Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကယ်လီဖိုးနီးယားမှာ ရစ်ချ်တာစကေး ၇.၀ အဆင့် ငလျင်လှုပ်၊ ဆူနာမီ သတိပေးချက်ပါ ထုတ်ပြန်ခဲ့ရ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်း ကမ်းလွန်မှာ ရစ်ချ်တာစကေး ၇.၀ အဆင့် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေပါ ထုတ်ပြန်ခဲ့ရပါတယ်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်း ကမ်းလွန်မှာ ရစ်ချ်တာစကေး ၇.၀ အဆင့် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေပါ ထုတ်ပြန်ခဲ့ရပါတယ်။

အာဏာပိုင်တွေဟာ ကယ်လီဖိုးနီးယား မြောက်ပိုင်းရော၊ အော်ရီဂွန် တောင်ပိုင်းမှာပါ ကမ်းရိုးတန်းဒေသ နေထိုင်သူတွေဆီ ဆူနာမီ သတိပေးချက်တွေ အလျင်အမြန် ပေးပို့ခဲ့ရပါတယ်။ အဲဒီကြေညာချက်ဟာ လူပေါင်း ၄.၇ သန်းလောက်ကို လွှမ်းခြုံစေခဲ့ပါတယ်။ ဒါပေမဲ့ နာရီပိုင်း အကြာမှာတော့ အန္တရာယ် သတိပေးချက်ကို ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့ ငလျင်ကြီးရဲ့ ဗဟိုချက်ဟာ ဆန်ဖရန်ဆစ္စကို မြောက်ဖက် မိုင်ပေါင်း ၂၆၀ လောက် အကွာမှာ တည်ရှိတဲ့ ဖန်ဒေးလ်မြို့လေးနဲ့ အတော်လေး နီးကပ်ခဲ့ပါတယ်။ ငလျင်ကြောင့် ပြတင်းမှန်တွေ ကွဲတာ၊ စျေးဝယ်စင်တာတွေမှာ ပစ္စည်းတွေ ပြုတ်ကျတာမျိုးတွေ ရှိခဲ့ပေမယ့်လည်း ထိခိုက်သေကြေမှုနဲ့ အရမ်းဆိုးရွားတဲ့ ပျက်စီးဆုံးရှုံးမှုတွေတော့ မရှိခဲ့ပါဘူး။

ဖန်ဒေးလ်မြို့ ဖွဲ့စည်းပါဝင်ရာ ဟူးဘော့လ်ထ် ခရိုင်ထဲမှာ ဓာတ်ကြိုးတွေ ပြတ်တောက်ကုန်လို့ လူ ၁၀၀၀၀ ကျော်လောက်ဟာ ယာယီ မီးပြတ်တဲ့ အခြေအနေကို ကြုံခဲ့ရပါတယ်။ ငလျင်ရဲ့ သက်ရောက်မှုကို သိသိသာသာ ခံစားခဲ့ရပေမယ့် ကံအားလျော်စွာနဲ့ပဲ အရမ်းဆိုးရွားတဲ့ ပျက်စီးမှုတွေတော့ မရှိခဲ့ဘူးလို့ ဖန်ဒေးလ် မြို့ခံ တစ်ယောက်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆူနာမီ သတိပေးချက် ထုတ်ပြန်ပြီး ပြန်မပယ်ဖျက်ခင် အတောအတွင်း ကမ်းခြေဟိုတယ်တွေဟာ ဧည့်သည်တွေကို အရေးပေါ် ရွှေ့ပြောင်းစေပြီး ကုန်းတွင်း အမြင့်ပိုင်းဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ လူမှုကွန်ရက် မီဒီယာတွေမှာလည်း ဆူနာမီ အန္တရာယ် ဇုန်တွေကနေ ချက်ချင်း ရွှေ့ကြဖို့ ပို့စ်တွေ တင်နေတာကို တွေ့ရပါတယ်။

အမေရိကန် အနောက်ဖက် ကမ်းလွန်မှာ ရေအောက် ကျောက်လွှာတွေ လှုပ်ရှားမှုကြောင့် ငလျင်တွေ ဖြစ်ပေါ်တတ်ပေမယ့်လည်း ရစ်ချ်တာစကေး ၇.၀ အဆင့်ထိ ပြင်းထန်တာမျိုးဟာ အတော်ရှားပါးတဲ့ အခြေအနေလို့ ပညာရှင်တွေက ပြောပါတယ်။

အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီရဲ့ အဆိုအရ အခုနှစ်ထဲမှာ ရစ်ချ်တာစကေး ၇ အဆင့် နောက်ထပ် ငလျင်ပေါင်း ၈ ခုထိ ကမ္ဘာအနှံ့မှာ လှုပ်ခတ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာပေါ်မှာ တစ်နှစ်ကို ပျမ်းမျှ ငလျင်ပေါင်း ၂၀၀၀၀ ဝန်းကျင် လှုပ်ခတ်လေ့ရှိပြီး တစ်နည်းအားဖြင့် တစ်နေ့ကို ငလျင် ၅၅ ခုလောက် လှုပ်နေတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။