Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံတကာ ဥပဒေတွေဟာ ဂါဇာမှာလည်း အဖွဲ့အစည်းအားလုံးအပေါ် တူတူညီညီ သက်ရောက်ရမယ်လို့ အမေရိကန်ပြော

နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေဟာ ဂါဇာ ကမ်းမြှောင်ဒေသမှာလည်း ပတ်သက် ဆက်နွှယ်တဲ့ အဖွဲ့အစည်း အားလုံးအပေါ် တူတူညီညီ သက်ရောက်ဖို့ လိုတယ်လို့ အမေရိကန်က ပြောကြားလိုက်ပါတယ်။

Reuters

နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေဟာ ဂါဇာ ကမ်းမြှောင်ဒေသမှာလည်း ပတ်သက် ဆက်နွှယ်တဲ့ အဖွဲ့အစည်း အားလုံးအပေါ် တူတူညီညီ သက်ရောက်ဖို့ လိုတယ်လို့ အမေရိကန်က ပြောကြားလိုက်ပါတယ်။

အမေရိကန်ရဲ့ မဟာမိတ် အစ္စရေး နိုင်ငံရဲ့ စစ်တပ် (IDF)ဟာ ကုလသမဂ္ဂ အရာရှိတစ်ဦး၊ ရှေးဦးသူနာပြု ဝန်ထမ်းတွေနဲ့ အရပ်ဖက် လုံခြုံရေး လုပ်အားပေးတွေ စုစုပေါင်း လူ ၁၅ ဦးကို ဂါဇာမှာ သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အမေရိကန်က အခုလို သဘောထား မှတ်ချက်ပေးခဲ့တာပါ။

ဒါပေမဲ့ IDF တပ်ဖွဲ့ဝင်တွေက တရားလက်မဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ အမြင်ကိုတော့ အမေရိကန် အစိုးရဖက်က ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။

ဂါဇာမှာ IDFက တရားလက်မဲ့ သတ်ဖြတ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းတဲ့အခါ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး တမ်မီ ဘရုစ်က ဂါဇာမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ ကိစ္စ တစ်ခုစီတိုင်းရဲ့ ဇစ်မြစ် အကြောင်းတရားဟာ ဟားမားစ်တွေ ဖြစ်တယ်ဆိုတာ မမေ့ဖို့လိုကြောင်း ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂ လူသားချင်း စာနာမှု အေဂျင်စီကတော့ လူနာတင်ယာဉ် ၅ စီးနဲ့ မီးသတ်ကား ၁ စီးတို့ဟာ မတ်လ ၂၃ ရက်နေ့က တစ်စီးချင်းစီ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသူ ၁၅ ဦးရဲ့ အလောင်းတွေကို စုပြုံမြှုပ်နှံ ခံခဲ့ရတယ်လို့ စွပ်စွဲထားပါတယ်။

IDFကတော့ အဲဒီ ယာဉ်တွေဟာ ရှေ့မီးကြီးတွေနဲ့ အရေးပေါ် အချက်ပြ မီးတန်းတွေ မပါဘဲ မောင်းနှင်လာခဲ့ပြီး မသင်္ကာစရာ အခြေအနေမျိုးနဲ့ ရှေ့တိုးလာနေတာကြောင့် တားဆီး ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

အဲဒီ ဖြစ်စဉ်မှာ ဟားမားစ် အဖွဲ့သား တစ်ယောက်နဲ့ တခြားစစ်သွေးကြွတွေကိုပါ သုတ်သင်နိုင်ခဲ့တယ်လို့ IDFက ပြောပေမယ့် အလောင်းတွေကို ဘာကြောင့် စုပြုံမြှုပ်နှံထားသလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ ရှင်းမပြနိုင်သေးပါဘူး။

ဂါဇာက လူသားချင်း စာနာမှု လုပ်ငန်းတွေကို ဦးဆောင်နေသူ ကုလသမဂ္ဂ အရာရှိ ဂျိုနသန် ဝှစ်တဲလ်က အလောင်းတွေ စုမြှုပ်ထားတဲ့ နေရာကို ပစ်ခတ်ခံရတဲ့ လူနာတင်ယာဉ် တစ်စီးဆီက အချက်ပြ မီးတန်းနဲ့ သင်္ကေတ အမှတ်အသား ထားရှိထားတာ တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

ဂါဇာမှာ နှစ်လလောက် ကြာမြင့်တဲ့ အပစ်အခတ် ရပ်စဲမှုဟာ မတ်လ ၁၈ ရက်နေ့မှာ အစ္စရေးက ပြန်လည် စတင်လာတဲ့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ ပျက်ပြယ်သွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၁၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဟားမားစ်တွေရဲ့ လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။