Connect with us

Hi, what are you looking for?

နိုင်ငံတကာ

USAID ရပ်တန့်မှုကြောင့် နိုင်ငံ ၅၀ ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ ထိခိုက်ခဲ့ကြောင်း WHOပြော

အမေရိကန်ရဲ့ နိုင်ငံတကာ ကူညီထောက်ပံ့ရေးဆိုင်ရာ အဖွဲ့အစည်းကြီးဖြစ်တဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ရပ်တန့်သွားတဲ့ဒဏ်ကို နိုင်ငံပေါင်း ၅၀ လောက်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍတွေ သက်ရောက် ခံစားနေရကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်ရဲ့ နိုင်ငံတကာ ကူညီထောက်ပံ့ရေးဆိုင်ရာ အဖွဲ့အစည်းကြီးဖြစ်တဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ရပ်တန့်သွားတဲ့ဒဏ်ကို နိုင်ငံပေါင်း ၅၀ လောက်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍတွေ သက်ရောက် ခံစားနေရကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်အရ USAIDရဲ့ လုပ်ငန်း လည်ပတ်မှုတွေကို ပြီးခဲ့တဲ့ လကတည်းက ရပ်နားထားရတာဖြစ်ပြီး အကျိုးဆက် အနေနဲ့ HIV၊ ပိုလီယို၊ မျောက်ကျောက် (mpox) ရောဂါတွေ တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ ကျန်းမာရေး ဝန်ဆောင်မှု ကဏ္ဍတွေပါ ကမောက်ကမ ဖြစ်ကုန်တယ်လို့ ကုလသမဂ္ဂ လက်အောက်ခံ ကျန်းမာရေး အေဂျင်စီကြီးက ဆိုပါတယ်။

ထရမ့်ဟာ သမ္မတအဖြစ် ဒုတိယအကြိမ် တာဝန်ယူတဲ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာတင်ပဲ WHOကပါ အမေရိကန်ကို နုတ်ထွက်စေတဲ့ အမိန့်ကို လက်မှတ် ရေးထိုးထားခဲ့ပြီး ဖြစ်ပါတယ်။

ထရမ့်က USAIDရဲ့ ထောက်ပံ့ရေး ရန်ပုံငွေ သုံးစွဲမှုတွေဟာ ရှုပ်ထွေးမှုတွေ များပြားလွန်းတယ်လို့ ဝေဖန်စွပ်စွဲပြီး အဲဒီ အေဂျင်စီရဲ့ လုပ်ငန်းတွေကို ရပ်နားထားဖို့ အမိန့်ပေးခဲ့တာပါ။ ဒါတင် မကသေးဘဲ ထရမ့်ဟာ USAIDကို အပြီးတိုင် ဖျက်သိမ်းဖို့ထိ ပြင်ဆင်နေကြောင်း သူ့ရဲ့ အနီးကပ် အကြံပေး တစ်ဦးလည်းဖြစ်၊ အစိုးရ အသုံးစရိတ် စိစစ်ရေး ဌာနမှာ အကြီးအကဲ တာဝန်ယူထားသူလည်းဖြစ်တဲ့ အီလွန်မတ်စ်ခ်က မှတ်ချက်ပေးထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

WHOရဲ့ အကြီးအကဲဖြစ်သူ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနမ် ဂျီဘရီးဆက်စ်ကတော့ ထရမ့်ရဲ့ အစိုးရ အနေနဲ့ USAIDက ပေးအပ်တဲ့ နိုင်ငံတကာ အထောက်အပံ့တွေကို ပြန်လည် ခွင့်ပြုပေးရေး စဉ်းစားသင့်ကြောင်း မေတ္တာ ရပ်ခံထားပါတယ်။

အခုဆိုရင် ကမ္ဘာ့နိုင်ငံပေါင်း ၅၀ လောက်မှာ HIV ကုသမှုနဲ့ တခြားသော ကျန်းမာရေး ဝန်ဆောင်မှုတွေ အကုန်လုံး အကျပ်ရိုက်ကုန်ပြီလို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ဒေါက်တာ ဂျီဘရီးဆက်စ်က ပြောပါတယ်။

