Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ အမေရိကန် စစ်တပ် ငှားရမ်းအသုံးပြုတဲ့ လေယာဉ်ငယ်ပျက်ကျ၊ ၄ ဦးသေဆုံး

အမေရိကန် စစ်တပ်သုံး လေယာဉ်ငယ်တစ်စီး ဖိလစ်ပိုင် တောင်ပိုင်းမှာ ပျက်ကျခဲ့တာကြောင့် လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

အမေရိကန် စစ်တပ်သုံး လေယာဉ်ငယ်တစ်စီး ဖိလစ်ပိုင် တောင်ပိုင်းမှာ ပျက်ကျခဲ့တာကြောင့် လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၆ ရက်နေ့က ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ အမေရိကန် စစ်တပ်နဲ့ အငှားကန်ထရိုက် စာချုပ် ချုပ်ဆိုထားတယ် ဆိုတာကို အမေရိကန် သံရုံးက အတည်ပြုခဲ့ပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်သေးပါဘူး။

ဖိလစ်ပိုင် စစ်တပ်ကလည်း မင်ဒါနာအိုကျွန်းမှာ ဖြစ်ပွားတဲ့ လေယာဉ် ပျက်ကျမှုဟာ လျှို့ဝှက်အဆင့် ဖြစ်နေတာကြောင့် လတ်တလောမှာ သတင်းအချက်အလက်တွေ မထုတ်ပြန်နိုင်သေးကြောင်း သီးခြား ကြေညာခဲ့ပါတယ်။

အမေရိကန်ဟာ အရှေ့တောင်အာရှ ဒေသတွင်း မဟာမိတ် နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်မှာ တပ်ဖွဲ့ဝင် အနည်းငယ်လောက်ကို အလှည့်ကျ စနစ်နဲ့ ဖြန့်ကျက် ထားရှိပါတယ်။ ရည်ရွယ်ချက်ကတော့ နိုင်ငံတောင်ပိုင်းမှာ သောင်းကျန်းနေတဲ့ အိုင်အက်စ် အဆက်အနွှယ် စစ်သွေးကြွ အကြမ်းဖက် အဖွဲ့တွေကို ဖိလစ်ပိုင် စစ်တပ်က နှိမ်နင်းရာမှာ ထောက်လှမ်းရေး အကူအညီပေးဖို့ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ် စစ်ရေးကွပ်ကဲမှု ဌာနကလည်း ဖိလစ်ပိုင်မှာ လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

မင်ဒါနာအို ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဂျိုပီ ဗန်တူရာက လေယာဉ်ငယ်တစ်စီးဟာ အမ်ပါတူအန်ခရိုင်က လယ်ကွင်းတစ်ခုထဲ ပျက်ကျခဲ့ကြောင်း ပြောပေမယ့် လက်ရှိ အတည်ပြုထားတဲ့ သေဆုံးမှု စာရင်း ၄ ဦးက ဘယ်သူတွေလဲ ဆိုတာကိုတော့ ထုတ်မပြောခဲ့ပါဘူး။ အခင်းဖြစ်တဲ့ နေရာမှာ အထောက်အထားတွေ ပျောက်ဆုံးမှာကို စိုးလို့ စစ်တပ်နဲ့ ရဲတွေက ကြပ်ကြပ်မတ်မတ် လုံခြုံရေး ယူပေးထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဖိလစ်ပိုင် သတင်းတချို့ကတော့ သေဆုံးသူတွေဟာ အမေရိကန် စစ်မှုထမ်း တစ်ဦးနဲ့ တခြားသုံးဦးလို့ ဖော်ပြထားကြပါတယ်။

လေယာဉ်ရဲ့ အမြီးပေါ်က နံပါတ် N349CA အမှတ်အသားအရ ကာကွယ်ရေး ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Metreaက ပိုင်ဆိုင်ပြီး Beechcraft Super King Air B300 အမျိုးအစား ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။

အခင်းဖြစ်တဲ့ နေရာကို ရောက်ရှိခဲ့တဲ့ ကယ်ဆယ်ရေး ဝန်ထမ်း တစ်ဦးကတော့ လေယာဉ်ဟာ ထက်ပိုင်းကျိုးနေခဲ့ပြီး အလောင်းတွေကို လေယာဉ်အပျက်အစီးတွေ နားမှာပဲ ရှာတွေ့ခဲ့တယ်လို့ ပြောကြားသွားပါတယ်။ လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကိုလည်း မသိရသေးပါဘူး။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ် တပ်ဖွဲ့ဝင်တွေကြား ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာအမတ်များအဖွဲ့ (APHR)ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ အသက်ရှင်လျက်ရှိနေဆဲဖြစ်ကြောင်းအတည်ပြုနိုင်ရေး တွန်းအားပေး လုပ်ဆောင်ဖို့ဖိလစ်ပိုင်နဲ့အရှေ့တီမော သမ္မတတွေကို တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုနဲ့ ဆက်စပ်တဲ့ မြေပြိုမှုတွေကြောင့် ဖိလစ်ပိုင်မှာ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်ဟာမြန်မာ့ပြည်တွင်းရေးကိုဝင်ရောက်စွတ်ဖက်နေတာကြောင့်အာဆီယံအဖွဲ့ကနေဖိလစ်ပိုင် နှုတ် ထွက်သွားသင့်တယ်လို့ အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ကြံခိုင်ရေးပါတီရဲ့နေပြည်တော်နယ်မြေ ဥက္ကဋ္ဌဖြစ်သူ စစ်တပ်အရာရှိဟောင်းဦးလှဆွေကစစ်တပ်ရဲ့လွှတ်တော်မှာ ဒီနေ့ (ဇူလိုင် ၉) မှာ ပြောလိုက်ပါတယ်။