Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် ကုန်စည်တွေကို အခွန်တိုးကောက်မယ့် ထရမ့်ရဲ့ အစီအစဉ်ကို တရုတ် တုံ့ပြန်

ပို့ကုန်တွေအပေါ် အမေရိကန်ရဲ့ အခွန်တိုးကောက်မှုကို တရုတ်က ချက်ချင်း လက်တုံ့ပြန်ပြီး အမေရိကန်ကနေ တင်သွင်းတဲ့ ကုန်စည်တွေကို အခွန် ၁ဝ ကနေ ၁၅ ရာခိုင်နှုန်းထိ တိုးကောက်မယ်လို့ ကြေညာခဲ့ပါတယ်။

ပို့ကုန်တွေအပေါ် အမေရိကန်ရဲ့ အခွန်တိုးကောက်မှုကို တရုတ်က ချက်ချင်း လက်တုံ့ပြန်ပြီး အမေရိကန်ကနေ တင်သွင်းတဲ့ ကုန်စည်တွေကို အခွန် ၁ဝ ကနေ ၁၅ ရာခိုင်နှုန်းထိ တိုးကောက်မယ်လို့ ကြေညာခဲ့ပါတယ်။

အမေရိကန်ထုတ် စိုက်ပျိုးရေးနဲ့ စားသောက်ကုန်စည် တချို့ကို အဲဒီလို အခွန်စည်းကြပ်မှုတွေ တိုးမြှင့် သတ်မှတ်မယ်လို့ မတ်လ ၄ ရက်နေ့မှာ တရုတ်က ကြေညာခဲ့တာပါ။ ဒါတင် မကသေးဘဲ အမေရိကန် စီးပွားရေး လုပ်ငန်း ၂၅ ခုကိုလည်း တရုတ်က ပို့ကုန်နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ပိတ်ပင် စာရင်းထဲ ထည့်သွင်း သတ်မှတ်လိုက်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ တရုတ်ရဲ့ သွင်းကုန် တချို့အပေါ် ၁၀ ရာခိုင်နှုန်း အခွန်တိုးမြှင့်ထားပြီး နောက်ထပ် ၁၀ ရာခိုင်နှုန်း ထပ်တိုးမယ်လို့ ခြိမ်းခြောက်ထားခဲ့ပါတယ်။ အဲဒီ ခြိမ်းခြောက်မှုဟာ မတ်လ ၄ ရက်နေ့မှာ စတင် အသက်ဝင်ပြီးတဲ့နောက် တရုတ်ကလည်း တုံ့ပြန်မယ့် အစီအစဉ်တွေကို ခပ်မြန်မြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်က တရုတ်ဟာ မူးယစ်ဆေးဝါး မှောင်ခို ကွန်ရက်တွေကို ထိထိရောက်ရောက် ချိုးနှိမ် တိုက်ဖျက်မှု မရှိဘူးဆိုတဲ့ စွပ်စွဲချက်နဲ့အတူ အိမ်ဖြူတော်က အဲဒီအခြေအနေကို ဒဏ်ခတ်တဲ့ သဘောအဖြစ် တရုတ် သွင်းကုန်တချို့အပေါ် အခွန် ၂၀ ရာခိုင်နှုန်း မြှင့်တင် ကောက်ခံခဲ့တာပါ။

Public Service Announcement

Public Service Announcement

တရုတ်ကလည်း အမေရိကန်ကနေ တင်သွင်းလာတဲ့ ကြက်သား၊ ဝက်သား၊ အမဲသား၊ ရေထွက်ပစ္စည်းတွေ၊ သီးနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ နို့ထွက်ပစ္စည်းတွေကို အခွန် ၁၅ ရာခိုင်နှုန်းထိ ထပ်တိုး ကောက်ခံမှာဖြစ်ပြီး အဲဒီ ဆုံးဖြတ်ချက်ဟာ မတ်လ ၁၀ ရက်နေ့မှာ အသက်ဝင်လာမယ်လို့ ပြောပါတယ်။

အမေရိကန်က အခွန်တွေကို တစ်ဖက်သတ် တိုးချင်သလို တိုးမြှင့်နေတာဟာ ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ကြီး (WTO)ရဲ့ သတ်မှတ် စည်းမျဉ်းတွေကို အတိအလင်း ချိုးဖောက်ရာလည်း ရောက်တယ်လို့ တရုတ် စီးပွားရေး ဝန်ကြီးဌာနက အခု အခွန်စည်းကြပ်မှုနဲ့ မပတ်သက်တဲ့ သီးခြား ထုတ်ပြန်ချက်ထဲမှာ စွပ်စွဲသွားခဲ့ပါတယ်။

ထရမ့်ဟာ အိမ်နီးချင်း နှစ်နိုင်ငံဖြစ်တဲ့ ကနေဒါနဲ့ မက္ကဆီကိုရဲ့ သွင်းကုန်တချို့အပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မယ့် ကိစ္စကို ဆိုင်းငံ့ထားရာကနေ မတ်လ ၄ ရက်နေ့မှာ စတင် ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။

ထရမ့်ရဲ့ အခွန်စည်းကြပ်မှု တိုးမြှင့်မယ့် ဆုံးဖြတ်ချက်အတွက် အကျုံးဝင်မယ့် အမေရိကန်ရဲ့ ပို့ကုန်သွင်းကုန် အမျိုးအစားတွေဟာ ကုန်သွယ်ရေးတန်ဖိုး ဒေါ်လာ ၂.၂ ထရီလီယံလောက်ထိ များပြားနိုင်တယ်လို့လည်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။