Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေဆာရောင်ခြည်သုံးပြီး ဒရုန်းကို အမေရိကန် စမ်းသပ်ပစ်ချမှု အောင်မြင်

အမေရိကန် စစ်သင်္ဘော တစ်စီးဟာ ပျံသန်းလာတဲ့ ဒရုန်းတစ်စီးကို လေဆာရောင်ခြည်နဲ့ ပစ်ချတဲ့ စမ်းသပ်မှုကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။

အမေရိကန် စစ်သင်္ဘော တစ်စီးဟာ ပျံသန်းလာတဲ့ ဒရုန်းတစ်စီးကို လေဆာရောင်ခြည်နဲ့ ပစ်ချတဲ့ စမ်းသပ်မှုကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ထွက်ပေါ်လာတဲ့ ဓာတ်ပုံဟာ ပစိဖိတ် သမုဒ္ဒရာ အနောက်ပိုင်း ရေပြင်တစ်နေရာမှာ နေရာယူထားတဲ့ USS Preble ဖျက်သင်္ဘောက အဲဒီ လက်နက်စနစ် စမ်းသပ်မှုကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ကြောင်း အတည်ပြုပေးခဲ့ပါတယ်။

လောလောဆယ်မှာတော့ အမေရိကန် ရေတပ်မှာ အဲဒီသင်္ဘော တစ်စီးပဲ စွမ်းအားမြင့် လေဆာရောင်ခြည် လက်နက်စနစ် တစ်ခုကို တပ်ဆင်ထားပါသေးတယ်။ စမ်းသပ် အဆင့်မြှင့်မှုတွေ လုပ်ဆောင်နေဆဲ အဲဒီ လက်နက်စနစ်ဟာ မြန်နှုန်းမြင့် ချဉ်းကပ်လာတဲ့ ယာဉ်တွေ၊ ဒရုန်းတွေကို ပစ်ချနိုင်ဖို့ ရည်ရွယ် တီထွင်ထားတာပါ။

အမေရိကန်ရဲ့ ပြိုင်ဘက် စူပါပါဝါ နိုင်ငံတချို့ဟာ အသံထက် ၅ ဆ၊ ၁၀ ဆပိုမြန်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တွေ အပြိုင်အဆိုင် တီထွင်လာတဲ့နောက် အဲဒီ ဒုံးကျည်တွေကို သမားရိုးကျ လေကြောင်းကာကွယ်ရေး ခွင်းဒုံးတွေနဲ့ ကြားဖြတ် ဟန့်တားဖို့က အရမ်းခက်ခဲလာနေပါတယ်။ လေဆာရောင်ခြည် အလင်းတန်းကို ကာကွယ်ရေး လက်နက်အဖြစ် အသုံးချနိုင်ခြင်းက ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို ဟန့်တားရာမှာ အရမ်း ထိရောက်လာမှာ ဖြစ်ပါတယ်။ ဒါဟာ သီအိုရီ သဘောအရဖြစ်ပြီး လေဆာရောင်ခြည်ကို အစွမ်းထက် လက်နက်အဖြစ် အသုံးချဖို့ ဆိုတာက ကန့်သတ်ချက်တွေ အများကြီး ရှိနေဆဲပါ။

Public Service Announcement

Public Service Announcement

HELIOSလို့ ခေါ်ဝေါ်တဲ့ လေဆာရောင်ခြည် လက်နက်စနစ်က ဒရုန်းတစ်စီးကို ပစ်ချနေပုံ အဖြူအမည်း မှတ်တမ်း ဓာတ်ပုံကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ နှစ်ချုပ် အစီရင်ခံစာအတွင်း ထုတ်ပြခဲ့တာ ဖြစ်ပါတယ်။ လက်နက် စမ်းသပ်တဲ့ အချိန်နဲ့ တည်နေရာ အတိအကျတွေကိုတော့ ဖော်ပြမထားဘဲ စမ်းသပ်အဆင့် လက်နက်ဟာ စွမ်းဆောင်ရည်နဲ့ ထိရောက်မှု အပိုင်းမှာ အားရစရာ ဖြစ်သလို ဒရုန်းကို ပစ်ချရာမှာ တိတိကျကျ အောင်မြင်မှု ရှိခဲ့တယ်လို့ မှတ်ချက် ပေးထားခဲ့ပါတယ်။

USS Prebleရဲ့ ၆၀ ကီလိုဝပ် လေဆာရောင်ခြည်တန်းဟာ ရန်သူ့ ထောက်လှမ်းရေး ယာဉ်တွေရဲ့ ကင်မရာတွေကို နှောင့်ယှက်ဖို့ အတွက်လည်း အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

နည်းပညာပိုင်း တိုးတက်မှုတွေ ထင်သလောက် ခရီးမရောက်သေးတာကြောင့် လေဆာ လက်နက်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမချနိုင်သေးပေမယ့် သီအိုရီအရ အဲဒီ လက်နက် စနစ်ဟာ လက်ရှိ ဒုံးကျည်တွေထက် စရိတ်ပိုမိုသက်သာပြီး လေဆာရောင်ခြည်တန်းတွေဟာ အလင်းရဲ့ မြန်နှုန်းမျိုး ပိုင်ဆိုင်တာကြောင့် ဟိုက်ပါ ဆောနစ် ဒုံးကျည်တွေကိုပါ လက်ဦးမှုယူ ဖျက်ဆီးနိုင်မယ့် သဘောလည်း ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ အမေရိကန် ရေတပ်ဟာ ဒရုန်းလို ရန်သူပစ်မှတ်တွေကို ဟန့်တားရာမှာ စရိတ်ကြီးမြင့်တဲ့ ဒုံးကျည်တွေအစား လေဆာရောင်ခြည်နဲ့ ပစ်ချနိုင်ရေးကို ဦးစားပေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကိုးကား: NewsWeek

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ ဝန်ထမ်းတွေက အဲဒီ အေဂျင်စီရဲ့ လုပ်ငန်းတွေ ရပ်စဲဖို့၊ အေဂျင်စီကို ဖျက်သိမ်းဖို့ အားထုတ်နေတဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တရားစွဲဆိုလိုက်ကြပါတယ်။

နိုင်ငံတကာ

အမေရိကန် လမ်းစဉ်ကိုလိုက်ပြီး အာဂျင်တီးနား အစိုးရဟာလည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကနေ နုတ်ထွက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို တိုက်ဖျက်ရေး သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မူဝါဒတွေအရ အမေရိကန်က နှင်ထုတ်လိုက်တဲ့ အိန္ဒိယ နိုင်ငံသား ၁၀၀ ကျော်ဟာ ဇာတိနိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့ကြပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသကို အမေရိကန်က ဝင်ရောက် ထိန်းချုပ်ထားဖို့ ဆန္ဒရှိကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုနဲ့ တွေ့ဆုံပြီးချိန်မှာ ပြောကြားခဲ့ပါတယ်။