Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် စာသင်ကျောင်း ပစ်ခတ်မှုရဲ့ နောက်ခံ အကြောင်းရင်းကို ရှာဖွေနေဆဲလို့ ရဲတပ်ဖွဲ့ပြော

အမေရိကန်မှာ မိန်းကလေးငယ်တစ်ဦး ကျူးလွန်ခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုနဲ့ ပတ်သက်လို့ နောက်ကွယ်က အကြောင်းတရားတွေဟာ တစ်ခုမက ဖြစ်နိုင်တယ်လို့ ရဲတွေက ပြောပါတယ်။

အမေရိကန်မှာ မိန်းကလေးငယ်တစ်ဦး ကျူးလွန်ခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုနဲ့ ပတ်သက်လို့ နောက်ကွယ်က အကြောင်းတရားတွေဟာ တစ်ခုမက ဖြစ်နိုင်တယ်လို့ ရဲတွေက ပြောပါတယ်။

ဝစ္စကွန်ဆင် ပြင်နယ်ထဲမှာရှိတဲ့ မက်ဒီဆန် စီးတီးမြို့မှာ ဖွင့်လှစ်ထားတဲ့ Abundant Life ခရစ်ယာန် ကျောင်းမှာ ဒီဇင်ဘာ ၁၆ ရက်နေ့က အသက် ၁၅ နှစ်အရွယ် မိန်းကလေး တစ်ဦးက သေနတ်နဲ့ ဝင်ပစ်လို့ ၂ ဦးသေပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဆမန်သာဆိုတဲ့ နာမည်နဲ့ ပိုအသိများပြီး နာမည်ရင်း နာတာလီ ရူ(ပ်)နောင်း ဖြစ်တဲ့ သေနတ်သမား မိန်းကလေးကလည်း ကိုယ့်ကိုယ်ကိုယ် ပစ်ခတ် အဆုံးစီရင်သွားခဲ့တယ်လို့ ရဲတွေက နောက်ပိုင်းမှာ ပြောပါတယ်။

အမေရိကန်မှာတော့ စာသင်ကျောင်း ပစ်ခတ်မှု သတင်းတွေနဲ့ မစိမ်းလှပါဘူး။ အဲဒီ အလားတူ ဖြစ်စဉ်တွေ ပေါ်ပေါက်လာတိုင်း အမေရိကန်ရဲ့ လက်နက်ကိုင်ဆောင်ခွင့် လွတ်လပ်မှုနဲ့ ပတ်သက်လို့ အငြင်းအခုံတွေ ပေါ်ပေါက်လေ့ ရှိပါတယ်။

ဆမန်သာက ဘာကြောင့် ကျောင်းထဲဝင်ပြီး ပစ်ခတ်မှု ကျူးလွန်ခဲ့သလဲ ဆိုတာနဲ့ ပတ်သက်လို့ ထင်ကြေးတွေ အမျိုးမျိုး ထွက်ပေါ်ခဲ့တဲ့နောက် မြို့ခံ ရဲတပ်ဖွဲ့ အကြီးအကဲ ရွှန်ဘန်းစ်က ရဲတွေရဲ့ လက်ရှိ နောက်ကြောင်းပြန် စုံစမ်းမှုတွေအရ ဖြစ်နိုင်ခြေတွေ တစ်ခုထက်မက ရှိနေသလို အချင်းချင်းလည်း ဆက်နွှယ် ရှုပ်ထွေးနေတယ်လို့ ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ရဲတွေက ပစ်ခတ်မှု အကြောင်းရင်းနဲ့ ပတ်သက်လို့ စုံစမ်းထားတဲ့ အချက်အလက်တွေကိုတော့ အသေးစိတ် မထုတ်ပြန်သေးပါဘူး။

ဘန်းစ်က လက်ရှိ အခြေအနေမှာတော့ သေနတ်သမားရဲ့ နောက်ကွယ်က စေ့ဆော်မှု အကြောင်းတရားကို တိတိကျကျ ဖော်ထုတ်ရေးဟာ ရဲတွေရဲ့ ဦးစားပေး ရည်မှန်းချက် ဖြစ်လာတယ်လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့ဟာ ဆမန်သာနဲ့ သိကျွမ်းသူတွေကို တွေ့ဆုံမေးမြန်းခဲ့သလို သူ့ရဲ့ လူမှုကွန်ရက်ပေါ်က ပို့စ်တွေကိုလည်း ဆန်းစစ်နေပါတယ်။ ဆမန်သာ ကျူးလွန်ခဲ့တဲ့ မှုခင်းဟာ စိတ်ခံစားချက် တစ်ခုခုရဲ့ စေ့ဆော်မှု တွန်းအားကြောင့်လား၊ ဒါမှမဟုတ် သဘောတရား ဝါဒရေးရာ အကြောင်းတရား တစ်ခုကြောင့်လားဆိုတာ သေချာ သိရှိဖို့ လိုတယ်လို့ ဘန်းစ်က ဆိုပါတယ်။

