Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် အားကိုးနဲ့ တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင် ပြဿနာ ရှာနေတယ်လို့ တရုတ်စွပ်စွဲ

အမေရိကန်က မြှောက်ပေးလို့ တောင်တရုတ် ပင်လယ်ထဲမှာ ဖိလစ်ပိုင်ဟာ မကြာခဏ ပြဿနာ ရှာနေတယ်လို့ တရုတ်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

အမေရိကန်က မြှောက်ပေးလို့ တောင်တရုတ် ပင်လယ်ထဲမှာ ဖိလစ်ပိုင်ဟာ မကြာခဏ ပြဿနာ ရှာနေတယ်လို့ တရုတ်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်တို့ဟာ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုကို အကြောင်းပြုပြီး ဆက်ဆံရေး တင်းမာမှုတွေ ရှိနေတဲ့ နိုင်ငံတွေပါ။ တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပြင် တစ်ခုလုံးနီးပါးကို ပိုင်နက်အဖြစ် သိမ်းသွင်း သတ်မှတ်လိုတာကြောင့် ဖိလစ်ပိုင် အပါအဝင် ဒေသတွင်း နိုင်ငံတွေနဲ့ အငြင်းအခုံတွေ ရှိနေခဲ့တာပါ။

ဒါပေမဲ့ ဖိလစ်ပိုင်ကတော့ အမေရိကန်ရဲ့ ကျောထောက်နောက်ခံနဲ့ အကာအကွယ် ရထားတာကို အကြောင်းပြုပြီး တောင်တရုတ်ပင်လယ်ရဲ့ နေရာတော်တော်များများမှာ ပြဿနာ ရှာနေတယ်လို့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဝူကျန်းက စွပ်စွဲသွားခဲ့ပါတယ်။

ဖိလစ်ပိုင်ရဲ့ ပိုင်နက် နယ်မြေတွေ သတ်မှတ်ရာမှာ နိုင်ငံတကာ သဘောတူ စာချုပ်တွေကိုသာ အခြေခံနေပြီး တကယ်တမ်းမှာတော့ တရုတ်ပိုင် စပရတ်လေ ကျွန်းစုနဲ့ စကားဘရော့ ကမ်းဝေး သောင်ခုံကျွန်းတွေ လုံးဝ မပါဘူးဆိုတာ ဖိလစ်ပိုင်ကိုယ်တိုင် ကောင်းကောင်း သဘောပေါက်ထားပြီး ဖြစ်တယ်လို့ ဝူက WeChatမှာ ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်နဲ့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်တွေဟာ အခုနှစ်ထဲမှာ တောင်တရုတ်ပင်လယ်ရဲ့ သန္တာကျောက်တန်းတွေနဲ့ ကမ်းဝေး သောင်ခုံကျွန်းတွေမှာ ရေယာဉ်ချင်း ထိပ်တိုက်ရင်ဆိုင် ပဋိပက္ခ အခြေအနေတွေ မကြာခဏ ကြုံတွေ့ခဲ့ပါတယ်။

တရုတ်ဟာ ဖိလစ်ပိုင်သာ မကဘဲ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့နဲ့လည်း ရေပိုင်နက်ကိစ္စ အငြင်းပွားမှုတွေ ရှိနေပါတယ်။

ဝူရဲ့ စွပ်စွဲပြောဆိုမှုနဲ့ ပတ်သက်လို့ ဖိလစ်ပိုင် အမျိုးသား ရေကြောင်း ကောင်စီနဲ့ အမျိုးသား လုံခြုံရေး ကောင်စီတို့က လတ်တလော ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဖိလစ်ပိုင်ရဲ့ ငါးလုပ်ငန်း ဗျူရိုပိုင် လှေတစ်စီးက စကားဘရော့မှာရှိတဲ့ ဖိလစ်ပိုင် တံငါလှေတွေဆီ ကုန်စည်ပစ္စည်းတွေ သွားပို့တဲ့အချိန် တရုတ် ကမ်းခြေစောင့် သင်္ဘောတွေရဲ့ မီးသတ်ပိုက်နဲ့ လှမ်းထိုးပြီး ရန်စတာကို ခံခဲ့ရတယ်လို့ ဖိလစ်ပိုင် အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။ အဲဒီလုပ်ရပ်နဲ့ ပတ်သက်လို့ တရုတ်ကို အမေရိကန်ကပါ ရှုတ်ချခဲ့ပါတယ်။

တရုတ်ကတော့ ဖိလစ်ပိုင် သင်္ဘော ၄ စီးဟာ တရုတ်ရေပိုင်နက်လို့ သတ်မှတ်ထားရာ စကားဘရော့နားက ရေပြင်ဆီ ချဉ်းနင်း ဝင်ရောက်ဖို့ ကြိုးစားခဲ့တာကြောင့် ဟန့်တားခဲ့တာသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။