Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေဆာရောင်ခြည်သုံးပြီး ဒရုန်းကို အမေရိကန် စမ်းသပ်ပစ်ချမှု အောင်မြင်

အမေရိကန် စစ်သင်္ဘော တစ်စီးဟာ ပျံသန်းလာတဲ့ ဒရုန်းတစ်စီးကို လေဆာရောင်ခြည်နဲ့ ပစ်ချတဲ့ စမ်းသပ်မှုကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။

အမေရိကန် စစ်သင်္ဘော တစ်စီးဟာ ပျံသန်းလာတဲ့ ဒရုန်းတစ်စီးကို လေဆာရောင်ခြည်နဲ့ ပစ်ချတဲ့ စမ်းသပ်မှုကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ထွက်ပေါ်လာတဲ့ ဓာတ်ပုံဟာ ပစိဖိတ် သမုဒ္ဒရာ အနောက်ပိုင်း ရေပြင်တစ်နေရာမှာ နေရာယူထားတဲ့ USS Preble ဖျက်သင်္ဘောက အဲဒီ လက်နက်စနစ် စမ်းသပ်မှုကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ကြောင်း အတည်ပြုပေးခဲ့ပါတယ်။

လောလောဆယ်မှာတော့ အမေရိကန် ရေတပ်မှာ အဲဒီသင်္ဘော တစ်စီးပဲ စွမ်းအားမြင့် လေဆာရောင်ခြည် လက်နက်စနစ် တစ်ခုကို တပ်ဆင်ထားပါသေးတယ်။ စမ်းသပ် အဆင့်မြှင့်မှုတွေ လုပ်ဆောင်နေဆဲ အဲဒီ လက်နက်စနစ်ဟာ မြန်နှုန်းမြင့် ချဉ်းကပ်လာတဲ့ ယာဉ်တွေ၊ ဒရုန်းတွေကို ပစ်ချနိုင်ဖို့ ရည်ရွယ် တီထွင်ထားတာပါ။

အမေရိကန်ရဲ့ ပြိုင်ဘက် စူပါပါဝါ နိုင်ငံတချို့ဟာ အသံထက် ၅ ဆ၊ ၁၀ ဆပိုမြန်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တွေ အပြိုင်အဆိုင် တီထွင်လာတဲ့နောက် အဲဒီ ဒုံးကျည်တွေကို သမားရိုးကျ လေကြောင်းကာကွယ်ရေး ခွင်းဒုံးတွေနဲ့ ကြားဖြတ် ဟန့်တားဖို့က အရမ်းခက်ခဲလာနေပါတယ်။ လေဆာရောင်ခြည် အလင်းတန်းကို ကာကွယ်ရေး လက်နက်အဖြစ် အသုံးချနိုင်ခြင်းက ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို ဟန့်တားရာမှာ အရမ်း ထိရောက်လာမှာ ဖြစ်ပါတယ်။ ဒါဟာ သီအိုရီ သဘောအရဖြစ်ပြီး လေဆာရောင်ခြည်ကို အစွမ်းထက် လက်နက်အဖြစ် အသုံးချဖို့ ဆိုတာက ကန့်သတ်ချက်တွေ အများကြီး ရှိနေဆဲပါ။

Public Service Announcement

Public Service Announcement

HELIOSလို့ ခေါ်ဝေါ်တဲ့ လေဆာရောင်ခြည် လက်နက်စနစ်က ဒရုန်းတစ်စီးကို ပစ်ချနေပုံ အဖြူအမည်း မှတ်တမ်း ဓာတ်ပုံကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ နှစ်ချုပ် အစီရင်ခံစာအတွင်း ထုတ်ပြခဲ့တာ ဖြစ်ပါတယ်။ လက်နက် စမ်းသပ်တဲ့ အချိန်နဲ့ တည်နေရာ အတိအကျတွေကိုတော့ ဖော်ပြမထားဘဲ စမ်းသပ်အဆင့် လက်နက်ဟာ စွမ်းဆောင်ရည်နဲ့ ထိရောက်မှု အပိုင်းမှာ အားရစရာ ဖြစ်သလို ဒရုန်းကို ပစ်ချရာမှာ တိတိကျကျ အောင်မြင်မှု ရှိခဲ့တယ်လို့ မှတ်ချက် ပေးထားခဲ့ပါတယ်။

USS Prebleရဲ့ ၆၀ ကီလိုဝပ် လေဆာရောင်ခြည်တန်းဟာ ရန်သူ့ ထောက်လှမ်းရေး ယာဉ်တွေရဲ့ ကင်မရာတွေကို နှောင့်ယှက်ဖို့ အတွက်လည်း အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

နည်းပညာပိုင်း တိုးတက်မှုတွေ ထင်သလောက် ခရီးမရောက်သေးတာကြောင့် လေဆာ လက်နက်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမချနိုင်သေးပေမယ့် သီအိုရီအရ အဲဒီ လက်နက် စနစ်ဟာ လက်ရှိ ဒုံးကျည်တွေထက် စရိတ်ပိုမိုသက်သာပြီး လေဆာရောင်ခြည်တန်းတွေဟာ အလင်းရဲ့ မြန်နှုန်းမျိုး ပိုင်ဆိုင်တာကြောင့် ဟိုက်ပါ ဆောနစ် ဒုံးကျည်တွေကိုပါ လက်ဦးမှုယူ ဖျက်ဆီးနိုင်မယ့် သဘောလည်း ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ အမေရိကန် ရေတပ်ဟာ ဒရုန်းလို ရန်သူပစ်မှတ်တွေကို ဟန့်တားရာမှာ စရိတ်ကြီးမြင့်တဲ့ ဒုံးကျည်တွေအစား လေဆာရောင်ခြည်နဲ့ ပစ်ချနိုင်ရေးကို ဦးစားပေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကိုးကား: NewsWeek

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။