Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းဆီ နျူကလီးယား လက်နက်တွေ ပြန်လွှဲပေးမှာ မဟုတ်ကြောင်း အမေရိကန်ပြော

တစ်ချိန်တုန်းက ယူကရိန်း လွှဲပြောင်းပေးထားခဲ့တဲ့ နျူကလီးယား လက်နက်တွေကို ပြန်လည် ပေးအပ်သွားမှာ မဟုတ်ကြောင်း အမေရိကန် အစိုးရက အတည်ပြု ပြောကြားခဲ့ပါတယ်။

တစ်ချိန်တုန်းက ယူကရိန်း လွှဲပြောင်းပေးထားခဲ့တဲ့ နျူကလီးယား လက်နက်တွေကို ပြန်လည် ပေးအပ်သွားမှာ မဟုတ်ကြောင်း အမေရိကန် အစိုးရက အတည်ပြု ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက New York Times သတင်းစာဟာ အမည်မဖော်တဲ့ အမေရိကန် ထိပ်တန်း စစ်ဘက် အရာရှိ တချို့ကို ကိုးကားပြီး သမ္မတ ဂျိုးဘိုင်ဒန်ဟာ သူ့ရဲ့ ရာထူးသက်တမ်း မကုန်ဆုံးခင်မှာ ယူကရိန်းကို နျူကလီးယား လက်နက်တွေ ပြန်လည် ပေးအပ်သွားဖွယ် ရှိနေကြောင်း ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ အိမ်ဖြူတော်ရဲ့ လုံခြုံရေး အကြံပေး အရာရှိ ဂျိတ်ခ်ဆူလီဗန်ကတော့ ဒီဇင်ဘာ ၁ ရက်နေ့တုန်းက ABC သတင်းဌာနနဲ့ အင်တာဗျူးမှာ New York Timesရဲ့ အဲဒီ ဖော်ပြချက်ကို ယတိပြတ် ငြင်းဆိုသွားခဲ့ပါတယ်။

အမေရိကန်ဟာ ယူကရိန်းက ကိုယ့်ကိုယ်ကိုယ် ကြံ့ကြံ့ခံ ရပ်တည် ကာကွယ်နိုင်စေဖို့နဲ့ ရုရှားကို အန်တု တိုက်ခိုက်နိုင်ဖို့အတွက် နည်းလမ်းမျိုးစုံ စဉ်းစားထားကြောင်း၊ ဒါပေမဲ့ အဲဒီထဲမှာ နျူကလီးယား လက်နက် စွမ်းရည်တော့ ပါဝင်မှာ မဟုတ်ကြောင်း သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

New York Times သတင်းစာရဲ့ ဆောင်းပါး ထွက်ပေါ်ခဲ့တဲ့နောက် ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရုရှားက တကယ်သာ ယူကရိန်းလက်ထဲ အမေရိကန်က နျူကလီးယား လက်နက်တွေ လွှဲပေးမယ်ဆိုရင် အင်မတန် ရူးမိုက်တဲ့ လုပ်ရပ်မျိုး ဖြစ်လိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ တစ်ဖက်မှာတော့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ယူကရိန်းကို နျူကလီးယား လက်နက်တွေ အသုံးပြု တိုက်ခိုက်နိုင်တယ် ဆိုတာမျိုး စစ်ပွဲကာလတလျှောက် မကြာခဏ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

၁၉၉၁ ခုနှစ်တုန်းက ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲမှုနဲ့အတူ ခွဲထွက်လာတဲ့ ယူကရိန်းဟာ နျူကလီးယား လက်နက်တွေကို ဆက်ခံခွင့် ရခဲ့ပြီး အဲဒီတုန်းက ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်မှု တတိယ အများဆုံး နိုင်ငံ ဖြစ်ခဲ့ပါတယ်။ ၁၉၉၄ မှာတော့ ယူကရိန်းဟာ အဲဒီ လက်နက်တွေကို စွန့်လွှတ်ဖို့ သဘောတူပြီး အမေရိကန်၊ ရုရှားနဲ့ ဗြိတိန်တို့ဆီ လွှဲပြောင်းပေးခဲ့သလို အဲဒီသုံးနိုင်ငံက ယူကရိန်းရဲ့ လုံခြုံရေးအတွက် အာမခံခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ အဲဒီ အာမခံထားတဲ့ သုံးနိုင်ငံထဲက ရုရှားဟာ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: ABC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။