ကျောင်းတွင်း အနိုင်ကျင့်မှုကလည်း ဒီပစ်ခတ်မှုရဲ့ အခြေခံ အကြောင်းတရား တစ်ခု ဖြစ်နိုင်ကြောင်း ခန့်မှန်းချက်တွေနဲ့ ပတ်သက်လို့လည်း စုံစမ်းနေတယ်လို့ ဘန်းစ်က အတည်ပြုသွားပါတယ်။

ဆမန်သာရဲ့ နာမည်ကို ရဲတွေက အတည်ပြု ကြေညာခဲ့ပြီး မကြာခင်မှာတော့ အရင်က စက်ပစ်ကွင်း တစ်ခုမှာ အဲဒီမိန်းကလေးက သေနတ်ပစ် လေ့ကျင့်နေတဲ့ ဓာတ်ပုံတစ်ခုလည်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့ပါတယ်။

ဒဏ်ရာရထားသူ ၆ ယောက်ထဲမှာ ၂ ယောက်ဟာ အသက်လု ကုသမှု ခံယူနေရပြီး ၂ ယောက်က ဆေးရုံဆက်တက်နေပေမယ့် အခြေအနေ တည်ငြိမ်ပြီး နောက် ၂ ယောက်ကတော့ ဆေးရုံကနေ ဆင်းသွားခဲ့ပါပြီ။ ပစ်သတ်ခံရသူ ၂ ယောက်ကတော့ ဆယ်ကျော်သက် ကျောင်းသားတစ်ယောက်နဲ့ သင်ကြားရေး ဝန်ထမ်းတစ်ဦးဖြစ်ပြီး နာမည်တွေကိုတော့ ရဲတွေက မထုတ်ပြန်သေးပါဘူး။

အစောပိုင်းတုန်းက ပစ်ခတ်မှုဟာ အလယ်တန်းပြ ဆရာတစ်ယောက်ရဲ့ လက်ချက်လို့ သတင်းတွေ ပျံ့နှံ့ခဲ့ပေမယ့် ဘန်းစ်ကတော့ အချက်အလက် မှားယွင်းခြင်းသာ ဖြစ်တယ်လို့ ပြန်ဖြေရှင်းခဲ့ပါတယ်။

နောက်ပြီး အခင်းဖြစ်ပွားရာ ဧရိယာ တဝိုက်က ကျောင်းတွေမှာ အရင်ကလည်း ပစ်ခတ်မှုနဲ့ ဗုံးခြိမ်းခြောက်မှု သတင်းတွေ ပေးပို့တာကြောင့် ရဲတွေ အရမ်း အလုပ်ရှုပ်ခဲ့ဖူးပြီး အခုပစ်ခတ်မှုအတွက် တိုင်ကြားမှု ရရချင်းမှာ အတည်ပြုဖို့ ခက်ခဲခဲ့ကြောင်း ဘန်းစ်က ဆိုပါတယ်။

တိုးတက်ဖွံ့ဖြိုးတဲ့ လူ့အသိုက်အဝန်း တစ်ခုအနေနဲ့ အခုလိုမျိုး လက်နက်ကိုင် အကြမ်းဖက်မှုတွေ ဖြစ်မလာအောင်၊ လက်နက်ကိုင် အကြမ်းဖက်မှုတွေနဲ့ တွဲပြီး မြင်ယောင်စေတဲ့ လူ့အဖွဲ့အစည်း ဖြစ်မလာအောင် ကြိုးစား ဟန့်တားကြဖို့ လိုတယ်လို့လည်း သူက ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့နောက် ဒေါ်နယ်လ်ထရမ့်ဟာ သူ့ရဲ့ တကျော့ပြန် အိမ်ဖြူတော်သက်တမ်း ပထမနေ့မှာ အထူးအမိန့်တွေကို စတင် လက်မှတ်ရေးထိုး ထုတ်ပြန်နေပြီ ဖြစ်ပါတယ်။

သတင်း

ယာယီ ပိတ်ချခဲ့ပြီး တစ်ရက်လောက် အကြာမှာပဲ အမေရိကန် နိုင်ငံမှာ TikTok ဝန်ဆောင်မှုတွေ ပြန်လည် အသုံးပြုလို့ ရနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ ဖိလစ်ပိုင်ကြား ရေပိုင်နက် အငြင်းပွားမှုတွေ ဖြစ်ပေါ်နေရာ တောင်တရုတ် ပင်လယ် ရေပြင်မှာ အမေရိကန်နဲ့ ဖိလစ်ပိုင် ရေတပ်တွေ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

နိုဝင်ဘာ ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့နောက် ဒေါ်နယ်လ်ထရမ့်ဟာ ၄ နှစ်ကြာ ကင်းကွာနေတဲ့ အိမ်ဖြူတော်ဆီ တကျော့ပြန် ရောက်ရှိလာတော့မှာပါ။ ဇန်နဝါရီ ၂၀ ရက်နေ့ကျရင် လွှတ်တော် အဆောက်အအုံ ကက်ပီတိုလ်မှာ ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့အခါ ထရမ့်ဟာ အမေရိကန် သမ္မတ တာဝန်ကို ဒုတိယ အကြိမ်မြောက်...