Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရတ်မှာ ဗုံးခွဲလုပ်ကြံဖို့ အားထုတ်မှုနဲ့ ကြုံခဲ့တဲ့အကြောင်း ပုပ်ရဟန်းမင်းကြီးရဲ့ အထုပ္ပတ္တိမှာ ဖော်ပြထား

သူ့ကို အသေခံ ဗုံးခွဲတိုက်ခိုက်မယ့် အကြမ်းဖက်သမားတွေကို ဗြိတိန် ထောက်လှမ်းရေးက တားဆီးနိုင်ခဲ့တယ်လို့ ပုပ်ရဟန်းမင်းကြီးက အထုပ္ပတ္တိ စာအုပ်မှာ ထည့်သွင်း မှတ်ချက်ပေးခဲ့ပါတယ်။

သူ့ကို အသေခံ ဗုံးခွဲတိုက်ခိုက်မယ့် အကြမ်းဖက်သမားတွေကို ဗြိတိန် ထောက်လှမ်းရေးက တားဆီးနိုင်ခဲ့တယ်လို့ ပုပ်ရဟန်းမင်းကြီးက အထုပ္ပတ္တိ စာအုပ်မှာ ထည့်သွင်း မှတ်ချက်ပေးခဲ့ပါတယ်။

ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ်ဖြစ်သူ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ဟာ ၂၀၂၁ ခုနှစ်က အီရတ်နိုင်ငံ ခရီးစဉ် အတောအတွင်း အသေခံ ဗုံးခွဲတိုက်ခိုက်မှုရဲ့ ပစ်မှတ် ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ ဗြိတိန် ထောက်လှမ်းရေးဟာ အဲဒီ အစီအစဉ်ကို ကြိုတင် ဖော်ထုတ်နိုင်ခဲ့ပြီး အီရတ် ရဲတပ်ဖွဲ့ကို သတိပေးခဲ့ကြောင်း သိရပါတယ်။

ဘဂ္ဂဒက် မြို့တော်ဆီ ပုပ်ရဟန်းမင်းကြီး ရောက်ရှိနေချိန်အတွင်း ခန္ဓာကိုယ်မှာ ဖောက်ခွဲရေး ပစ္စည်းတွေ ကပ်ပြီး ခြုံထည်အဝတ်နဲ့ ဖုံးကွယ်ထားတဲ့ အမျိုးသမီး တစ်ဦးဟာ မိုဆူးလ်မြို့ဆီ ဦးတည်နေတဲ့ သတင်းကို ဗြိတိန် ထောက်လှမ်းရေးက ရရှိခဲ့ပါတယ်။

ရည်ရွယ်ချက်ကတော့ မိုဆူးလ်ကို ပုပ်ရဟန်းမင်းကြီး ရောက်လာတဲ့ အချိန်မှာ အသေခံ ဗုံးခွဲဖို့ ဖြစ်ပါတယ်။ အလားတူ ဖောက်ခွဲရေး ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ဗင်ကားတစ်စီးဟာလည်း တူညီတဲ့ ရည်ရွယ်ချက်အတွက် မိုဆူးလ်မြို့ဆီ အပြင်း မောင်းနှင်နေခဲ့တယ်လို့ အသက် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးရဲ့ အထုပ္ပတ္တိထဲမှာ ဖော်ပြထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Hope: The Autobiographyဆိုတဲ့ စာအုပ်ပါ အဲဒီ အကြောင်းအရာကို အီတလီရဲ့ ဩဇာကြီးမားတဲ့ ကော်ရီရာ ဒယ်လာ ဆီရာ သတင်းစာက ကောက်နုတ်ပြထားခဲ့တာ ဖြစ်ပါတယ်။ သူ့အသက်ကို လုပ်ကြံမယ့် သူတွေအကြောင်း ဗြိတိန် ထောက်လှမ်းရေးက သတင်းပေးပို့ထားတယ် ဆိုတာကို အီရတ် ရဲတပ်ဖွဲ့က လာရောက် အသိပေးခဲ့ကြောင်း၊ နောက်ပိုင်းမှာ သူက အဲဒီ တိုက်ခိုက်မယ့်သူတွေ ဘာဖြစ်သွားသလဲလို့ မေးကြည့်တဲ့အခါ အီရတ် အရာရှိ တစ်ယောက်က သူတို့တွေ မရှိတော့ဘူးလို့သာ ခပ်တိုတို ပြန်ဖြေခဲ့ကြောင်း ပုပ်က ရေးသားထားခဲ့ပါတယ်။

