Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရဲ့ တောင်းဆိုမှုတွေကို အမေရိကန် လွယ်လွယ် မလိုက်လျောဖို့ မျှော်လင့်ကြောင်း ယူကရိန်း သမ္မတပြော

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ညှိနှိုင်း ဆွေးနွေးမှုတွေမှာ အမေရိကန် အနေနဲ့ ရုရှား တောင်းဆိုသမျှကို အလွယ်တကူ မလိုက်လျောဖို့ မျှော်လင့်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ညှိနှိုင်း ဆွေးနွေးမှုတွေမှာ အမေရိကန် အနေနဲ့ ရုရှား တောင်းဆိုသမျှကို အလွယ်တကူ မလိုက်လျောဖို့ မျှော်လင့်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ရုရှားအပေါ် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက သတ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးရေး အပါအဝင် ရုရှားဖက်က အလွန်အကျွံ တောင်းဆိုမှုတွေ ရှိလာရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အနေနဲ့ မာမာထန်ထန် ရပ်တည်ပေးဖို့ သူ့အနေနဲ့ မျှော်လင့်ထားတယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

အမေရိကန်ရဲ့ ကြားဝင် ညှိနှိုင်းပေးမှုနဲ့အတူ ပင်လယ်နက်မှာ ရုရှားနဲ့ ယူကရိန်းတို့ကြား ရေတပ် တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ သဘောတူညီခဲ့တဲ့နောက် ဇီလန်စကီးက အခုလို ပြောကြားခဲ့တာပါ။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ BBC သတင်းဌာနက အမေရိကန် အနေနဲ့ ရုရှား တောင်းဆိုမှုတွေကို ကြံ့ကြံ့ခံနေနိုင်သလားလို့ မေးတဲ့အခါ ဇီလန်စကီးက အဲဒီလို မျှော်လင့်ကြောင်း၊ ဘုရားသခင် ကောင်းချီးပေးမှုနဲ့အတူ အမေရိကန်က အဲဒီလို ရပ်တည်စေချင်ကြောင်း၊ ဒါပေမဲ့ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖြေကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

အခုသီတင်းပတ် အစောပိုင်းတုန်းက အိမ်ဖြူတော်ဟာ ပင်လယ်နက်မှာ အပစ်ရပ်ရေးကိစ္စ ရုရှားရော၊ ယူကရိန်းကပါ အသီးသီး သဘောတူညခဲ့ကြတယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ နာရီပိုင်း အကြာမှာပဲ ကရင်မလင် နန်းတော်ဖက်က ထုတ်ပြန်ချက်တစ်ခု ထွက်ပေါ်လာပြီး အဲဒီမှာတော့ အပစ်ရပ် သဘောတူညီမှုဟာ ရုရှားရဲ့ စိုက်ပျိုးရေး ထုတ်ကုန်နဲ့ ဓာတ်မြေဩဇာ ကုန်သွယ်ခွင့်တွေအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ပယ်ဖျက်ပြီးမှ စတင်လာမှာ ဖြစ်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

ထရမ့်ကတော့ အမေရိကန်ဟာ အရေးယူ ပိတ်ဆို့မှုတွေ ဖယ်ရှားပေးဖို့ ရုရှားဆီက တောင်းဆိုမှုကို စောင့်ကြည့် လေ့လာနေတယ်လို့ ပြောကြားထားပေမယ့် ဥရောပ သမဂ္ဂ (EU)ကတော့ ယူကရိန်း ပိုင်နက်အဖြစ် နိုင်ငံတကာ အသိအမှတ် ပြုထားတဲ့ နယ်မြေတွေကနေ ရုရှားတပ်တွေ ခြွင်းချက်မရှိ မဆုတ်ခွာမချင်း အရေးယူ ပိတ်ဆို့မှုတွေကို ပယ်ဖျက်ပေးမှာ မဟုတ်ကြောင်း ပြောကြားထားပါတယ်။

ဇီလန်စကီးက သူ့အနေနဲ့ အမေရိကန်ရဲ့ နှစ်ဖက်ညှိနှိုင်းပေးမှုတွေကို အထူးကျေးဇူးတင်မိပေမယ့် တစ်ဖက်မှာလည်း ရုရှားရဲ့ အလိမ်အညာတွေကို နားယောင်မိတာမျိုး ရှိနေမှာကို စိုးရိမ်ကြောင်း၊ အဲဒီ စကားတွေကို လက်ခံမိလို့ မရကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။