Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယား ထိန်းချုပ်ရေး စာချုပ်ထဲ ဝင်ပါမှာမဟုတ်ကြောင်း တရုတ်ပြော

စူပါပါဝါ နိုင်ငံကြီးတွေရဲ့ နျူကလီးယား ထိန်းချုပ်ရေး စာချုပ်သစ်တစ်ခု ချုပ်ဆိုရေး သဘောတူညီချက်မှာ ပါဝင်ဆွေးနွေးဖို့ တောင်းဆိုမှုတွေကို တရုတ်က ငြင်းဆိုသွားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

စူပါပါဝါ နိုင်ငံကြီးတွေရဲ့ နျူကလီးယား ထိန်းချုပ်ရေး စာချုပ်သစ်တစ်ခု ချုပ်ဆိုရေး သဘောတူညီချက်မှာ ပါဝင်ဆွေးနွေးဖို့ တောင်းဆိုမှုတွေကို တရုတ်က ငြင်းဆိုသွားခဲ့ပါတယ်။

အမေရိကန်နဲ့ ရုရှားတို့ကြား သက်တမ်းတိုး စာချုပ်ထားတဲ့ နျူကလီးယား ထိန်းချုပ်ရေး စာချုပ်ဟာ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ သက်တမ်း ကုန်ဆုံးသွားခဲ့ပါတယ်။ အဲဒီ စာချုပ်ဟာ စူပါပါဝါ ပြိုင်ဘက် နိုင်ငံကြီး နှစ်ခုကြားမှာ နျူကလီးယားထိပ်ဖူး အရေအတွက် ဘယ်လောက်ထိပဲ ပိုင်ဆိုင်ရမယ် ဆိုတာကို ကန့်သတ်ထားတဲ့ သဘောတူညီမှု ဖြစ်ပါတယ်။

New START စာချုပ် အဆုံးသတ်သွားတာဟာ နိုင်ငံတကာ လက်နက် ပြိုင်ဆိုင်မှုတွေ ပြန်လည် မြင့်တက်လာစေမယ့် အကြောင်းတရားတစ်ခု ဖြစ်လာမှာကို နိုင်ငံတကာက စိုးရိမ်နေပြီး စာချုပ်သစ် ထပ်ချုပ်ကြဖို့ အမေရိကန်နဲ့ ရုရှားတို့ကို တိုက်တွန်းနေပါတယ်။ ပြီးတော့ တရုတ်လိုမျိုး နျူကလီးယား လက်နက်နိုင်ငံ အသစ်တွေလည်း စာချုပ်ထဲမှာ ပါဝင်သင့်ကြောင်း တောင်းဆိုမှုတွေ ရှိနေပေမယ့် တရုတ်ကို ဆွဲဆောင်နိုင်ဖို့ အခုထိ မအောင်မြင်သေးပါဘူး။ တရုတ်ဟာ အမေရိကန်နဲ့ ရုရှားလောက် နျူကလီးယားလက်နက် အရေအတွက် အများအပြား မပိုင်ဆိုင်သေးပေမယ့် နှစ်အလိုက် နျူကလီးယား ထိပ်ဖူးတွေ ချဲ့ထွင်တည်ဆောက်မှုမှာတော့ ကမ္ဘာပေါ်မှာ မြန်နှုန်းအမြင့်ဆုံးနိုင်ငံ ဖြစ်လာနေပါတယ်။

