Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းနဲ့ ထောက်လှမ်းရေး သတင်း ဝေမျှမှုတွေကို အမေရိကန် ဆိုင်းငံ့

ယူကရိန်းနဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ ဝေမျှနေမှုကို ဆိုင်းငံ့ထားပြီဖြစ်ကြောင်း အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ မိုက်ခ်ဝဲ့လ်ဇ်က အတည်ပြု ပြောကြားလိုက်ပါတယ်။

ယူကရိန်းနဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ ဝေမျှနေမှုကို ဆိုင်းငံ့ထားပြီဖြစ်ကြောင်း အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ မိုက်ခ်ဝဲ့လ်ဇ်က အတည်ပြု ပြောကြားလိုက်ပါတယ်။

အဲဒီ အခြေအနေက အမေရိကန်နဲ့ ယူကရိန်းကြား အေးခဲလာတဲ့ စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပြန်လည် အဖတ်ဆယ်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို ပိုပြီး ပါးလျလာစေခဲ့ပါတယ်။

ထောက်လှမ်းရေး သတင်းအချက်အလက် ဝေမျှမှု ဆိုင်းငံ့လိုက်တဲ့ ကိစ္စကို ဝဲ့လ်ဇ်က အတည်ပြုခဲ့ပြီး အမေရိကန်ဖက်က ခြေလှမ်းတစ်ခု ပြန်ဆုတ်ထားလိုက်တယ်လို့ မတ်လ ၅ ရက်နေ့တုန်းက သတင်းထောက်တွေကို မှတ်ချက်ပေးခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမေရိကန် အစိုးရဟာ လက်ရှိ ဆက်ဆံရေး ပုံစံကို ဆိုင်းငံ့ထားပြီး ရှုထောင့်ပေါင်းစုံကနေ ပြန်လည် ချဉ်းကပ် သုံးသပ်သွားမှာ ဖြစ်တယ်လို့ ဝဲ့လ်ဇ်က ဆိုပါတယ်။ အမေရိကန်ဟာ ယူကရိန်းဆီ ပေးပို့နေတဲ့ စစ်ရေး အထောက်အပံ့ အားလုံးကိုလည်း အခု သီတင်းပတ်ထဲမှာ ဆိုင်းငံ့ထားခဲ့ပြီး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေးဆိုင်ရာ အတွေးအမြင်တွေနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်မှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ ထရမ့်၊ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်တို့နဲ့ လူသိရှင်ကြား စကားများခဲ့တဲ့နောက် အမေရိကန်ဖက်က အခုလိုမျိုး ဆက်ဆံရေး ဖြတ်တောက်မှုတွေကို ဆက်တိုက် လုပ်ဆောင်လာနေတာပါ။

ဇီလန်စကီးကတော့ နောက်ပိုင်းမှာ အဲဒီကိစ္စအတွက် နောင်တရကြောင်း ပြောပြီး ထရမ့်ရဲ့ အားကောင်းတဲ့ ဦးဆောင်မှုအောက်မှာ ယူကရိန်းဟာ စစ်ပွဲ ရပ်ဆိုင်းရေး အားထုတ်မှုတွေကို လိုက်လျော လက်ခံမယ်လို့ ပြောကြားခဲ့ပေမယ့် အမေရိကန်ဖက်ကတော့ တင်းမာမှုကို မလျှော့သေးပါဘူး။

ယူကရိန်းနဲ့ ထောက်လှမ်းရေး အချက်အလက် ဝေမျှမှုကို လျှော့ချလိုက်တဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ အကန့်အသတ်နဲ့လား၊ ထောက်လှမ်းရေးဆိုင်ရာ ဆက်ဆံမှုအားလုံး အကျုံးဝင်သလား ဆိုတာကို မသိရသေးသလို ဘယ်လောက်ထိ ကြာမလဲ ဆိုတာလည်း မသေချာသေးပါဘူး။

အမေရိကန်ရဲ့ CIA ထောက်လှမ်းရေးဌာန အကြီးအကဲ ဂျွန်ရက်ကလစ်ဖ်ကလည်း သမ္မတ ထရမ့်ဟာ ဇီလန်စကီး အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုအပေါ် ဘယ်လောက် စိတ်အားထက်သန်ပေးနိုင်မလဲ ဆိုတာကို သိချင်နေကြောင်း၊ လောလောဆယ်တော့ လုပ်စရာ ကိစ္စတချို့ကို ဆိုင်းငံ့ထားရင်း အဲဒီကိစ္စကို ယူကရိန်းဖက်က ပြန်စဉ်းစားဖို့ အခွင့်အရေး ပေးထားကြောင်း Fox သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ ဒါဟာ ထောက်လှမ်းရေး သတင်းအချက်အလက် ဝေမျှမှုတွေ ပူးပေါင်းဆောင်ရွက်တာကို ဆိုင်းငံ့ထားကြောင်း သွယ်ဝိုက် အတည်ပြုမှုအဖြစ် ယူဆရပါတယ်။

သူက ယူကရိန်းနဲ့ အမေရိကန်ကြား ပြန်ပြီး ရင်ကြားစေ့နိုင်မယ့် အလားအလာမျိုးကိုတော့ အရိပ်အမြွက် ပြောကြားသွားခဲ့ပြီး နှစ်ဖက်ကြား ယုံကြည်မှု တည်ဆောက်နိုင်လောက်မယ့် အခြေအနေတွေ စားပွဲဝိုင်းဆီ ရောက်လာမယ်ဆိုရင် သမ္မတ ထရမ့်ဟာ အခုဆိုင်းငံ့မှုတွေကို ဖယ်ရှားပေးဖို့ ငဲ့ကြည့်လာလောက်တယ်လို့ ပြောကြားသွားပါတယ်။

ယူကရိန်းဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံခဲ့ရာမှာ အမေရိကန်ဆီက စစ်ရေး အထောက်အပံ့တွေအပေါ် အကြီးအကျယ် မှီခိုခဲ့ရပြီး ထရမ့်က အမေရိကန် သမ္မတ ဖြစ်လာချိန်မှာတော့ ခက်ခက်ခဲခဲ ရုန်းကန်ရတဲ့ အနေအထား ရောက်လာပါတယ်။ ထရမ့်ဟာ ကျူးကျော်သူ ရုရှားနဲ့ တိုက်ရိုက်ဆွေးနွေးပြီး စစ်ပွဲရပ်ဆိုင်းရေး အဖြေရှာဖို့ ယူကရိန်းကို တောင်းဆိုနေပြီး တစ်ဖက်မှာလည်း ဇီလန်စကီး ခေါင်းမမာနိုင်အောင်လို့ တခြားနည်းလမ်းတွေနဲ့ပါ ဖိအားပေးလာခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။