Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်လုပ် Typhon ဒုံးကျည်စနစ် အသုံးပြုပုံကို ဖိလစ်ပိုင် စစ်တပ် စတင်လေ့ကျင့်သင်ယူဖို့ စီစဉ်

အမေရိကန်က ဖြန့်ကျက်ထားတဲ့ တာလတ်ပစ် Typhon ဒုံးကျည်စနစ် အသုံးပြုမှုကို ဖိလစ်ပိုင် စစ်တပ်က စတင် လေ့ကျင့် သင်ယူသွားတော့မယ်လို့ သိရပါတယ်။

အမေရိကန်က ဖြန့်ကျက်ထားတဲ့ တာလတ်ပစ် Typhon ဒုံးကျည်စနစ် အသုံးပြုမှုကို ဖိလစ်ပိုင် စစ်တပ်က စတင် လေ့ကျင့် သင်ယူသွားတော့မယ်လို့ သိရပါတယ်။

အဲဒီ တာလတ်ပစ် ဒုံးကျည်စနစ်ကို ဝယ်ယူဖို့ အစီအစဉ်ရှိကြောင်း ဖိလစ်ပိုင် စစ်တပ်က ပြောကြားထားတဲ့နောက် ဖေဖော်ဝါရီ လကစလို့ တပ်စိတ်တစ်ခုက Typhonဒုံးကျည် စနစ်အတွက် လက်တွေ့ သင်တန်းတက်ရောက်တော့မှာ ဖြစ်ပါတယ်။ ဖိလစ်ပိုင် စစ်တပ်က အဲဒီ သတင်းကို ဇန်နဝါရီ ၂၈ ရက်မှာ အတည်ပြု ထုတ်ပြန်ခဲ့တာပါ။

တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုကို အကြောင်းပြုပြီး တရုတ်နဲ့ ဆက်ဆံရေး တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဖိလစ်ပိုင်ဟာ အဆင့်မြင့် စစ်လက်နက် စနစ်တစ်ခုကို ဝယ်ယူဖို့ စီစဉ်လာခဲ့တာပါ။ Typhon ဒုံးကျည်စနစ်ကို ဝယ်ယူဖို့ ရည်ရွယ်ထားကြောင်း ဖိလစ်ပိုင် စစ်တပ်ရဲ့ ပြောဆိုမှုအပေါ် တရုတ်ဖက်က ဒေါသတကြီး ဝေဖန် တုံ့ပြန်ခဲ့ဖူးပါတယ်။

အမေရိကန်ဟာ မနှစ်က နှစ်ဆန်းပိုင်းတုန်းက ဖိလစ်ပိုင်နဲ့ နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုကို အကြောင်းပြုပြီး Typhon ဒုံးကျည်စနစ်ကို အရှေ့တောင်အာရှ ဒေသတွင်း မဟာမိတ် နိုင်ငံဆီကို ယူဆောင်လာခဲ့တာပါ။ အဲဒီ အချိန်ကတည်းက စနစ်ကို ပြန်မသိမ်းဆည်းဘဲ ဖိလစ်ပိုင်မှာပဲ အမေရိကန်က ဆက်လက် ထားရှိခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ လထဲမှာတော့ ဖိလစ်ပိုင် စစ်တပ်က နိုင်ငံရဲ့ ရေပိုင်နက်ဆိုင်ရာ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ရည်ရွယ်ပြီး Typhon ဒုံးကျည်စနစ်ကို ဝယ်ယူနိုင်ရေး စီစဉ်နေပြီလို့ ပြောကြားခဲ့ပါတယ်။ တရုတ်ကတော့ အဲဒီဆုံးဖြတ်ချက်ဟာ ဒေသတွင်းမှာ လက်နက်အပြိုင် တပ်ဆင်မှု အခြေအနေဆီ ဦးတည်သွားစေနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

အခုတော့ အမေရိကန်ဟာ ဖိလစ်ပိုင် ကြည်းတပ်ရဲ့ လက်နက်ကြီး တပ်စိတ် တစ်ခုကို Typhon ဒုံးကျည်စနစ် ကိုင်တွယ် ပစ်ခတ်မှုဆိုင်ရာ စတင်ပြီး သင်တန်းပေးတော့မှာ ဖြစ်ပါတယ်။ အခုကိစ္စနဲ့ နီးစပ်တဲ့ ဖိလစ်ပိုင် စစ်တပ် အရာရှိ တစ်ဦးက သင်တန်းပေးမယ့် နေရာကို ထုတ်ပြောဖို့ ငြင်းဆိုခဲ့ပေမယ့် တစ်ပတ်ကြာ သင်တန်းပို့ချမှုအတွင်း ဒုံးကျည်တွေ အမှန်တကယ် ပစ်ခတ်သွားမှာတော့ မဟုတ်ဘူးလို့ အတည်ပြုသွားခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။