Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး ဓားစာခံ ၄ ယောက်ရဲ့ အလောင်းတွေကို ဟားမားစ် လွှဲပြောင်းပေး

ဟားမားစ် ပြောက်ကျားတွေက ဓားစာခံ ၄ ဦးရဲ့ ရုပ်အလောင်းတွေကို လွှဲပြောင်းပေးခဲ့တဲ့နောက် အစ္စရေးက ပါလက်စတိုင်း အကျဉ်းသား တချို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

ဟားမားစ် ပြောက်ကျားတွေက ဓားစာခံ ၄ ဦးရဲ့ ရုပ်အလောင်းတွေကို လွှဲပြောင်းပေးခဲ့တဲ့နောက် အစ္စရေးက ပါလက်စတိုင်း အကျဉ်းသား တချို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ လက်ခံရရှိခဲ့တဲ့ အလောင်းတွေဟာ အသက် ၈၆ နှစ်အရွယ် ရှလိုမို မန်ဆာ၊ အသက် ၅၀ အရွယ် အိုဟတ်ဒ် ယာဟာလိုမီ၊ အသက် ၅၀ အရွယ် ဆာချီ အိုင်ဒန်နဲ့ အသက် ၆၉ နှစ်အရွယ် အစ်ဇစ် အယ်လ်ဂါရတ်တို့ ဟုတ်မဟုတ် ဆိုတာကို DNA စစ်ဆေးမှုတွေ စတင် လုပ်ဆောင်နေပြီလို့ အစ္စရေးက ပြောပါတယ်။

DNA စစ်ဆေးမှုတွေ ပြီးစီးလို့ ရုပ်အလောင်းတွေဟာ သက်ဆိုင်သူတွေ ဖြစ်တယ်ဆိုတာ သေချာရင် ပါလက်စတိုင်း အကျဉ်းသား ၆၀၀ လောက်ကို လွှတ်ပေးဖို့ အစ္စရေးက စီစဉ်ထားပါတယ်။

အသက်ရှင်လျက်ရော၊ သေဆုံးနေသူတွေပါ ပါဝင်တဲ့ အစ္စရေး ဓားစာခံတွေကို ပါလက်စတိုင်း အကျဉ်းသားတွေနဲ့ အလဲအလှယ် လုပ်တာဟာ လက်ရှိ ဂါဇာ အပစ်အခတ် ရပ်စဲမှု သဘောတူညီချက် ပထမအဆင့် သတ်မှတ်ချက်မှာ နောက်ဆုံးအကြိမ် ဖြစ်ပါတယ်။ အဲဒီ ဂါဇာ သဘောတူညီချက်ရဲ့ ပထမအဆင့် ရက်သတ်မှတ်ချက်ဟာ မတ်လ ၁ ရက်နေ့မှာ အဆုံးသတ်ပါမယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့တစ်ခေါက် ဓားစာခံ ရုပ်အလောင်းတွေ လွှဲပြောင်းမှုမှာ အစ္စရေးသူ ရှီရီ ဘီဘက်စ်ရဲ့ အလောင်းအစား ဟားမားစ်တွေက ပါလက်စတိုင်း အမျိုးသမီး တစ်ဦးရဲ့ အလောင်းကို ထည့်ပေးလိုက်လို့ အစ္စရေးအတွက် အကြီးအကျယ် ဒေါသထွက်စရာ ဖြစ်ခဲ့ပါတယ်။ ဟားမားစ်တွေကတော့ စီမံခန့်ခွဲမှု အမှားကြောင့် ဖြစ်တယ်လို့ အကြောင်းပြပြီး နောက်ထပ် ရုပ်အလောင်း တစ်ခုကို ထပ်မံ ပို့ဆောင်ခဲ့သလို အဲဒါကတော့ ဘီဘက်စ် ဖြစ်တယ်လို့ အစ္စရေးဖက်ကလည်း အတည်ပြုခဲ့ပါတယ်။

အစ္စရေးက ဟားမားစ်တွေဟာ သုံ့ပန်းချင်း လဲလှယ်မှုတွေမှာ အရှက်ရစရာတွေ လုပ်ဆောင်နေတယ်လို့ စွပ်စွဲပြီး ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပါလက်စတိုင်း အကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့ ကိစ္စကို ယာယီ ဆိုင်းငံ့ခဲ့တာကြောင့် နှစ်ဖက် တင်းမာပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပါသေးတယ်။

ဟားမားစ် အရာရှိ တစ်ဦးကတော့ ဖေဖော်ဝါရီ ၂၆ ရက်နေ့တုန်းက အလောင်းတွေ ပြန်လွှဲအပ်ပေးတဲ့ အခါမှာ လူမြင်သူမြင် မဟုတ်ဘဲ သိုသိုသိပ်သိပ်နဲ့ အငြင်းပွားစရာ မရှိအောင် ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။

အစ္စရေးက DNA စစ်ဆေးမှုတွေ အတည်ပြုပြီးရင် ပါလက်စတိုင်း အကျဉ်းသား စုစုပေါင်း ၆၂၅ ဦး လွတ်မြောက်လာမယ်လို့ ယုံကြည်ရပါတယ်။

အစ္စရေးနဲ့ ဟားမားစ်တို့ကြား အပစ်အခတ် ရပ်စဲမှု ဒုတိယ အဆင့်မှာတော့ အစ္စရေး တပ်တွေ ဂါဇာက အပြီးတိုင် ရုပ်သိမ်းပြီး စစ်ပွဲကို တရားဝင် အဆုံးသတ်နိုင်ရေး ညှိနှိုင်းသွားကြမှာ ဖြစ်ပါတယ်။

ကိုးကား France 24

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသ အုပ်ချုပ်ရေး ကော်မတီကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ပါလက်စတိုင်း လှုပ်ရှားမှု အဖွဲ့အစည်း ဟားမားစ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတွေကို တိုက်ခိုက်နေတာတွေ ရပ်တန့်ပေးဖို့ မဟာမိတ် အီရန်နိုင်ငံကို ဟားမားစ် ပြောက်ကျားအဖွဲ့က တောင်းဆိုလိုက်ပါတယ်။