဲ့ ၂၀၀၀၀ ကြားလောက်ဟာ အပြုအမူပိုင်းနဲ့ ပတ်သက်လို့ စောင့်ကြည့်ခံရတာ၊ တိုက်ရိုက်ခေါ်ယူ မေးခွန်းထုတ်ခံရတာတွေ ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

သူ့ဌာနရဲ့ အဓိက တာဝန်ဟာ ပြည်သူ့ လုံခြုံရေးအတွက် ရှေ့ဆုံးတန်းက တာဝန်ယူနေရတဲ့ ဝန်ထမ်းတွေက သူတို့ရဲ့ ကျင့်ဝတ် တာဝန်တွေကို စည်းကမ်း၊ စံနှုန်း၊ ညွှန်ကြားချက်၊ စံသတ်မှတ်ချက်တွေနဲ့အညီ ထမ်းဆောင်ရဲ့လား ဆိုတာကို စောင့်ကြည့်ဖို့ ဖြစ်တယ်လို့ အာမက်က ဆက်ပြောသွားပါတယ်။

ဒါ့အပြင် စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်မှုတွေ ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိတဲ့ ရဲဝန်ထမ်းတွေ၊ အရာရှိတွေဟာ သတ်မှတ် ဥပဒေတွေနဲ့အညီ အရေးယူခံရမှာ ဖြစ်တယ်လို့လည်း အာမက်က သတိပေးသွားပါတယ်။

သူက ပြီးခဲ့တဲ့ တစ်နှစ်တာ အတောအတွင်းမှာတင် မလေးရှားမှာ ရဲစုစုပေါင်း ၁၉၃၅၂ ဦးဟာ စုံစမ်းစစ်ဆေးမှုတွေ ခံခဲ့ရပြီး ၁၃၉၆ ဦးက အတိုင်းအတာ မတူညီတဲ့ စည်းမျဉ်းချိုးဖောက်မှု အမျိုးမျိုး ရှိခဲ့တာကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း ပြောပါတယ်။

မေလဆန်းတုန်းက မလေးရှား ရဲအရာရှိကြီး နှစ်ဦးဟာ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက စစ်လက်နက်တွေ ဝယ်ယူမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတာကို အမှုပိတ်ပေးဖို့ ရင်းဂစ်ငွေ ၁ သန်း (ဒေါ်လာ ၂၁၅၀၀၀) လာဘ်ယူပြီး လက်ခံခဲ့တဲ့ကိစ္စ ပေါ်ပေါက်လာတာကြောင့် တရားစွဲဆို ခံခဲ့ရပါတယ်။

သီးခြားဖြစ်စဉ် တစ်ခုအနေနဲ့ အရာရှိကြီးတွေ အပါအဝင် အနည်းဆုံး ရဲ ၆ ဦးဟာ ရင်းဂစ်ငွေ ၁.၂၅ သန်း ငွေညှစ်တဲ့ ကိစ္စတစ်ခုမှာ အလိုတူ အလိုပါ ပူးပေါင်းကြံစည်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိလို့ အဖမ်းခံခဲ့ရပါတယ်။

ကိုးကား: CNA⁩

ဆက်စပ်သတင်းများ

သတင်း

လုံခြုံ​ရေးစိုးရိမ်​နေတဲ့အာဏာသိမ်း​ခေါင်း​ဆောင်ဟာ​တွေ့ဆုံပွဲပြီး အမြန်ပြန်ဖွယ်ရှိ

သတင်း

မလေးရှား နိုင်ငံက စျေးတစ်ခုမှာ အာဏာပိုင်တွေက အလစ်ဝင်ရောက် စီးနင်းခဲ့မှုအတွင်း မြန်မာနိုင်ငံသားတွေ အပါအဝင် အထောက်အထားမဲ့ နိုင်ငံခြား အလုပ်သမား ၁၀၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

မလေးရှား နိုင်ငံမှာ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုလို့ ယုံကြည်ရတဲ့ အခြေအနေနဲ့အတူ ဧရာမ မီးတောက်ကြီး ကောင်းကင်ပေါ် ထိုးတက်နေတဲ့ မီးလောင်မှုမျိုး ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

နယ်မြေပိုင်နက် သတ်မှတ်ချက်နဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ဖြစ်ပေါ်စေတဲ့ မြေပုံကို appထဲမှာ ထည့်သွင်းမိခဲ့တဲ့နောက် တရုတ်ရဲ့ နို့လက်ဖက်ရည် လုပ်ငန်းစုကြီး Chageeဟာ မလေးရှားနဲ့ ဗီယက်နမ် ပြည်သူတွေရဲ့ ဒေါသနဲ့ ကြုံတွေ့နေပါတယ်။