Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိမ်ဖြူတော်က စကားအခြေအတင် ကိစ္စအပြီး အမေရိကန်မှာ ယူကရိန်းကို ထောက်ခံသူတွေ ဆန္ဒပြ

အိမ်ဖြူတော်မှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ အခြေအတင် စကားများခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၊ ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်တို့ကို ဆန့်ကျင်ပြီး ယူကရိန်းကို ထောက်ခံတဲ့ ဆန္ဒပြ ချီတက်ပွဲတွေ အမေရိကန်မှာ ပေါ်ပေါက်ခဲ့ပါတယ်။

အိမ်ဖြူတော်မှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ အခြေအတင် စကားများခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်တို့ကို ဆန့်ကျင်ပြီး ယူကရိန်းကို ထောက်ခံတဲ့ ဆန္ဒပြ ချီတက်ပွဲတွေ အမေရိကန်မှာ ပေါ်ပေါက်ခဲ့ပါတယ်။

ဇီလန်စကီးနဲ့ အမေရိကန် အစိုးရ ခေါင်းဆောင်နှစ်ယောက်ကြား အပြင်းအထန် စကားအခြေအတင် ဖြစ်မှုတွေ ပေါ်ပေါက်ခဲ့တဲ့နောက် ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အမေရိကန်ရဲ့ မြို့ကြီး တချို့မှာ ယူကရိန်းကို ထောက်ခံတဲ့ စုဝေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာခဲ့တာပါ။

အဲဒီထဲမှာ မီဒီယာတွေ အဓိက အာရုံစိုက် ခံခဲ့ရတဲ့ ဖြစ်စဉ် တစ်ခုကတော့ ဗားမောင့်မှာ ဒုတိယ သမ္မတ ဗန့်စ်ရဲ့ မိသားစုက နှင်းလျှောစီး သွားရောက်မယ့် လမ်းကို ယူကရိန်း လိုလားသူတွေက ပိတ်ထားပြီး ဆန္ဒပြခဲ့ကြတာပဲ ဖြစ်ပါတယ်။ အဲဒီအတွက် ဗန့်စ်တို့ မိသားစုဟာ လုံခြုံရေးကြောင့် လျှို့ဝှက် နေရာတစ်ခုဆီ လမ်းကြောင်းပြောင်းပြီး ထွက်ခွာသွားခဲ့ရတယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဗားမောင့်မှာရှိတဲ့ နှင်းလျှောစီး အပန်းဖြေ စခန်းနားမှာ စုဝေးနေတဲ့ ဆန္ဒပြသူ တချို့ကတော့ ဗန့်စ်ဟာ နှင်းလျှောစီးချင်ရင် ရုရှားကို သွားလို့ ပြောပါတယ်။ ဒါက ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေးကို အကြောင်းပြပြီး ထရမ့်နဲ့ ဗန့်စ်ရဲ့ အစိုးရက ရုရှားကို တိုက်ရိုက် ချိတ်ဆက် ဆွေးနွေးခဲ့တဲ့ လုပ်ရပ်ကို ရည်ရွယ်ပြီး ရှုတ်ချခြင်းလည်း ဖြစ်ပါတယ်။ ဒီတော့ ဗန့်စ်ဟာ နှင်းလျှောစီးချင်ရင် ရုရှားကိုပဲ သွားသင့်ကြောင်း၊ ဗားမောင့်မှာ သူ့အတွက် မိတ်ဆွေ မရှိကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အိမ်ဖြူတော်မှာ ဇီလန်စကီးနဲ့ ကတောက်ကဆ ဖြစ်ခဲ့တဲ့ ကိစ္စအပြီး ဗားမောင့်အပြင် မတ်လ ၁ ရက်နေ့တုန်းက နယူးယောက်၊ လော့စ်အန်ဂျလိစ်၊ ဘော်စတွန်တို့လို မြို့တွေမှာလည်း အမေရိကန် အစိုးရရဲ့ လုပ်ဆောင်ချက်ကို ကန့်ကွက်ပြီး ယူကရိန်းကို လိုလားထောက်ခံတဲ့ ဆန္ဒပြ ချီတက်ပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ထရမ့်ဟာ အိမ်ဖြူတော်မှာ ပြဿနာ တက်ခဲ့ချိန်တုန်းက ဇီလန်စကီးကို ရုရှားနဲ့ အပေးအယူလုပ် သဘောတူညီမှု တစ်ခု ရယူဖို့ ဖိအားပေးခဲ့ပြီး မဟုတ်ရင် အမေရိကန်ဟာ ယူကရိန်း အရေး ပါဝင်ပတ်သက်နေမှုကနေ နုတ်ထွက်တော့မယ်လို့ အကျပ်ကိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဇီလန်စကီးဟာ တတိယ ကမ္ဘာစစ် ဖြစ်နိုင်ခြေနဲ့ အလောင်းအစား လုပ်နေတယ်လို့တောင် ထရမ့်က စွပ်စွဲခဲ့ပါသေးတယ်။

အိမ်ဖြူတော် ဘဲဥပုံ ရုံးခန်းထဲက မီဒီယာသမားတွေ ရှေ့မှောက်မှာ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့တဲ့ အငြင်းအခုံကို ဗန့်စ်က အစပြုခဲ့တယ်လို့ ဝေဖန်မှုတွေ ရှိနေပြီး အမေရိကန် ဒုတိယ သမ္မတဟာ စည်းကျော်တဲ့ စကားတွေ ပြောခဲ့တယ်လို့ ဗားမောင့် ဒေသခံ ဆန္ဒပြသူ တစ်ဦးဖြစ်တဲ့ ကော်ရီ ဂီရော့စ်က စွပ်စွဲခဲ့ပါတယ်။

မတ်လ ၁ ရက်နေ့တုန်းက သီးခြား အခြေအနေ တစ်ခုအဖြစ် အမေရိကန် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ် ပိုင်ဆိုင်ရာ Tesla လျှပ်စစ်ကား အရောင်းဆိုင် တချို့ရှေ့မှာ စုဝေး ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။ မတ်စ်ခ်ဟာ ထရမ့်ရဲ့ အဓိက အကြံပေး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သလို ထရမ့်က အစိုးရ အသုံးစရိတ်တွေ လျှော့ချဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားစေတဲ့ အစိုးရ လုပ်ငန်းလည်ပတ်မှု ထိရောက်စေရေးဌာန (DOGE)ကို အဓိက မောင်းနှင်နေပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။