Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်သမ္မတ ရှီရဲ့ အဂတိ တိုက်ဖျက်ရေး အစီအမံတွေက ထိုင်ဝမ်ကို ကျူးကျော်ဖို့ အထောက်အပံ့ ဖြစ်စေဖွယ်ရှိ

တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အဂတိ တိုက်ဖျက်ရေး စီမံကိန်းတွေဟာ ထိုင်ဝမ်ကို ကျူးကျော်တဲ့ စစ်ပွဲအတွက် ပိုမိုကောင်းမွန်တဲ့ ပြင်ဆင်မှုတွေ ဖြစ်လာစေနိုင်တယ်လို့ အမေရိကန်က သုံးသပ်ထားပါတယ်။

တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အဂတိ တိုက်ဖျက်ရေး စီမံကိန်းတွေဟာ ထိုင်ဝမ်ကို ကျူးကျော်တဲ့ စစ်ပွဲအတွက် ပိုမိုကောင်းမွန်တဲ့ ပြင်ဆင်မှုတွေ ဖြစ်လာစေနိုင်တယ်လို့ အမေရိကန်က သုံးသပ်ထားပါတယ်။

ရှီဟာ တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ် (PLA)ရဲ့ အတွင်းပိုင်းမှာ အဂတိ ပြဿနာတွေကို ရှင်းလင်းမယ်လို့ ကြွေးကြော်ပြီး အဂတိ ဖြိုခွင်းရေးတွေကို ဆယ်စုနှစ်နဲ့ချီ အကောင်အထည် ဖော်လာခဲ့ပါတယ်။ အဲဒီ အားထုတ်မှုတွေရဲ့ ဆက်စပ် ရည်ရွယ်ချက် တစ်ခုကတော့ PLAရဲ့ စစ်ရေးနည်းပညာတွေကို ထိထိရောက်ရောက် အဆင့်မြှင့်တင် ချဲ့ထွင်ဖို့ အတွက်လည်း ဖြစ်ပါတယ်။ ဒီအားထုတ်မှုဟာ ၂၀၂၇ ခုနှစ်မှာ ထိုင်ဝမ်ကျွန်းကို စစ်အင်အားသုံး သိမ်းယူဖို့ဆိုတဲ့ တရုတ်ရဲ့ မဟာဗျူဟာ ရည်မှန်းချက် အထမြောက်ဖို့ ပိုမို နီးစပ်လာစေတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထုတ်ပြန်တဲ့ အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာ တစ်စောင်က ဖော်ပြထားပါတယ်။

မတ်လ ၂၀ ရက်နေ့ ရက်စွဲနဲ့ အစီရင်ခံစာကို အမေရိကန်ရဲ့ အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားမှုရုံး (DNI)က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အစီရင်ခံစာထဲမှာတော့ တရုတ်ရဲ့ အစိုးရ အရာရှိ ၆၅ ရာခိုင်နှုန်းနဲ့ အထက်ဟာ အဂတိ၊ ဒါမှမဟုတ် လာဘ်ပေးလာဘ်ယူ ကိစ္စတွေကို အနည်းနဲ့အများ ပတ်သက်ခဲ့ဖူးတယ်လို့ ယုံကြည်ရကြောင်း ဖော်ပြထားပါတယ်။

ရှီဟာ ၂၀၁၂ ခုနှစ်မှာ တရုတ်သမ္မတ ဖြစ်လာကတည်းက PLA၊ အစိုးရအဖွဲ့နဲ့ အာဏာရ ကွန်မြူနစ်ပါတီ (CCP)ထဲက အဂတိ ကိစ္စတွေကို အင်တိုက်အားတိုက် ဖြိုခွင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်းတလျှောက် တရုတ်မှာ စစ်ဆေးခံရသူ အမှုထမ်း ၅ သန်းလောက်ဟာ အဂတိ လိုက်စားမှု စွပ်စွဲချက်တွေအတွက် အပြစ်ရှိတယ်လို့ ဖော်ထုတ် တွေ့ရှခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

PLAရဲ့ ထိပ်တန်း ဗိုလ်ချုပ်တွေနဲ့ CCPရဲ့ အကြီးအကဲတွေပါ အဂတိ စွပ်စွဲချက်တွေနဲ့ ဖယ်ရှားခံရတာတွေ ရှိခဲ့တဲ့နောက် စစ်ရေးဆိုင်ရာ အဆင့်မြှင့် တည်ဆောက်မှုတွေ ပိုမို အားကောင်းလာစေတဲ့အပြင် ပါတီထဲမှာလည်း ရှီရဲ့ ဗဟိုချုပ်ကိုင်ခွင့်ကို ပိုမို တန်ခိုးထွားလာစေတယ်လို့ အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာက ထောက်ပြထားပါတယ်။ ဒီအခြေအနေတွေဟာ ထိုင်ဝမ်ကို ကျူးကျော်စစ်ပြုပြီး သိမ်းသွင်းလာနိုင်တဲ့ ရှီရဲ့ ရည်မှန်းချက်တွေကို ပိုမို အားကောင်းလာစေနိုင်ပါတယ်။

ရှီဟာ တရားဝင် အမိန့်ပေးထားတာမျိုး မဟုတ်ပေမယ့် ၂၀၂၇ ခုနှစ်ကျရင် ထိုင်ဝမ်ကျွန်းကို သိမ်းယူဖို့ လုံလောက်တဲ့ စစ်အင်အားနဲ့ အရင်းအမြစ်မျိုး PLAက အသင့်အနေအထား ပိုင်ဆိုင်နေအောင် ရည်ရွယ်ထားကြောင်း နိုင်ငံရေး သုတေသီတွေက ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားပါတယ်။

အဂတိမှုတွေကို ရှင်းထုတ်ခြင်းဟာ PLAက စစ်လက်နက် ပစ္စည်းတွေ ဖြည့်တင်း ဝယ်ယူမှုကို ပိုပြီး ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ တွန်းအားတစ်ရပ်လည်း ဖြစ်လာစေတယ်လို့ အမေရိကန်ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတုန်းက ရှီဟာ PLAကို ၂၀၂၇ ခုနှစ်ကျရင် ကမ္ဘာ့ ခေတ်အမီဆုံး စစ်တပ်တွေထဲက တစ်ခုအဖြစ် တည်ဆောက်ထားနိုင်ဖို့ ရည်ရွယ်ကြောင်း ကြေညာခဲ့ပြီး ဒါဟာ ထိုင်ဝမ်ကို ကျူးကျော်ဖို့ ဆိုလိုတာ ဖြစ်နိုင်ကြောင်း အများစုကတော့ အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။

တရုတ်အစိုးရဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ပြီး လိုအပ်လာရင် စစ်အင်အားသုံး သိမ်းယူမယ်လို့ အစဉ်တစိုက် ခြိမ်းခြောက်ထားပါတယ်။ ဒီမိုကရေစီ ထွန်းကားပြီး ကိုယ်ပိုင် နိုင်ငံရေး စနစ်နဲ့ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကတော့ သီးခြားလွတ်လပ်တဲ့ ရပ်တည်မှုကိုသာ လိုလားနေပါတယ်။

ကိုးကား: Focus Taiwan

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။