အမေရိကန် အစိုးရက နောက်ထပ် နျူကလီးယား ထိန်းချုပ်ရေး သဘောတူညီမှု အသစ်တစ်ခုခုမှာ တရုတ်လည်း ပါဝင်လာဖို့ လိုအပ်ကြောင်း ပြောထားပေမယ့် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဒီကိစ္စကို စိတ်မဝင်စားဘူးဆိုတာ အတိအလင်း တုံ့ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘာပေါ်မှာ အရေးအပါဆုံး နိုင်ငံတကာ နျူကလီးယား ထိန်းချုပ်ရေး စာချုပ်တစ်ခု အဆုံးသတ်သွားတာကို တွေ့ရတဲ့အတွက် ကြီးစွာ စိတ်မကောင်း ဖြစ်ရကြောင်း၊ ဒီစာချုပ်မျိုးဟာ နိုင်ငံတကာ မဟာဗျူဟာ ဟန်ချက် ထိန်းညှိမှုတွေမှာ အရမ်းအရေးပါတဲ့ ကဏ္ဍတစ်ခု ဖြစ်ခဲ့ကြောင်း၊ တစ်ဖက်မှာတော့ တရုတ်ရဲ့ နျူကလီးယား စွမ်းရည်ဟာ အမေရိကန် ရုရှားတို့နဲ့ အလှမ်းကွာဟနေဆဲ ဖြစ်သလို လက်ရှိ အခြေအနေမှာတော့ နျူကလီးယားလက်နက် ကန့်သတ်ရေး ဆွေးနွေးပွဲတွေမှာ တရုတ်က ဝင်ပါဖို့ အခွင့်အလမ်း မရှိနိုင်သေးကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ လင်ကျန်းက ဖေဖော်ဝါရီ ၅ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ မှတ်ချက်ပေးသွားပါတယ်။

တရုတ်ဟာ ၂၀၂၃ ခုနှစ်ကစပြီး ပျမ်းမျှ တစ်နှစ်ကို နျူကလီးယားထိပ်ဖူး အခု ၁၀၀ လောက် တိုးမြှင့်တည်ဆောက် လာနေတယ်လို့ သိရပါတယ်။ တရုတ်မှာ နျူကလီးယားထိပ်ဖူး ၆၀၀ လောက် ပိုင်ဆိုင်နေပြီလို့ ယူဆရပြီး ရုရှားနဲ့ အမေရိကန်တို့ကတော့ ထိပ်ဖူး ၅၀၀၀ ကျော်စီ ရှိနေပါတယ်။

နျူကလီးယား ထိန်းချုပ်ရေးစာချုပ် သက်တမ်းကုန်သွားတာနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ပြောကြားခဲ့ပါတယ်။ ရာစုနှစ်ဝက် တစ်ခုစာလောက် ကာလအတွင်းမှာ ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာကြီးဟာ နျူကလီးယား လက်နက်တိုက် ချဲ့ထွင်ရေးနဲ့ ပတ်သက်ပြီး အထိန်းအကွပ် မရှိတဲ့ အခြေအနေဆီ ကျရောက်သွားပြီလို့ ဂူတာရက်စ်က ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီး လီယိုကလည်း ရုရှားနဲ့ အမေရိကန် အစိုးရတွေ အနေနဲ့ နျူကလီးယား လက်နက်ပြိုင်ဆိုင်မှုသစ်တစ်ခုကို ရှောင်လွှဲဖို့အတွက် စာချုပ်ကို ပြန်လည် ချုပ်ဆိုနိုင်ရေး အစွမ်းကုန် ဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံကရတဲ့ ယူ​ရေနီယံနမူနာကိုပြပြီး ​ရောင်းချဖို့ကြိုးစားခဲ့

နိုင်ငံတကာ

မဟာမိတ် နိုင်ငံတွေဆီမှာ ပြင်သစ်ပိုင် နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ထားဖို့ စီစဉ်နေကြောင်း သမ္မတ အီမန်နျူရယ်လ် မာခရွန်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်မှာ နျုကလီးယားလက်နက် ပိုင်ဆိုင်လာတာမျိုး လုံးဝ ခွင့်ပြုမပေးနိုင်ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်တွေ လျှို့ဝှက် စမ်းသပ်ခဲ့ကြောင်း အမေရိကန်ရဲ့ စွပ်စွဲချက်ကို တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ငြင်းဆိုသွားခဲ့ပါတယ်။