Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရှေ့ဥရောပက NATOတပ်တွေ ရုပ်သိမ်းရေး အမေရိကန်ကို ရုရှား တောင်းဆိုခဲ့တယ်လို့ သတင်းထွက်

အရှေ့ ဥရောပ ဒေသမှာ NATO စစ်မဟာမိတ် တပ်ဖွဲ့တွေ ဖြန့်ကျက်ထားမှုကို ရုပ်သိမ်းစေဖို့ ရုရှားက အမေရိကန်ကို တောင်းဆိုခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

အရှေ့ ဥရောပ ဒေသမှာ NATO စစ်မဟာမိတ် တပ်ဖွဲ့တွေ ဖြန့်ကျက်ထားမှုကို ရုပ်သိမ်းစေဖို့ ရုရှားက အမေရိကန်ကို တောင်းဆိုခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

အခုသီတင်းပတ်ထဲမှာ ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးအတွက် အမေရိကန်နဲ့ ရုရှား ကိုယ်စားလှယ်တွေ ဆော်ဒီအာရေးဘီးယား နိုင်ငံမှာ ဆွေးနွေးခဲ့ချိန်တုန်းက ရုရှားဖက်က အဲဒီလို တောင်းဆိုခဲ့တာလို့ Financial Times သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

နှစ်ဖက် ဆက်ဆံရေး ပုံမှန် ပြန်လည် တည်ဆောက်မှု အစီအစဉ် တစ်ခုအဖြစ် ရုရှားနဲ့ ထိစပ်နေရာ အရှေ့ဥရောပ နိုင်ငံတွေကနေ NATO တပ်တွေ ရုပ်သိမ်းစေရေး ဆောင်ရွက်ပေးဖို့ ရုရှားက အမေရိကန်ကို တောင်းဆိုခဲ့တာဖြစ်ကြောင်း အရှေ့ဥရောပ နိုင်ငံတွေရဲ့ သတင်းရင်းမြစ် နှစ်ခုကို ကိုးကားပြီး Financial Timesက သတင်းရေးသားခဲ့ပါတယ်။

နာမည် ထုတ်မပြောတဲ့ အရှေ့ဥရောပ နိုင်ငံတစ်ခုရဲ့ အစိုးရ အရာရှိ တစ်ဦးက ရုရှားရဲ့ တောင်းဆိုမှုကို အိမ်ဖြူတော်ဖက်က အလေးအနက် စဉ်းစားမှာကို ဒေသတွင်းမှာ စိုးရိမ်မှုတွေ ရှိနေတယ်လို့ အဲဒီ သတင်းဌာနဆီ မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရိုမေးနီးယား သမ္မတရဲ့ ဝန်ထမ်းရေးရာဌာန အကြီးအကဲ ခရစ္စရှန် ဒီယန်ကွန်နက်စကူကတော့ အမေရိကန်-ရုရှား ဆွေးနွေးမှုကို အကြောင်းပြုပြီး NATO မဟာမိတ် အဖွဲ့ထဲမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်လာမှာကို အလေးထား စဉ်းစားဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။

ရုရှားနဲ့ အမေရိကန် အစိုးရတွေကတော့ Financial Timesက ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်နဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က NATOဟာ အရှေ့ဖက်ကို ဩဇာဖြန့်ကျက်မှုတွေ ချဲ့ထွင်ရင်း ရုရှား ပိုင်နက်ကို ရန်လို ခြိမ်းခြောက်လာနေကြောင်း အကြိမ်ကြိမ် စွပ်စွဲ ပြောဆိုထားပါတယ်။ နောက်ပြီး ယူကရိန်းကို စစ်ပြု တိုက်ခိုက်ခဲ့တာကလည်း အိမ်နီးချင်း နိုင်ငံကို NATOရဲ့ ဩဇာ လွှမ်းမိုးလာမှုတွေကနေ ဟန့်တားဖို့အတွက် ဖြစ်တယ်လို့ ရုရှားက အကြောင်းပြချက် ပေးထားပါတယ်။

ရုရှားနဲ့ အမေရိကန်တို့ဟာ ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေး ကိစ္စကို ယူကရိန်းအစိုးရရော၊ ဥရောပ နိုင်ငံတွေကိုပါ ချိတ်ဆက်ခြင်း မရှိဘဲ သီးခြား လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ လက်ဆုပ်လက်ကိုင် သဘောတူညီမှုတွေ တိတိကျကျ မရသေးပေမယ့်လည်း ဆွေးနွေးမှုတွေက အပြုသဘော ဆန်နေတယ်လို့ နှစ်ဖက်စလုံးက မှတ်ချက်ပေးထားပါတယ်။

ကိုးကား: Financial Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။