Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နှစ် ၂၅၀ နီးပါး ကြာပြီးတဲ့နောက် ခေါင်းဖြူ လင်းယုန်ငှက်ကို အမေရိကန်ရဲ့ နိုင်ငံတော် သင်္ကေတအဖြစ် တရားဝင် သတ်မှတ်

နှစ်ပေါင်း ၂၅၀ နီးပါးလောက် ကြာမြင့်ပြီးတဲ့ နောက်မှာတော့ ခေါင်းဖြူ လင်းယုန်ငှက်ဟာ အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံတော် သင်္ကေတအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပြီ ဖြစ်ပါတယ်။

နှစ်ပေါင်း ၂၅၀ နီးပါးလောက် ကြာမြင့်ပြီးတဲ့ နောက်မှာတော့ ခေါင်းဖြူ လင်းယုန်ငှက်ဟာ အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံတော် သင်္ကေတအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပြီ ဖြစ်ပါတယ်။

အဖြူရောင်ဦးခေါင်း၊ အဝါရောင် နှုတ်သီးတွေရှိတဲ့ လင်းယုန်ငှက်တွေကို အမေရိကန် ကိုယ်စားပြု သင်္ကေတ အနေနဲ့ တရားဝင် သတ်မှတ်ကြောင်း အမိန့်တစ်ရပ်ကို ခရစ္စမတ် ကာလမှာ သမ္မတ ဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုး အတည်ပြုပေးလိုက်ပါတယ်။

တကယ်တော့ အဲဒီ လင်းယုန်ငှက်တွေကို အမေရိကန် ပြည်ထောင်စု ကိုယ်စားပြု သင်္ကေတ အမှတ်တံဆိပ်မှာ ထည့်သွင်း အသုံးပြုနေခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ဖြစ်ပါတယ်။ မှတ်တမ်းတွေအရ လင်းယုန်ငှက်ကို အမေရိကန် ကိုယ်စားပြု သင်္ကေတ အမှတ်တံဆိပ် အနေနဲ့ သုံးစွဲနေခဲ့တာ ၁၇၈၂ ခုနှစ် ကတည်းကဖြစ်ပြီး အဲဒီထက်လည်း စောကောင်း စောနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဘိုင်ဒန်ရဲ့ အမိန့်မတိုင်ခင်ထိ ဘယ်အမေရိကန် သမ္မတကမှ ခေါင်းဖြူလင်းယုန်တွေကို အမျိုးသား သင်္ကေတ ကိုယ်စားပြု အမှတ်တံဆိပ်အဖြစ် သတ်မှတ်ပေးခဲ့ခြင်း မရှိပါဘူး။

Public Service Announcement

Public Service Announcement

ခေါင်းဖြူ လင်းယုန်ငှက်တွေကို နိုင်ငံရဲ့ ကိုယ်စားပြု ငှက်ဖြစ်တယ်လို့ ဘယ်တုန်းကမှ တရားဝင် အတည်မပြုဘဲ နှစ်ပေါင်း ၂၅၀ လောက် အစဉ်အဆက် ညွှန်းဆိုနေခဲ့ကြတာ ဖြစ်တယ်လို့ အမေရိကန် အမျိုးသား လင်းယုန်မျိုးစိတ်များ စင်တာရဲ့ တွဲဖက် ဥက္ကဋ္ဌ ဂျက်ဒေးဗီးစ်က မှတ်ချက်ပေးခဲ့ပါတယ်။ အခုတော့ လင်းယုန်ငှက်တွေဟာ အမေရိကန်ရဲ့ သင်္ကေတအဖြစ် တရားဝင် အသိအမှတ်ပြု သတ်မှတ်ခြင်း ခံလိုက်ရပြီဖြစ်ကြောင်း၊ ဒီထက်ပိုပြီး ထိုက်တန်တဲ့ ရွေးချယ် သတ်မှတ်မှုမျိုးလည်း မရှိနိုင်တော့ကြောင်း သူက ပြောပါတယ်။

ကမ္ဘာအနှံ့မှာရှိတဲ့ တခြားသော လင်းယုန်မျိုးစိတ်တွေနည်းတူ ခေါင်းဖြူ လင်းယုန်ငှက်တွေဟာလည်း ခွန်အား၊ ရဲစွမ်းသတ္တိ၊ လွတ်လပ်ခြင်းနဲ့ တည်မြဲခြင်းဆိုတဲ့ နိမိတ်ပုံတွေကို ကိုယ်စားပြုကြောင်း မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်း သတ်မှတ်ခဲ့ကြပါတယ်။ ကွဲပြားမှု တစ်ခုကတော့ အဲဒီ လင်းယုန်မျိုးစိတ်ဟာ မြောက်အမေရိကတိုက် မျိုးရင်းစစ်စစ် ငှက်မျိုးစိတ်တစ်ခု ဖြစ်နေခြင်းပါ။

အဲဒီ လင်းယုန်ငှက်တွေကို ၁၉၄၀ ပြည့်နှစ်၊ အမျိုးသား သင်္ကေတ အမှတ်တံဆိပ်ဆိုင်ရာ အက်ဥပဒေအရ အကာအကွယ် ပေးထားပြီး ခေါင်းဖြူလင်းယုန်တွေကို အမဲလိုက်ခြင်း၊ ရောင်းဝယ်ခြင်းတွေကို တားမြစ်ထားပါတယ်။

အရင်တော့ ခေါင်းဖြူလင်းယုန်တွေဟာ မျိုးသုဉ်းလုနီးပါး အန္တရာယ်မျိုးနဲ့ ကြုံတွေ့ခဲ့ဖူးပေမယ့် ၂၀၀၉ ခုနှစ် နောက်ပိုင်းမှာတော့ ကောင်ရေ သိသိသာသာ ပြန်လည် တိုးပွားလာတယ်လို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။