USAIDရဲ့ ရန်ပုံငွေ ရပ်ဆိုင်းမှုတွေရဲ့ နောက်ဆက်တွဲ ဂယက်တွေအကြောင်း ပထမဆုံးအကြိမ် လူသိရှင်ကြား မှတ်ချက်ပေးရာမှာ ဒေါက်တာ ဂျီဘရီးဆက်စ်က အမေရိကန် အစိုးရရဲ့ လုပ်ဆောင်ချက် တစ်ခုကြောင့် ကမ္ဘာ့ကျန်းမာရေး ကဏ္ဍမှာ ကြီးမားတဲ့ ဆိုးကျိုး သက်ရောက်မှုတွေ ရိုက်ခတ်သွားမှာကို စိုးရိမ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာ ကျန်းမာရေး ပညာရှင်တွေကတော့ USAIDရဲ့ ကျန်းမာရေး အထောက်အပံ့ ရပ်တန့်မှုတွေဟာ ကူးစက်ရောဂါ ဖြစ်ပွားမှုတွေ ပိုမို မြန်ဆန်တာ၊ ကာကွယ်ဆေးနဲ့ ကုသဆေးဝါး အသစ်တွေ သုတေသနပြု တီထွင်တာတွေ နှောင့်နှေးကုန်တာမျိုး အကျိုးဆက်တွေ ကြုံလာနိုင်ကြောင်းလည်း သတိပေးထားပါတယ်။

USAIDဟာ ကျန်းမာရေး ဝန်ဆောင်မှုတွေ အပါအဝင် လူသားချင်း စာနာမှု ကဏ္ဍတွေအတွက် တစ်နှစ်ကို ဒေါ်လာ ၄၀ ဘီလီယံလောက် သုံးစွဲလေ့ ရှိပါတယ်။ ဒါဟာ အမေရိကန် အစိုးရရဲ့ တစ်နှစ်တာ အသုံးစရိတ်နဲ့ ယှဉ်ရင်တော့ ၀.၆ ရာခိုင်နှုန်း ပမာဏလောက်သာ ဖြစ်ပါတယ်။

USAIDရဲ့ ရန်ပုံငွေ ခွဲတမ်း အများစုဟာ အာရှ၊ အာဖရိက ဒေသတွင်း နိုင်ငံတွေနဲ့ စစ်ဘေးသင့် ယူကရိန်း နိုင်ငံတို့ဆီ ရောက်ရှိခဲ့ကြောင်းလည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ လူသားချင်း စာနာမှု ရန်ပုံငွေတွေ ဖြတ်တောက် ခံရခြင်းက မြန်မာပြည်သူတွေအပေါ် ပြင်းပြင်းထန်ထန် ဆိုးကျိုးရိုက်ခတ်စေခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က သတိပေး ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ပြန်လည် စစ်ဆေး သုံးသပ်မှုတွေအပြီး အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ နိုင်ငံတကာ အထောက်အပံ့ စီမံကိန်း အားလုံးရဲ့ ၈၃ ရာခိုင်နှုန်းကို ပယ်ဖျက်လိုက်ပြီး ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

သတင်း

အမေရိကန်ရဲ့ နိုင်ငံတကာ အထောက်အပံ့တွေကို ပိတ်ပင်မယ့် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်နဲ့အတူ မြန်မာ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ မီဒီယာဆိုင်ရာ ထောက်ပံ့ကြေး ဒေါ်လာ သန်း ၄၀ နီးပါး ဖြတ်တောက် ခံရမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ ဝန်ထမ်းတွေက အဲဒီ အေဂျင်စီရဲ့ လုပ်ငန်းတွေ ရပ်စဲဖို့၊ အေဂျင်စီကို ဖျက်သိမ်းဖို့ အားထုတ်နေတဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တရားစွဲဆိုလိုက်ကြပါတယ်။