Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မြောက်ပိုင်းမှာ HMPV ဗိုင်းရပ်စ် ကူးစက်မှုနှုန်း ကျဆင်းလာ

တရုတ်နိုင်ငံ မြောက်ပိုင်းမှာ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်ပွားစေတဲ့ Human metapneumovirus (HMPV) ဗိုင်းရပ်စ် ကူးစက်မှုနှုန်း ကျဆင်းသွားပြီလို့ သိရပါတယ်။

တရုတ်နိုင်ငံ မြောက်ပိုင်းမှာ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်ပွားစေတဲ့ Human metapneumovirus (HMPV) ဗိုင်းရပ်စ် ကူးစက်မှုနှုန်း ကျဆင်းသွားပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစလို့ HMPV ကူးစက်နှုန်းဟာ အကျဖက်ကို ရောက်ရှိလာပြီး ကိုဗစ်နောက်ပိုင်း တရုတ်ကနေ နောက်ထပ် ကပ်ရောဂါအသစ်တစ်ခု အစပြုလာနိုင်သလားဆိုတဲ့ စိုးရိမ်မှုတွေကို ပျက်ပြယ်သွားစေတယ်လို့ တရုတ် ရောဂါ တားဆီးထိန်းချုပ်ရေးဌာနရဲ့ သုတေသီ တစ်ဦးဖြစ်သူ ဝမ်လိပင်က ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တရုတ်နိုင်ငံ မြောက်ပိုင်းဒေသတွေမှာ ကူးစက်မှုတွေ များပြားခဲ့တယ် ဆိုပေမယ့် HMPVဟာ အသစ်စက်စက် ဗိုင်းရပ်စ် အမျိုးအစား မဟုတ်သလို လူသားတွေကြားမှာ ပျံ့နှံ့နေခဲ့တာ အနည်းဆုံး ဆယ်စုနှစ်တချို့ ကြာမြင့်ခဲ့ပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။

အခုအခါမှာတော့ HMPV ကူးစက်မှုတွေဟာ တရုတ်မြောက်ပိုင်း ပြည်နယ်တွေမှာ သိသိသာသာ ကျဆင်းလာကြောင်း၊ အသက် ၁၄ နှစ်အောက် အရွယ်တွေမှာ ဗိုင်းရပ်စ် ကူးစက်မှု ဆေးစစ် တွေ့ရှိချက်တွေလည်း လျော့ကျလာနေကြောင်း ဝမ်က မှတ်ချက်ပေးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်မှာ လက်ရှိ ဆောင်းရာသီ ကာလအတွင်း အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုတွေ ဖြစ်ပွားနေပေမယ့် အားလုံးက ဓာတ်ခွဲ အတည်ပြု သိရှိပြီးသား ရောဂါပိုးတွေကြောင့် ဖြစ်ပြီး ဗိုင်းရပ်စ် အသစ်အဆန်းကြောင့် လုံးဝမဟုတ်ကြောင်းလည်း ဝမ်က ရှင်းပြခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကလည်း တရုတ်မှာ ပုံမှန်မဟုတ်တဲ့၊ ကပ်ရောဂါ ဖြစ်နိုင်ခြေ အလားအလာထိ စိုးရိမ်ရတဲ့ ရောဂါကူးစက်မှုတွေ ဖြစ်ပေါ်နေကြောင်း ဘာအထောက်အထားမှ မတွေ့သေးဘူးလို့ မှတ်ချက်ပေးထားပါတယ်။

HMPVဟာ တုပ်ကွေး၊ ကိုဗစ်တို့နဲ့ ဆင်တူတဲ့ နှာစေးတာ၊ ချောင်းဆိုးတာ၊ ဖျားနာတာမျိုး လက္ခဏာတွေ ပြသလေ့ရှိပြီး ကိုယ်ခံအား နည်းပါးတဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာတော့ ရောဂါလက္ခဏာ ပြင်းထန်ရင် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ကြောင်း သိရပါတယ်။

ကိုးကား: MSN

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ရဲ့ မိတ်ဆွေဟောင်းဖြစ်ပြီး သူမရဲ့အခြေအနေကို လျစ်လျူရှုမထားဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က ပြောပါတယ်။

နိုင်ငံတကာ

ရုရှား၊ တရုတ်တို့ရဲ့ အကူအညီတွေနဲ့အတူ မြောက်ကိုရီးယား စီးပွားရေးဟာ တဖြည်းဖြည်း ပြန်လည် ဦးမော့လာနေတယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

ပညာရေးကြောင့် ကလေးတွေ ဝန်မပိစေဖို့ အစီအမံသစ်တွေကို တရုတ် ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

စူပါပါဝါ နိုင်ငံကြီးတွေရဲ့ နျူကလီးယား ထိန်းချုပ်ရေး စာချုပ်သစ်တစ်ခု ချုပ်ဆိုရေး သဘောတူညီချက်မှာ ပါဝင်ဆွေးနွေးဖို့ တောင်းဆိုမှုတွေကို တရုတ်က ငြင်းဆိုသွားခဲ့ပါတယ်။