အီရတ် ရဲတပ်ဖွဲ့ရဲ့ ကြားဖြတ် ဟန့်တားမှုကြောင့် အဲဒီ လုပ်ကြံသူတွေဟာ ပေါက်ကွဲမှု ဖြစ်ပွားပြီး သေဆုံးကုန်တယ်ဆိုတာ သူသတင်းပြန်ကြားခဲ့ကြောင်း၊ ဒီကိစ္စတွေဟာ စစ်ပွဲရဲ့ အဆိပ်အတောက် သစ်သီးဆိုတာ သိနားလည်တဲ့တိုင် သူကိုယ်တိုင်လည်း ထိခိုက် ခံစားခဲ့ရကြောင်း ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ မတ်လတုန်းက သူဟာ ပုပ်ရဟန်းမင်း တစ်ပါးအနေနဲ့ ပထမဆုံးအကြိမ် အီရတ်ကို သွားရောက်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက ကိုဗစ်ကပ်ရောဂါ ဂယက်ကလည်း အဆုံးမသတ်သေးပါဘူး။

အီရတ်မြောက်ပိုင်းမှာရှိတဲ့ မိုဆူးလ်ဟာ အိုင်အက်စ် စစ်သွေးကြွ အကြမ်းဖက်သမားတွေရဲ့ အဓိက အခြေစိုက် စခန်းတစ်ခု ဖြစ်ခဲ့သလို အိုင်အက်စ် ကြီးစိုးခဲ့တဲ့ ကာလတွေအတွင်း မိုဆူးလ်မှာ ခရစ်ယာန်တွေ မရှိသလောက် ဖြစ်သွားအောင် ပြင်းပြင်းထန်ထန် ဖိနှိပ်ခဲ့ပါတယ်။

ဗုံးခွဲလုပ်ကြံမယ့် သတင်းကို ကြိုရခဲ့ပေမယ့် ပုပ်ရဟန်းမင်းကြီးရဲ့ မိုဆူးလ်မြို့ ခရီးစဉ်ကို လုံခြုံရေး ပိုမိုတင်းကျပ်ပြီး ကြိုတင် စီစဉ်ထားတဲ့အတိုင်း ရှေ့ဆက် လုပ်ဆောင်ခဲ့ပါတယ်။

မိုဆူးလ်ကို သွားရောက်ခဲ့ခြင်းဟာ ပုပ်ဖရန်ဆစ်ရဲ့ အမှတ်တရ အရှိဆုံး ပြည်ပ ခရီးစဉ် တစ်ခုလို့လည်း ရည်ညွှန်းနိုင်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ တိုက်ခိုက်ဖျက်ဆီး ခံထားရတဲ့ မိုဆူးလ် ခရစ်ယာန် ဘုရားကျောင်းပျက် တစ်ခုမှာ ရပ်ရင်း အီရတ် ခရစ်ယာန်တွေ အနေနဲ့ မွတ်ဆလင် အစွန်းရောက် ဝါဒီတွေက ကျူးလွန်ခဲ့တဲ့ မတရားမှုတွေကို သည်းခံပြီး ပြန်လည် အားတင်း ထူထောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ အထုပ္ပတ္တိ စာအုပ်ကို နာမည်ကြီး အီတလီ စာရေးဆရာ ကာလို မူဆိုက တည်းဖြတ် ရေးသားခဲ့ပြီး လာမယ့်လကစလို့ နိုင်ငံပေါင်း ၈၀ ကျော်မှာ ဖြန့်ဝေသွားမယ်လို့ သိရပါတယ်။

ကိုးကား: Sky

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ ထိပ်တန်း အရာရှိ တချို့နဲ့ မိသားစုဝင်တွေကို ဗုံးခွဲလုပ်ကြံမယ့် ယူကရိန်း လျှို့ဝှက် ထောက်လှမ်းရေး (SBU)ရဲ့ အစီအမံတွေကို ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ ရုရှား ဖက်ဒရယ် လုံခြုံရေးဌာန (FSB)က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

မော်စကို မြို့တော်မှာ ဗုံးခွဲတိုက်ခိုက် တစ်ခုကြောင့် ရုရှားရဲ့ ထိပ်တန်း ဗိုလ်ချုပ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

သတင်း

ဗာတီကန် နန်းတော်ရဲ့ ပုံမှန် တနင်္ဂနွေ ဝတ်ပြုဆုတောင်းမှု အစီအစဉ်မှာ ပုပ်ရဟန်းမင်းကြီးဟာ မြန်မာအပါအဝင် စစ်ဘေးသင့် နိုင်ငံတွေရဲ့ ပြည်သူတွေအတွက် ရည်ရွယ်ပြီး ဆုတောင်းပေးသွားခဲ့ပါတယ်။

သတင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်စေရေး လိုလားတောင်းဆိုခဲ့သလို ဗာတီကန် နန်းတော်မှာ လာရောက်နေထိုင်စေလိုတယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။