Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရားဝင် ကာစီနိုတွေ ဖွင့်လှစ်ရေး ရည်ရွယ်ထားတဲ့ ဥပဒေ မူကြမ်းကို ထိုင်းပုဂ္ဂလိက လုပ်ငန်းရှင်တွေ ကြိုဆို

ပြည်တွင်းမှာ တရားဝင် ကာစီနိုရုံတွေ ဖွင့်လှစ်ဖို့ ဥပဒေမူကြမ်းကို ထိုင်းအစိုးရက အတည်ပြုလိုက်တဲ့အပေါ် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်တွေက ထောက်ခံ ကြိုဆိုနေကြောင်း သိရပါတယ်။

ပြည်တွင်းမှာ တရားဝင် ကာစီနိုရုံတွေ ဖွင့်လှစ်ဖို့ ဥပဒေမူကြမ်းကို ထိုင်းအစိုးရက အတည်ပြုလိုက်တဲ့အပေါ် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်တွေက ထောက်ခံ ကြိုဆိုနေကြောင်း သိရပါတယ်။

အဲဒီ ဥပဒေ မူကြမ်းသာ လွှတ်တော် အတည်ပြုချက် ရရှိပြီး စတင် အသက်ဝင်လာမယ် ဆိုရင် ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွားတွေ စည်ကားရာ အပန်းဖြေ ဥယျာဉ်တွေ၊ ဟိုတယ်တွေနဲ့ စျေးဝယ်စင်တာတွေလိုမျိုး သီးသန့် သတ်မှတ်ထားတဲ့ ဇုန်နေရာတွေမှာ ကာစီနိုရုံတွေ ဖွင့်လှစ်ခွင့် ရရှိလာမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ထိုင်းမှာ တရားဝင် ခွင့်ပြုထားတဲ့ လောင်းကစားဆိုလို့ ထီထိုးတာနဲ့ အစိုးရ ထိန်းချုပ်ထားတဲ့ မြင်းပွဲတွေလောင်းတာလောက်သာ ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံအနှံ့မှာ တရားမဝင် လောင်းကစားမှုတွေကတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။

ထိုင်းစီးပွားရေး တက္ကသိုလ်ရဲ့ ဥက္ကဋ္ဌဖြစ်သူ သာနာဗက်သ် ဖွန်ဗီချိုင်က ကာစီနိုရုံတွေ ဖွင့်လှစ်ခြင်းဟာ နိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးမှာ အရေးပါတဲ့ တွန်းအား ဖြစ်နိုင်ပေမယ့် ပြည်သူလူထုရဲ့ အကြံဉာဏ်တွေကို ရယူတာ၊ ကျယ်ပြန့်တဲ့ လေ့လာဆန်းစစ်မှုတွေ လုပ်ဆောင်တာတွေကို အလေးထား ဆောင်ရွက်ဖို့ ထိုင်းအာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး ထိုင်းအစိုးရအတွက် မူဝါဒရေးရာ ကြီးမားတဲ့ အရွေ့တစ်ခုလို့ ဆိုရမယ့် ဥပဒေသစ်ကို အတည်မပြုခင် ကြိုတင် ပြင်ဆင်မှုတွေ အများကြီး လိုအပ်လိမ့်မယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံ တချို့ဟာ ကာစီနို လုပ်ငန်းတွေကနေ တစ်နှစ်ဝင်ငွေ ဘတ် ၁ ထရီလီယံကျော်လောက် ရှာဖွေနေနိုင်သလို စင်ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာတို့မှာ ရှိနေတဲ့ ကာစီနိုတွေ၊ လောင်းကစားရုံတွေကနေလည်း နှစ်စဉ် ဘတ် ၅ ဘီလီယံကနေ ၁၀၀ ဘီလီယံကြား ရရှိနေကြကြောင်း၊ လောလောဆယ်မှာတော့ ထိုင်းဟာ အဲဒီလို ဝင်ငွေမျိုး ရရှိနိုင်မှုကို လက်လွှတ်ထားရကြောင်းလည်း သာနာဗက်သ်က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီလို ဖျော်ဖြေရေးဆန်တဲ့ လောင်းကစားရုံတွေအကြောင်း စဉ်းစားတဲ့အခါ ငွေရပေါက်ရလမ်း တစ်ခုတည်းကို တွေးနေလို့ မရဘဲ ထိရောက်တဲ့ စီမံခန့်ခွဲမှုတွေ လိုအပ်တယ်လို့လည်း ထောက်ပြမှုတွေ ရှိနေပါတယ်။ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ အကောင်းရော၊ အဆိုးပါ ရှိနေကြောင်း၊ ဒါပေမဲ့ ထိုင်းပြည်သူတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပိုမို လိုအပ်နေဆဲလို့ သူယူဆကြောင်း သာနာဗက်သ်က မှတ်ချက်ပေးခဲ့ပါတယ်။

ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင် တော်တော်များများကလည်း ထိုင်းမှာ ကာစီနိုရုံတွေ ဖွင့်လှစ်မယ့် ကိစ္စကို ကြိုဆိုနေကြပေမယ့် တချို့က ကာစီနိုရုံတွေဆိုတဲ့ အဓိပ္ပါယ် သတ်မှတ်ချက်မျိုးထက် ပိုကျယ်ပြန့်တဲ့ ဖျော်ဖြေရေး စင်တာတွေ ပေါ်ထွန်းလာရေးကို အမြင်ကျယ်ကျယ်နဲ့ အကောင်အထည် ဖော်သင့်ကြောင်း တိုက်တွန်းနေကြပါတယ်။

ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာကတော့ ကာစီနိုရုံတွေ ဖွင့်လှစ်ခွင့်ပြုရေး ဥပဒေ မူကြမ်းရဲ့ အဓိက ရည်ရွယ်ချက်တွေအဖြစ် နိုင်ငံဝင်ငွေ တိုးတက်ဖို့၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုမြင့်တက်လာစေဖို့၊ တရားမဝင် လောင်းကစားမှုတွေကို တိုက်ဖျက်ဖို့ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

တစ်ဖက်မှာတော့ ကွန်ဆာဗေးတစ် နိုင်ငံရေး အင်အားစုတွေက ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ ထိုင်းနိုင်ငံမှာ တရားဝင် လောင်းကစား စင်တာကြီးတွေ ပေါ်ပေါက်လာစေဖို့ အဆိုပြုချက်တွေကို ကာလရှည်ကြာ ဆန့်ကျင် ရပ်တည်နေခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်ပြီး လူထုတည်ငြိမ်မှုကို အနှောင့်အယှက် ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြင်သစ်နိုင်ငံသား တစ်ဦးကို အစိုးရက နယ်နှင်ကြောင်း ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆူပူမှု၊ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တာကို ထောက်လှမ်းရေး သတင်းတွေ ကြိုရခဲ့ပေမယ့် တုံ့ပြန်ကိုင်တွယ်မှုမှာ လျော့ရဲခဲ့ကြောင်း ထိုင်းအစိုးရက ဝန်ခံခဲ့ပါတယ်။

ဆောင်းပါး

ကျောင်းခန်းထဲကနေ တညီတညွတ်ထဲမဟုတ်ဘဲ လုံးထွေးနေတဲ့ အသံတစ်ချို့ ပျံလွင့်လို့နေပါတယ်။ ကျောင်းသူတစ်ယောက်က နံရံပေါ်မှာ ကပ်ထားတဲ့ ကျောင်းစည်းကမ်းတွေကို ဦးဆောင်ဖတ်ပြနေတာဖြစ်ပြီးကျန်တဲ့ကျောင်းသူကျောင်းသားတွေက နောက်ကနေ လိုက်ဆို နေကြတာပါ။

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook