Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂီနီယာက ဘောလုံးပွဲ တစ်ခုမှာ ပရိသတ်တွေ ဆူပူရာက အချင်းချင်း တက်နင်းမိကြလို့ အများအပြားသေဆုံး

ဂီနီယာ နိုင်ငံက ဘောလုံးပွဲ တစ်ခုမှာ ပရိသတ်တွေ ဆူပူကြပြီး နောက်ဆက်တွဲ အုတ်အော်သောင်းနင်း အခြေအနေတွေကနေ အချင်းချင်း တက်နင်းမိကြလို့ အများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဂီနီယာ နိုင်ငံက ဘောလုံးပွဲ တစ်ခုမှာ ပရိသတ်တွေ ဆူပူကြပြီး နောက်ဆက်တွဲ အုတ်အော်သောင်းနင်း အခြေအနေတွေကနေ အချင်းချင်း တက်နင်းမိကြလို့ အများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့တုန်းက ဂီနီယာရဲ့ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ အန်ဇီရီကိုရီမြို့မှာ ကြုံတွေ့ခဲ့တဲ့ အနိဋ္ဌာရုံ ဖြစ်ရပ်ကြောင့် သေဆုံးသူ ဦးရေကို အာဏာပိုင်တွေက အတိအကျ မကြေညာသေးပေမယ့် သတင်းတချို့ကတော့ လူ ၁၀၀ ဝန်းကျင်ထိ များပြားနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဝန်ကြီးချုပ် မာမာဒူ အူရီဘားဟ်က ဆိုးရွားတဲ့ ဖြစ်ရပ်တစ်ခုမှာ လူ့အသက် အများအပြား ဆုံးရှုံးခဲ့တယ် ဆိုတာကို အတည်ပြုခဲ့ပြီး လူထုအနေနဲ့ စိတ်အေးအေးထား တုံ့ပြန်ကြဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ အသေအပျောက် စာရင်းကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

မြို့တွင်းမှာရှိတဲ့ ဆေးရုံတစ်ခုမှာတော့ အမည်မဖော်လိုတဲ့ ဆရာဝန် တစ်ယောက်က ရေခဲတိုက်ထဲမှာ နေရာပြည့်သွားတဲ့အပြင် အလောင်းတွေပါ တန်းစီနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒိုင်လူကြီးရဲ့ အဆုံးအဖြတ်တွေကို မကျေနပ်တဲ့ ပရိသတ်တွေက ကွင်းထဲကို ပြေးဝင်ကြရာက အရှုပ်အထွေးတွေ စတင်ခဲ့တယ်လို့ မျက်မြင်တွေက ဆိုပါတယ်။ ကြောက်လန့်တကြား ဖြစ်နေတဲ့သူ အများအပြားဟာ နံရံတွေကို တွယ်တက်ပြီး ဘောလုံးကွင်း အပြင်ဖက် ထွက်ပြေးဖို့ ကြိုးစားခဲ့သလို မြေပြင်ပေါ်မှာလည်း အလောင်းတွေ အတုံးအရုံး လဲကျနေခဲ့တယ်လို့ အသက်ရှင် လွတ်မြောက်လာသူတွေက ပြောပြကြပါတယ်။

ပြည်တွင်း ကလပ်နှစ်ခု ယှဉ်ပြိုင်ကြတဲ့ ပွဲစဉ်ကို အားပေးနေသူ ပရိသတ် အရေအတွက် ထောင်ဂဏန်း တော်တော်များများ ရှိနေချိန်မှာ အဲဒီ အခြေအနေဆိုးကြီး ပေါ်ပေါက်ခဲ့တာလို့လည်း ဒေသခံ မီဒီယာတွေ ဖော်ပြထားကြပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ ကျင်းပခဲ့တဲ့ ဘောလုံးပြိုင်ပွဲမှာ ကစားသမားတွေတင်မကဘဲ နှစ်ဘက်ပရိသတ်တွေပါ အငြင်းပွားမှုဖြစ်ပြီး တုတ်တွေ၊ခဲတွေနဲ့ပါ ပစ်ပေါက်ခဲ့ကြတာကြောင့် ပွဲပျက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

မြို့တွင်းမှာရှိတဲ့ ဆေးရုံတစ်ခုမှာတော့ အမည်မဖော်လိုတဲ့ ဆရာဝန် တစ်ယောက်က ရေခဲတိုက်ထဲမှာ နေရာပြည့်သွားတဲ့အပြင် အလောင်းတွေပါ တန်းစီနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။