Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် စာသင်ကျောင်း ပစ်ခတ်မှုမှာ ၄ ဦးသေဆုံး၊ ၁၄ နှစ်သား သံသယ တရားခံကို ဖမ်းဆီးထား

အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာ ပြည်နယ်ထဲက စာသင်ကျောင်း တစ်ခုမှာ လူ ၄ ဦးကို ပစ်သတ်ခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ယောက်ကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာ ပြည်နယ်ထဲက စာသင်ကျောင်း တစ်ခုမှာ လူ ၄ ဦးကို ပစ်သတ်ခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ယောက်ကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

စက်တင်ဘာ ၄ ရက်နေ့က ဂျော်ဂျီယာပြည်နယ်၊ ဝင်ဒါမြို့မှာရှိတဲ့ အေပါလာချီ အထက်တန်းကျောင်းမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး ၄ ဦးသေ၊ ၉ ဦး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူတွေဟာ ကျောင်းသားနှစ်ဦးနဲ့ ဆရာနှစ်ဦး ဖြစ်ပါတယ်။

သေနတ်သမား ကို့လ်ထ်ဂရေး ကိုယ်တိုင်ဟာ အဲဒီကျောင်းရဲ့ ကျောင်းသားတစ်ယောက် ဖြစ်ပြီး ရဲတွေ ရောက်လာချိန် ကျောင်းဝင်းထဲမှာတင် လက်နက်ချ အဖမ်းခံခဲ့ပါတယ်။ သူဟာ တရားခွင် စစ်ဆေး မေးမြန်းမှုတွေမှာ အရွယ်ရောက်ပြီးသူ တစ်ဦးလိုမျိုး ကြုံတွေ့ရမယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် ထောက်လှမ်းရေးဌာန FBIဟာ အမည်မသိ ရင်းမြစ်တစ်ခုရဲ့ သတင်းပေးမှုကြောင့် ကျောင်းတွင်းပစ်ခတ်မှု ကျူးလွန်နိုင်ခြေနဲ့ ပတ်သက်ပြီး မနှစ်တုန်းက ဂရေးကို တွေ့ဆုံ မေးမြန်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီတုန်းကတော့ သူ့ကို ဖမ်းဆီးတာမျိုး မရှိခဲ့ပါဘူး။

မြို့ခံ ရဲတပ်ဖွဲ့ အကြီးအကဲ ဂျတ်ဒ်စမစ်သ်က အခုပစ်ခတ်မှုဟာ ဆိုးယုတ်ရက်စက်တဲ့ လုပ်ရပ်သက်သက်သာ ဖြစ်တယ်လို့ ဝေဖန် ရှုတ်ချခဲ့ပါတယ်။ သူက သတင်းအရ ရဲတွေ ရောက်သွားချိန်မှာ သံသယ တရားခံဟာ ချက်ချင်း လက်နက်ချပြီး မြေပေါ်မှာ လှဲလျောင်းခဲ့ကြောင်း၊ အရာရှိတွေက သူ့ကို ဖမ်းပြီးတော့ ချုပ်နှောင်ထားခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

လက်ရှိ အခြေအနေမှာတော့ ဂရေးဘာကြောင့် ပစ်ခတ်မှု ကျူးလွန်ခဲ့သလဲဆိုတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်သလို သူဟာ ကျောင်းထဲမှာ ရှိနေသူ တစ်ယောက်ယောက်ကို သီးသန့် ပစ်မှတ်ထားခဲ့တယ်ဆိုတဲ့ အထောက်အထားလည်း မတွေ့သေးဘူးလို့ ရဲတွေက ဆိုပါတယ်။

၂၀၂၃ ခုနှစ်တုန်းက အသက် ၁၃ နှစ်သာ ရှိသေးတဲ့ ဂရေးဟာ သေနတ်ပုံတွေ အွန်လိုင်းမှာ တင်ခဲ့တာ အပါအဝင် ကျောင်းတွင်းခြိမ်းခြောက်မှု ကျူးလွန်မယ်ဆိုတဲ့ သဘောမျိုး ခြိမ်းခြောက် ရေးသားမှုတွေကြောင့် FBIဆီ တစ်စုံတစ်ဦးက တိုင်ကြားခဲ့ပြီး အေးဂျင့်တွေက နေအိမ်ထိ သွားရောက်ပြီး ဂရေးနဲ့ ဖခင်ဖြစ်သူကို တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ ဖခင်ဖြစ်သူက သူ့အိမ်မှာ အမဲလိုက် ရိုင်ဖယ်တွေ ရှိနေကြောင်း၊ သူ့သားက အဲဒီသေနတ်တွေကို ဓာတ်ပုံရိုက်ခဲ့တာ ဖြစ်နိုင်ကြောင်း ပြောပေမယ့် ဂရေးကတော့ သူဟာ ခြိမ်းခြောက်တဲ့ပို့စ်တွေ မတင်ခဲ့ပါဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ အဲဒီတုန်းက FBIဟာ ကျောင်းကို ဆက်သွယ်ပြီး ကလေးနဲ့ ပတ်သက်လို့ သတိကြီးကြီး စောင့်ကြည့်ဖို့သာ မှာကြားခဲ့ပါတယ်။

အခုသီတင်းပတ် ပစ်ခတ်မှုမှာ ဂရေးလက်ချက်ကြောင့် သေဆုံးသွားသူ တစ်ဦးဟာ အသက် ၁၄ နှစ်အရွယ် မေဆန် ရှာမာဟောင်ဖြစ်ပြီး အော်တစ်ဇင် ဝေဒနာသည် တစ်ဦးလို့ ဆိုပါတယ်။

ရွေးကောက်ပွဲကြို မဲဆွယ်မှု အစီအစဉ်အဖြစ် နယူးဟမ့်ရှိုင်းယားကို ရောက်နေတဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းနဲ့ လက်ရှိ ဒုတိယ သမ္မတ ကာမာလာ ဟားရစ်က အခု ပစ်ခတ်မှုဟာ အဓိပ္ပါယ် ကင်းမဲ့လွန်းတဲ့ ကြေကွဲစရာ ဖြစ်ရပ်လို့ ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ ပြိုင်ဘက် ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ကလည်း အပြစ်မဲ့ ကလေးငယ်တွေဟာ စိတ်ဖောက်နေတဲ့ မကောင်းဆိုးရွားကြောင့် မိဘတွေ ရင်ခွင်ကို အစောကြီး စွန့်ခွာခဲ့ရတယ်လို့ လူမှုကွန်ရက် မီဒီယာမှာ ဝေဖန် ရေးသားထားခဲ့ပါတယ်။

အမေရိကန်ရဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အဆင့်အမြင့်ဆုံး အရာရှိဖြစ်သူ ရှေ့နေချုပ် မားရစ်ခ် ဂါလန်က ဖက်ဒရယ် ထောက်လှမ်းရေး အေးဂျင့်တွေဟာ စုံစမ်းစစ်ဆေးမှု ကဏ္ဍမှာ ဂျော်ဂျီယာ ရဲတွေကို ပါဝင်ကူညီပေးနေတယ်လို့ ပြောကြားထားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။