Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်နဲ့ ယူကရိန်း ဆွေးနွေးမှုတွေ ပြန်စမယ်လို့ အတည်ပြု

လာမယ့် သီတင်းပတ်မှာ ပြုလုပ်မယ့် အမေရိကန်-ယူကရိန်း ကိုယ်စားလှယ်တွေ တွေ့ဆုံမှုဟာ အဓိပ္ပါယ် ပြည့်ဝတဲ့ ဆွေးနွေးမှုတွေ ဖြစ်လာဖို့ မျှော်လင့်ထားကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

လာမယ့် သီတင်းပတ်မှာ ပြုလုပ်မယ့် အမေရိကန်-ယူကရိန်း ကိုယ်စားလှယ်တွေ တွေ့ဆုံမှုဟာ အဓိပ္ပါယ် ပြည့်ဝတဲ့ ဆွေးနွေးမှုတွေ ဖြစ်လာဖို့ မျှော်လင့်ထားကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

ဆော်ဒီအာရေးဘီးယားမှာ ယူကရိန်းနဲ့ ဆွေးနွေးဖို့ ကိုယ်စားလှယ် အဖွဲ့တစ်ခု စေလွှတ်သွားမယ်လို့ အမေရိကန်က ကြေညာခဲ့တဲ့နောက် ဇီလန်စကီးက အခုလို မှတ်ချက် ပေးခဲ့တာပါ။ အဲဒီ ဆွေးနွေးမှု အတောအတွင်း ဇီလန်စကီးဟာ ဆော်ဒီမှာ ရှိနေမှာ ဖြစ်ပေမယ့် ဆွေးနွေးပွဲမှာတော့ ကိုယ်တိုင် ပါဝင်မှာ မဟုတ်ပါဘူး။ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကိုတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝ်ကော့ဗ်က ဦးဆောင်သွားမှာပါ။

ဖေဖော်ဝါရီ လကုန်ပိုင်းက အိမ်ဖြူတော်မှာ ဇီလန်စကီးနဲ့ ထရမ့်တို့ကြား လူသိရှင်ကြား စကားအခြေအတင် ဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း နှစ်နိုင်ငံကြား ဆွေးနွေးမှု လမ်းကြောင်းပေါ် ပြန်တက်လာတာလည်း ဖြစ်ပါတယ်။ ဒီအတောအတွင်း အမေရိကန်ဟာ ယူကရိန်းအတွက် စစ်ရေး အထောက်အပံ့တွေနဲ့ ထောက်လှမ်းရေး သတင်းအချက်အလက် ဝေမျှမှုတွေကိုလည်း ဆိုင်းငံ့ထားခဲ့ပါတယ်။

မတ်လ ၆ ရက်နေ့မှာတော့ ဇီလန်စကီးဟာ ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဥရောပ နိုင်ငံတွေရဲ့ အရေးပေါ် ကာကွယ်ရေး အစီအမံတွေ ညှိနှိုင်း ဆွေးနွေးမှု အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဇီလန်စကီးက သူဟာ အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ခုကို မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်နိုင်ဖို့ လိုလားကြောင်း ပြောကြားခဲ့ပါတယ်။

မတ်လ ၆ ရက်နေ့မှာပဲ ဝစ်ကော့ဖ်က သမ္မတ ထရမ့်ဟာ ဇီလန်စကီးဆီကနေ တောင်းပန်မှုနဲ့ ကျေးဇူးသိမှုကို ဖော်ပြတဲ့ စာတစ်စောင် လက်ခံရရှိထားခဲ့တယ်လို့ ကြေညာပါတယ်။ အမေရိကန်ကလည်း ယူကရိန်းနဲ့ ပတ်သက်ရင် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ပြီး ကိစ္စအားလုံး မူမှန် ဖြစ်လာဖို့ မျှော်လင့်ပါတယ်လို့ ဝစ်ကော့ဖ်က ဆိုတယ်။

ထရမ့်ကိုယ်တိုင်ကတော့ သူနဲ့ဇီလန်စကီးရဲ့ လူသိရှင်ကြား စကားများမှုအပြီး ယူကရိန်းနဲ့ ဆွေးနွေးမှုတွေ ပြန်လည် စတင်ဖို့ ကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

နောက်တစ်ပတ်အတွင်း ဆော်ဒီမှာ အမေရိကန်နဲ့ ယူကရိန်းတို့ ဆွေးနွေးကြမယ့် ကိစ္စကို ဇီလန်စကီးက ဘရပ်ဆဲလ်မြို့ အစည်းအဝေး တက်ရောက်ပြီးတဲ့နောက် လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသား အတည်ပြုထားခဲ့ပါတယ်။ အမေရိကန်နဲ့ ယူကရိန်း အဖွဲ့တွေဟာ အတူပြန်လည် အလုပ်လုပ်နေပြီ ဖြစ်ကြောင်း၊ လာမယ့် သီတင်းပတ်မှာတော့ အဓိပ္ပါယ် ပြည့်ဝတဲ့ ဆွေးနွေးမှုတွေ ဖြစ်လာနိုင်ကြောင်း သူက ဆိုပါတယ်။

သူက ရုရှားအနေနဲ့ စစ်ပွဲဟာ အမှန်တကယ် ရပ်ဆိုင်းဖို့ လိုအပ်နေပြီ ဆိုတာကို လက်ခံလာအောင် ဝိုင်းဝန်း ဖိအားပေးကြဖို့လည်း နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုသွားခဲ့ပါတယ်။

ဒီအတောအတွင်း ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ယူကရိန်းမှာ အပစ်အခတ် ရပ်စဲရေး အစီအမံ တစ်ခုကိုလည်း အဆိုပြုထားပြီး ကနဦး အဆင့်အဖြစ် ဝေဟင်၊ ရေပြင်က စစ်ပွဲတွေ၊ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေနဲ့ အရပ်ဖက် အဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေ အားလုံး ရပ်နားဖို့ဆိုတာ ပါဝင်နေပါတယ်။ ဇီလန်စကီးက အဲဒီ အဆိုပြုချက်ကို လက်ခံ ကြိုဆိုထားပေမယ့်လည်း ရုရှားဖက်ကတော့ ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။